သတင်း

ပုလဲမှာ PDF ခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် တနယ်ရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦး လည်ပင်းလှီးသတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ  ရက်နေ့ မနက် ၅နာရီလောက်မှာ အင်မထီး ပျူစောထီးစခန်းကနေ ၆ မိုင်အကွာမှာရှိတဲ့ တနယ်ရွာကို စစ်ကောင်စီတပ်ရဲ့အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာချိန် ရွာမြောက်ဘက်မှာလုံခြုံရေးယူနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အတွေ့မှာ ပကဖ ခေါင်းဆောင်က ဖမ်းဆီးခံခဲ့ရပြီး သတ်ဖြတ်ခံလိုက်ရတာလို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

မနက်ကင်းစောင့်ရင်းမိတာလို့သိရတယ် စစ်တပ်က မနက်စောစောထွက်လာပြီး ပကဖကင်းစောင့်နေတဲ့ နေရာကိုဝိုင်းလိုက်တာ ဝိုင်းပြီး အဲ့မှာ ပကဖခေါင်းဆောင်ကမိသွားတာကျန်တဲ့ကလေးတွေကတော့ လွတ်သွားတယ်။ အဲ့မှာရိုက်နှက်စစ်ဆေးပြီးတော့လည်နောက်စိကို ဓားနဲ့လှီးပြီးသတ်ပစ်ခဲ့တာလို့ပြောပါတယ်။

အဲ့ဒီနောက်မှာတော့ စစ်ကြောင်းဟာ တနယ်ရွာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်စီးနင်းကာ တနယ်ရွာဘုန်းကြီးကျောင်း မှာတပ်စွဲညအိပ်ခဲ့ကြပြီးတော့ ဩဂုတ်လ၃ရက်နေ့ မနက်၄နာရီလောက်မှာတော့တနယ်ရွာက နေအိမ်၉လုံးကိုမီးရှို့ဖျက်ဆီးပြီး မင်းတိုင်ပင်ရွာကို ထွက်ခွာသွားခဲ့ တယ်လို့ သူကဆက်ပြော ပါတယ်။

လက်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ရွာစဉ်ပတ်ပြီး စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံတွေထွက်ပြေးနေရတယ်လို့လည်း ပုလဲကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆက်ပြောပါတယ်။

အခုကတော့ မင်းတိုင်ပင်နဲ့ အနီးတဝှိုက်က ရွာ ၁၀ရွာလောက်ကတော့ ပြေးနေရတယ် ဒီစစ်ကြောင်းက မနက်၂ နာရီ ၃နာရီလောက်မှာ တစ်ရွာနဲ့တစ်ရွာကိုကူးတတ်တော့ ဒေသခံတွေက ရွာမှာမနေရဲကြဘူးလို့ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ဆားလင်းကြီးမြို့နယ်ကနေ ပုလဲမြို့နယ်ထဲကို ဩဂုတ်လ လဆန်းပိုင်းမှာရောက်ရှိလာတာဖြစ်ပြီး ပုလဲမြို့ နယ်အင်မထီးပျူစော ထီးရွာနဲ့ဇီးဖြူကုန်း ပျူစောထီးရွာတွေအတွက် ရိက္ခာစုဆောင်းပေးဖို့ စစ်ကြောင်းထိုးနေကြတာ ဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ရွာတွေဟာတနယ်၊လှော်ကား၊ပန်းရွာ၊ကျောက်ကုန်း၊လုပ်သား၊နွားကူး၊မွေ့တုံ၊မင်းရွာ၊ကိုင်းတွင်း၊မင်းတိုင်ပင်း၊အင်းကန်၊စပါးစေ့၊ကျောက်ဖျာကန်နဲ့နှောကန်ရွာတွေကဒေသခံ ၂သောင်းကျော်လောက် ထွက်ပြေးတိမ်းရှောင်နေကြရ တယ်လို့ ပုလဲအခြေစိုက်မီဒီယာ Pale Entertainment က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း အရပ်သားနေရပ်စွန့်ခွာထွက်ပြေးနေရသူ ၂ သန်းနီးပါး ရှိလာတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHAက ဩဂုတ်လ ၂ရက်နေ့ကထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button