သတင်း

အင်းတော်-ဗန်းမောက်ကားလမ်းပိုင်းမှာရှိတဲ့ တုံစီတံတားဖောက်ခွဲခံလိုက်ရပြီးနောက် ဆိုင်ကယ်ကယ်ရီခ အဆမတန်မြင့်တက်

အင်းတော်ဗန်းမောက်ကားလမ်းပိုင်းရှိ တုံစီတံတား မိုင်းခွဲခံရပြီးနောက် ဆိုင်ကယ်ကယ်ရီခမြင့်တက်လာတာကြောင့် ခရီးသွားပြည်သူတွေအခက်အခဲ ဖြစ်လာနေတယ်လို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။

အင်းတော်နယ် ရွာသာရွာနှင့် ကျွန်းတောကျေးရွာကြားမှာရှိတဲ့ နမီးချောင်းကူးတံ တား(တုံစီတံတား) ကို အမည်မသိလူတစ်စုက ပြီးခဲ့တဲ့ ဇွန်လမှာမိုင်းထောင်ဖောက်ခွဲဖျက်ဆီးလိုက်ပြီးနောက် တံတားကျိုးသွားတဲ့အတွက် ကုန်ကား၊ခရီးသည်ကားတွေ အသွားအလာရပ်တန့်သွားတဲ့အတွက် ဆိုင်ကယ် ကယ်ရီနဲ့သာသွားနေရတာဖြစ်တယ်လို့ အင်းတော်နယ် တုံ့တော်ကျေး ရွာနေအမျိုးသားတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။

အရင်တံတားရှိတုန်းကတော့ ကားနဲ့သွားကြတာလေး ကားခ ၁၀၀၀၀ကနေ ၁၅၀၀၀ အများဆုံးပဲပေးရတယ် အခုတံတားကျိုးတော့ကားတွေဖြတ်မရဘူးလေ ဆိုင်ကယ်ပဲ ဖြတ်လို့ရတယ် ဆိုင်ကယ်နဲ့က ကယ်ရီခ အသွားပဲ ၇၀၀၀၀ ပေးရတယ်။ စျေးက အရင်နဲ့ အဆမတန်ကိုများသွားတာ တခါတခါသွားဖို့ကမလွယ်တော့ဘူးဒီစျေးနဲ့ကလို့ ပြောပါတယ်။

မိုင်ပေါင်း ၂၀ကျော်လောက်ရှိတဲ့ အင်းတော်နဲ့ ဗန်းမောက်ကြား တံတားဖောက်ခွဲမခံရခင်း ကားခ ၁၅၀၀၀ သာပေးရပေမယ့် ခုနောက်ပိုသင်းဆိုင်ကယ်နဲ့သာသွားနေရပြီး ဆိုက်ကယ် ကယ်ရီခ ၇၀၀၀၀ နဲ့သွားလာနေရတဲ့အတွက် ခရီးသွားပြည်သူတွေအတွက် သွားရေးလာရေး ပိုမိုခက်ခဲလာတာလို့သိရပါတယ်။

အဲဒီ ဗန်းမောက်နဲ့ အင်းတော်ကားလမ်းပိုင်းမှာ စစ်တပ်ဂိတ် ၂ခု ထိုင်ထားပြီး အကောက်အခွန်တွေ ရှိနေတာကြောင့် ကယ်ရီခပိုကော က်နေရတာဖြစ်တယ်လို့ အောင်းကုန်းကျေးရွာက အမျိုးသားတစ်ဦးကအခုလိုပြောပါတယ်။

ဆီစျေးကြီးတာကတစ်ကြောင်းပြီးတော့ မော်တိတ်နဲ့နန့်သာထဲမှာစစ်တပ်ဂိတ်ရှိတယ် အဲ့မှာ ပိုက်ဆံပေးရတယ် ပုံသေတော့မတောင်းဘူးတခါတလေ ၃၀၀၀၊ ၅၀၀၀ တောင်းတယ် တစ်ဂိတ် ကနေ ပစ္စည်းဘာညာ ယူတာလေးရှိတယ်ဗျ အဲ့ကြောင့်စျေးတင်နေတာလည်းဟုတ်တယ်”လို့ ကယ်ရီသမားတွေနဲ့ရင်းနှီးတဲ့ အထက်ပါအမျိုးသားကပြောပါတယ်။

တုံစီတံတားဟာ ဗန်းမောက်၊ ဟုမ္မလင်းဒေသတွေအတွက် ပြည်မကြီးကနေ ကုန်စီပို့ဆောင်ရေးနှင့်ခရီးသွား လာရေးအတွက် တစ်ခုတည်းသော ကားလမ်းပေါ်မှာတည်ရှိတာဖြစ်ပြီး လက်ရှိ ကုန်ကားကြီးတွေ သွားလာလို့မရတော့တဲ့အတွက် ဗန်းမောက်၊ဟုမ္မလင်းဘက်တွေမှာကုန်စျေးတွေလည်းအဆမတန်မြင့်တက် နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

အဲ့ဒီတံတားဟာ ပေ ၃၀၀ ကျော်အရှည်ရှိတဲ့ တံတားကြီးဖြစ်ပြီး ဇွန်လ ၁၈ ရက်နေ့က တံတားအလယ်တိုင် နှစ်ခုဖောက်ခွဲခံရပြီး တံတားကျိုးသွားခဲ့ပြီး ဒီကနေ့ထိပြန်မပြင်နိုင်သေးတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button