တိုက်ပွဲသတင်း

ဆယ်ဇင်းကြိုးတံတားနားမှာရှိတဲ့ SNA တပ်စခန်းကို KIA ဘက်က ထပ်ပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

ဖားကန့် ဆယ်ဇင်းကျေးရွာမှာရှိတဲ့ ကြိုးတံတားနားက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်  KIA ဘက်က ဒီမနက် ၆နာရီဝန်းကျင်မှာ သွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။

ဒီနေ့မနက် နမ့်မော်နဲ့ကသိုဏ်းစစ်တပ်စခန်းဝင်ရောက်ချိန် တစ်ပြိုင်နက်ထဲမှာဘဲ ဆယ်ဇင်းရွာကြိုးတံတားနားမှာတပ်စွဲနေထိုင်တဲ့ SNA စခန်းကိုလည်း သွားရောက်တိုက်ခိုင်တာဖြစ်တယ်လို့ ပြောပါတယ်။

ဒီမနက် စခန်း ၂ခုစလုံးကို သိမ်းနိုင်တဲ့အခြေနေဟုတ်တယ် ကသိုဏ်းရော ဆယ်ဇင်းက SNAစခန်းရော သိမ်းလိုက်တယ်ဆိုတာ မှန်ပါတယ်” လို့ပြောပါတယ်။

SNA တပ်စခန်းဝင်ရောက်တိုက်ခိုက်ရာမှာ အရာရှိ  ဦးနဲ့သုံ့ပန်းတွေလည်း ဖမ်းဆီးရမိပြီးလက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိသွားတယ်လို့ ဒေသခံတွေ ဆယ်ဇင်းဘက်က ဒေသခံတွေပြောဆိုနေကြပေမယ့် ဒီအချက်လက်ကိုတော့ KNG အနေနဲ့သီးခြားအတည် ပြုနိုင်တာမရှိသေးပါဘူး။

KIA ဘက်က ဒီမနက်ထဲမှာဘဲ ဖားကန့်မှာရှိတဲ့ နမ့်မော်၊ကသိုဏ်းစစ်တပ်စခန်းအပြင် ဆယ်ဇင်း SNA စခန်းကိုဝင်ရောက်တိုက်ခိုက်တာဟာ ကသိုဏ်းတပ်စခန်းဘက်ကို စစ်ကူအနေနဲ့ဝင်ရောက်လာမယ့် စစ်ကောင်စီတပ်နဲ့SNA အဖွဲ့တွေကို တားဆီးတဲ့အနေနဲ့ သွားရောက်တိုက်ခိုက်တာ ဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။

အဓိကတော့ ဒီဘက်ကို စစ်ကူမလာနိုင်အောင် သွားတားတော့ဟုတ်တယ်။ဒါပေမယ့် လက်နက်ကိုင်ထားတဲ့တူတွေဆိုတဲ့ ကိုယ်ပစ်သူပစ်ပေါ့ သူတို့ဘက်က ထိခိုက်သေဆုံးသူများတယ်လို့ပြောပါတယ်။

ဒီမနက် ကသိုဏ်တပ်စခန်းကိုသွားရောက်တိုက်ခိုက်တဲ့ KIA တပ်ရင်း  နဲ့ဆယ်ဇင်း SNA စခန်းသွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ KIA တပ်ရင်း၂၆ ဟာ တပ်မဟာ ၉လက်အောက်ခံတပ်တွေဖြစ်ပါတယ်။

လက်ရှိ ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေက နမ်ဆန်ယန်ဘက်ကိုလည်း နေ့တိုင်းစစ်အင်အား ဖြည့်နေတဲ့အပြင် ဖားကန့်ဘက်မှာလည်း စစ်တပ်စခန်းထိခိုက်သေဆုံးတာတွေများလာတဲ့အတွက် စစ်တပ်ဘက်က လေကြောင်းအသုံးပြုလာနိုင်သောကြောင့် အရပ်သားပြည်သူများ သတိထားနေကြဖို့ကိုလည်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။

Show More

Related Articles

Back to top button