တိုက်ပွဲသတင်း

ကနီတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဘက်က စစ်ကောင်စီတပ်ရဲ့ တပ်စိတ်မှူးကို အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စစ်ကောင်စီတပ် နဲ့ ကာကွယ်ရေးတပ်ပေါင်းစုတွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တပ်စိတ်မှူးတစ်ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီကနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

ကနီမြို့နယ် အရှေ့တောင်ဘက်ခြမ်း နွားခြံကုန်းရွာမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေထဲက အင်အား ၂၀ကျော်လောက်ဟာ ဩဂုတ်လ ၂၀ရက်နေ့က ကျေးရွာအပြင်ဘက်ကို ကင်းထောက်ထွက်လာချိန် တိုက်ပွဲဖြစ်ခဲ့တာလို့ Union Liberation Front-ULF VO2(တပ်ပေါင်းစု) ကတာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

မနက်၉နာရီလောက်မှာတိုက်ပွဲဖြစ်တာ ကင်းထောက်စစ်ကြောင်းဖြစ်မယ် နွားခြံကုန်းရွာနားက တောတွင်း တစ်နေရာမှာ ကျနော်တို့တပ်ပေါင်းစုနဲ့တွေ့တာ အဲ့မှာကျနော်တို့ဘက်က စီးပစ်ခဲ့တာအဲ့ချိန် သူတို့ဘက်က တစ်ကောင်က နယ်ကျွံလာတာ အဲ့တာနဲ့လက်နက်ချအညံ့ခံခိုင်းပြီး ဖမ်းဆီးခဲ့တယ်လို့ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲ နာရီဝက်ကြာမြှင့်ခဲ့ပြီး စစ်တပ်ဘက်က တစ်ယောက်သေဆုံးခဲ့သလို ဖမ်းဆီးရမိခဲ့တဲ့တပ်စိတ်မှူး ထွန်းဝင်းဆိုသူမှာလည်း ၄၀ မမ ဗုန်းသီး၊ကျည်ဆန်၂၅၀နဲ့ ကျည်ဘောက်နှစ်ခုပါသိမ်းဆည်း ရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ပထမအပတ်ကတည်းက ယင်းမာပင်နယ်ထဲမှာစစ်ကြောင်းထိုးပြီး သစ်တွေခိုးယူနေတဲ့ စစ်ကြောင်းဖြစ်တယ်လို့ Union Liberation Front-ULFVO2(တပ်ပေါင်းစု)ရဲ့ တာဝန်ရှိသူတစ်ဦး က အခုလိုဆက်ပြောပါတယ်။

သူတို့က ကနီနဲ့ ယင်းမာပင်ဘက်က သစ်တွေကိုလိုချင်တဲ့သဘောမှာရှိတယ်ကျနော်တို့ကြားတဲ့သတင်း ကတော့ စစ်တပ်ဘက်က ဒေါ်လာလိုအပ်နေတယ်လို့ပြောတယ် ဒီသစ်တွေကိုရောင်းပြီး ဒေါ်လာထုတ်မယ့် သဘောရှိတယ် ဒါ့ကြောင့် သစ်ကွင်းရှိတဲ့နေရာတော်တော်များများကို စစ်ကြောင်းထိုးတဲ့ပုံစံလုပ်နေတယ်ဗျ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ တိုက်ခိုက်ခံရပြီးတဲ့နောက်မှာပဲ သူတို့တပ်စွဲထားတဲ့ နွားခြံကုန်းရွာ က နေအိမ် ၅၀၀လောက်ကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သစ်ကွင်းတွေရှိတဲ့နေရာတွေကိုပဲ ရွေးပြီး စစ်ကြောင်းထိုးနေတဲ့ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား၈၀ ကျော်လောက်ရှိပြီး ဒီကနေ့ဩဂုတ်လ ၂၂ရက်နေ့မှာတော့ ယင်းမာပင်မြို့နယ် စည်သူရွာကသစ်ကွင်းကို ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button