သတင်း

ဆေးရုံတက်နေတဲ့ စရဖ အရာရှိ တစ်ဦးနဲ့ ရဲ ၂ ဦး သေနတ်နဲ့ ထပ်ပစ်ခံရ

ဖားကန့်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ စရဖ တစ်ဦးနဲ့ ရဲတပ်ဖွဲ့ ၂ ဦး ဒီကနေ့ နေ့လည်ပိုင်းမှာ သေနတ်နဲ့ ထပ်မံပစ်ခတ်ခံရတယ်လို့   မှော်ဝမ်းရပ်ကွက်နေ ပြည်သူ တစ်ဦးကပြောပါတယ်။

စက်တင်ဘာလ ၂၅ ရက်၊နေ့လည် ၂ နာရီလောက်မှာ အမည်မသိ လက်နက်ကိုင် လူတစ်စုဝင်လာပြီး သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ မှော်ဝမ်းရပ်ကွက်နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဟိုတနေ့က ဆိုင်းတောင်မှာ ရဲကားတစ်စီး အပစ်ခံရတယ်၊အဲ့ဒီထဲက ဒဏ်ရာရလို့ ဆေးရုံတက်နေရတဲ့ ရဲတွေ ထပ်ပြီး ပစ်ခံရတာလို့ သိရတယ်လို့ မော်ဝမ်းရပ်ကွက်နေပြည်သူတစ်ဦးက ဆိုပါတယ်။

ခုပစ်ခတ်ခံရတဲ့ ရဲတွေဟာ စက်တင်ဘာလ ၂၁ ရက်နေ့ စရဖ အရာရှိတစ်ဦး၊ ရဲအရာရှိတစ်ဦးအပါအဝင် ရဲတပ်သား  ၃ ယောက် စုစုပေါင်း ၅ ဦးဟာ ဆိုင်းတောင်ကနေ ဖားကန့်ကို အိမ်စီးကားနဲ့ ဆေးခန်းလာပြချိန် ပစ်ခတ်ခံရပြီး ရဲအရာရှိတစ်ယောက်နဲ့ ရဲတပ်သားတစ်ယောက်သေဆုံးခဲ့တာပါ။

အဲဒီနောက် စရဖ တစ်ဦးနဲ့ ရဲတပ်သား ၂ ဦး က ဒဏ်ရာပြင်းထန်ပြီး ဖားကန့်ဆေးရုံမှာ ဆေးကုသခံယူနေတဲ့အချိန်မှာ ထပ်မံ ပစ်ခတ်ခံရတာဖြစ်တယ်။

ဒီကနေ့ ထပ်ပစ်ခံရတဲ့ စရဖတစ်ဦးနဲ့ ရဲတပ်သား ၂ ဦးဟာ သေဆုံးသွားပြီလို့ ဖားကန့် ဒေသခံတွေက ပြောဆိုနေကြပေမယ့် KNG အနေနဲ့ ဆက်လက်စုံစမ်းနေတာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့တွေသေနတ်နဲ့ အပစ်ခံရပြီးနောက်  ဖားကန့်ဆေးရုံမှာ လက်ရှိကျန်းမာရေးဝန်ထမ်းတွေကို စစ်တပ်မှ စစ်ဆေးမေးမြန်းနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

အလားတူပဲ ဖားကန့်မြို့အဝင်မှာရှိတဲ့ ပန်းတင်တံတားထိပ်မှာလည်း စကစတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းကြပ်နေပြီး ခရီးသွားပြည်သူများအား စ်ဆေး မေးမြန်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၅ ရက် နံနက် လေးနာရီအချိန်ခန့်က ဖားကန့်မြို့၊ဆိုင်းတောင်ကျေးရွာ၊သာယာကုန်းရပ်ကွက်ရှိ စကစလက်အောက်ခံ စရဖရုံးနှင့် မူးယစ်ရုံးတို့အား ကချင်လွတ်မြောက်ရေးတပ်မတော် KIA,PDFပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ပြီး၊ဖမ်းဆီးရမိသူများရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Show More

Related Articles

Back to top button