သတင်း

စစ်ကောင်စီကို ထောက်ပံ့နေတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကို အမေရိကန် ၊ ယူကေ နဲ့ ကနေဒါနိုင်ငံများ အရေးယူ

မြန်မာအစိုးရ နိုင်ငံပိုင်လုပ်ငန်းဖြစ်တဲ့ MOGE (မြန်မာရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း) နဲ့ စစ်ကောင်စီကို ထောက်ပံ့ပေးနေတဲ့ လူပုဂ္ဂိုလ်တွေကို အမေရိကန် နဲ့ မိတ်ဖက်နိုင်ငံတွေက အောက်တိုဘာ ၃၁ ရက်နေ့ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေကို ထပ်မံကြေညာ လိုက်ပါတယ်။

အမေရိကန် ဘဏ္ဠာရေးဌာနရဲ့ ​ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ လာမယ့် ဒီဇင်ဘာလ ၁၅ ရက်နေ့က စတင်ပြီးတော့ အမေရိကန်နိုင်ငံသားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ MOGE ကို ဘဏ္ဍာရေးဝန်ဆောင်မှု မပေးဖို့ တားမြစ်လိုက်တာပါ။

ဒီထုတ်ပြန်ချက်အပေါ်  Burma Advocacy Group ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လက်ရှိအမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ Rev:Ah Le ကတော့ အခုလိုဖြစ်လာဖို့အတွက် သူ့အမြင်ကို အခုလို ပြောဆိုပါတယ်။

“ပိတ်ပင်ခံလိုက်တဲ့ သူတွေဆီကနေဘဲ စစ်ကောင်စီတွေက စစ်လက်နက်ဝယ်ဖို့ ပိုက်ဆံတွေရတာဆိုတော့ ခုလိုပိတ်လိုက်တော့ စစ်တပ်က အင်အားနည်းသွားမယ် ပြီးတော့ ယူကေနိုင်ငံ သာမကဘူး ယူကေနိုင်ငံရဲ့ မဟာမိတ်နိုင်ငံတွေမှာ လည်းပိတ်ဆိုမှု တွေရှိလာတယ်။ ယူကေနဲ့ မဟာမိတ်တွေကတော့ စစ်တွေ ငြိမ်းလာဖို့ ခုလို ပိတ်ဆို့မှုတွေ လုပ်တာဖြစ်တယ်” လို့ သူကဆိုပါတယ်။

အခုလိုဖြစ်လာဖို့အတွက် ယူကေနဲ့ အမေရိကန်မှာနေထိုင်ကြတဲ့ Advocacy အဖွဲ့နဲ့ မြန်မာပြည်တွင်းပြည်ပ အရပ်ဖက်အဖွဲ့အစည်းများက အမေရိကန်အစိုးရအဖွဲ့အစည်းတွေကို ကိုယ်တိုင်သွားရောက်တောင်းဆိုတာမျိုးတွေ အကြိမ်ကြိမ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလို ပိတ်ပင်မှုမျိုးတွေလုပ်ခြင်းအားဖြင့် လက်ရှိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ စစ်မျက်နှာစာဖွင့်တိုက်ခိုက်မှုကိုလည်း အားနည်းလာစေနိုင်တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

ယူကေအစိုးရဘက်က ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့ လူပုဂ္ဂိုလ်တွေကတော့ မျိုးသစ္စာ (Dynasty International ၏ Procurement & Supply ဌာနမှုး) ၊ ထူးထက်တေဇ- ထူးကုမ္ပဏီများ အုပ်စု၏ ဒါရိုက်တာ၊ ပြည့်ဖြိုးတေဇ (Myanmar Avia Services ၊ Yangon Aircraft Engineering Company Limited နှင့် ထူးကုမ္ပဏီများ အုပ်စု) ၊ ကျော်မင်းဦး (Sky Aviator Company Limited ၏ ဒါရိုက်တာ)၊ နဲ့ စစ်တိုင်းအောင် (Yatanarpon Aviation Services ၏ ဒါရိုက်တာ) တို့ဖြစ်ကြောင်း သိရပါတယ်။

အမေရိကန်အစိုးရနဲ့ ယူကေ ၊ ကနေဒါနိုင်ငံတွေ အရေးယူလိုက်တဲ့ MOGE အပါအဝင် လူပုဂ္ဂိုလ်တွေဟာ လက်ရှိမြန်မာပြည်အနှံဖြစ်ပွားနေတဲ့ အရပ်သားတွေကို လေကြောင်းပစ်ခတ်မှုမှာ မြန်မာစစ်တပ်ကို အင်အားရှိအောင် လုပ်ဆောင်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button