သတင်း

ဆယ်ဇင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဂိတ်ထိုင်ပြီး သွားလာခွင့်ပိတ်ထားတာကြောင့် ဒေသခံတွေအခက်တွေ့နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်ထိုင်ပြီး အရပ်သားဖြတ်သန်းသွား လာခွင့်ကိုတားမြစ်ထားတာကြောင့် ဒေသခံပြည်သူတွေအခက်တွေ့နေတယ်လို့သိရပါတယ်။

စစ်ကောင်စီရဲနှင့် စစ်သားတွေဟာ ဆယ်ဇင်းကျေးရွာအနီးက ဘုရားငါးဆူရှေ့ ဖားကန့်ဆယ်ဇင်းဟောင်ပါးကားလမ်းမပေါ်မှာ လွန်ခဲ့တဲ့ အပတ်ကတည်းကနေ အရပ်သားပြည်သူတွေဖြတ်သန်းသွားလာခွင့်ကို လုံးဝ တားမြစ်ထားတာကြောင့် ဆယ်ဇင်းကျေးရွာအပါ၊ ဟောင်ပါးဘက်ခြမ်းက ဒေသခံပြည်သူတွေသွားရေးလာရေးခက်ခဲနေတယ်လို့ ဟောင်ပါးကျေးရွာနေအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။

အခုနဲ့ဆို နှစ်ပတ်လောက်ရှိပြီရှင့် သွားလာလို့မရတာ အရင်ကတော့သူတို့ဂိတ်ထိုင်တယ်ဆိုပေမယ့် တစ်ပတ်ကို သုံး၊လေးခေါက်လောက်တော့သွားခိုင်းတယ်အခုကလုံးဝကိုမသွားခိုင်းတာရှင့် ။ဖားကန့်ဘက်ကိုလည်းတက်လို့မရ ဖားကန့်ဘက်ကလည်းဒီဘက်ကိုလာလို့မရဖြစ်နေတာရှင့်လို့ အသက် ၄၀ ကျော် အရွယ်ဟောင်ပါးကျေးရွာနေအမျိုးသမီးတစ်ဦးကပြောပါတယ်။

ဆယ်ဇင်းကျေးရွာအနီးစစ်တပ်ဂိတ်မှာ စစ်ကောင်စီတပ်ကအသွားအလာပိတ်ထားတာကြောင့်လက်ရှိ ဆယ်ဇင်းကျေးရွာအပါ၊ဟောင်ပါး၊ နန့်စဘိန်း၊ခိုမ၊ ရွှေတောင်ကျော်စတဲ့ကျေးရွာတွေနဲ့အနီးဝန်းကျင်ကျေးရွာတွေဟာ သွားလာရေးခက်ခဲ ပြီး ကုန်စျေးနှုန်းတက်တာတွေနဲ့၊ စီးပွားရေးထိခိုက်လာတာတွေလည်းရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ကျွန်မတို့ကတိုင်းရင်းဆေးတွေဘာတွေလည်းဖြန့်တယ်ရှင့်အခုလမ်းပိတ်နေတော့ခါတိုင်းဆိုဟိုပင်တို့မိုးကောင်းတို့ထိဖြန့်တယ်အခုက သွားလာလို့မရတော့ ပစ္စည်းလည်းပို့လို့မရ အခုစားသောက်ကုန်တွေလည်းလမ်းပိတ်တော့အဝင်နည်းပြီးစျေးတွေတက်နေတာလို့ ဟောင်ပါးကျေးရွာ နေအမျိုးသမီးတစ်ဦးကပြောပါတယ်။

ပုံမှန်အားဖြင့် ဆယ်ဇင်း၊ ဟောင်ပါးဘက်ကို ဆန်၊ အခြေခံစားသောက်ကုန်နှင့်လူသုံးကုန်တွေကို ကားနဲ့တင်ပို့တာဖြစ်ပြီးအခုလိုလမ်းပိတ်ထားတာကြောင့် ဆန်၊အခြေခံစားသောက်ကုန်နှင့်လူသုံးကူန်တွေကို ဆိုင်ကယ် ကယ်ရီသမားတွေက ဖြတ်လမ်းအသုံးပြုပြီးတင်ပို့ရတာကြောင့် တန်ဆာခစျေးများပြီးကုန်ပစ္စည်းစျေးတက်တာတွေဖြစ်နေတယ်လို့လည်းသိရပါတယ်။

အခုလိုလမ်းပိတ်ဆို့ထားတာကြောင့်ဆယ်ဇင်း၊ ဟောင်ပါးဘက်မှာ ဆန်တစ်အိတ်ကျပ် ၁၆၀၀၀၀ကနေ ကျပ် ၁၈၀၀၀၀ ကျပ်ထိရှိပြီး ခရမ်းချဥ်သီးတစ်ပိသာကျပ် ၁၀၀၀၀၊ ကြ က်သွန်နီ/ဖြူ တစ်ပိသာကျပ် ၆၀၀၀ ကနေ ကျပ် ၇၀၀၀ လောက်အထိစျေးတက် နေတယ်လ်ို့လည်းဒေသခံတွေကဆိုပါတယ်။

ဆယ်ဇင်းကျေးရွာအနီးက ဘုရားငါးဆူအနီးစစ်ဆေးရေးဂိတ်မှာတော့ စစ်တပ်နဲ့ရဲတွေပူးပေါင်းတပ်ထိုင် နေတာဖြစ်ပြီး အင်အား ၅၀၊ကနေ ၈၀ ကြားပုံမှန်ရှိတယ်လို့သိရပါတယ်။

ဖားကန့်မြို့နယ် KIA တပ်ရင်း ၂၆ နယ်မြေ ဆယ်ဇင်းကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့တပ်စခန်းကုန်းသုံးခုကို KIAKPDF တပ်တွေက နိုဝင်ဘာ ၉ ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်ဆယ်ဇင်းကျေးရွာဘက်အဝင်အထွက်ကိုအခုလိုတာမြစ်လိုက်တာလို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button