သတင်း

ကသာနယ်မှာ စစ်ကောင်စီတ်တပ်သား ၃ ဦး KIA ဆီအလင်းဝင်

စစ်ကိုင်းဒေသကြီး ကသာမြို့နယ် ပုလွေရွှေကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ထဲက စစ်သား  ယောက် ကချင်လွတ်လပ်ရေးတပ်မတော်  KIA ဘက်ကို အလင်းဝင်ရောက်လာတယ်လို့ ကသာကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့ မနက် ၆နာရီအချိန်ခန့်က ကသာမြို့ကနေ ပလွေရွှေကျေးရွာဘက်ကို သံခွန်မော်တော်အကြီးတစ်စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ပလွေရွှေကျေးရွာအရှေ့ကမ်းကပ်လာချိန် ကသာမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ် တပ်ခွဲ ၂ က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် စစ်သားအချို့ထွက်ပြေးသွားပြီး စစ်သား ၃ ဦးကတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ ထဲကို လက်နက်ချအလင်းဝင်လာတယ်လို့ KIA တပ်မဟာ ၈ နဲ့နီးစပ်တဲ့ ကသာPDF တာဝန်ရှိသူတစ်ဦးကKNGကိုပြောပါတယ်။

ဟုတ်ပါတယ်မနေ့တုန်းကဖြစ်စဥ်ပါ အလင်းဝင်လာတာ  ယောက်ပါ ပလွေရွှေနားမှာဒီဘက်ကတိုက်ခိုက်လိုက်တော့ အနာတွေများလို့ပြာယာခတ်ပြီး တချို့ထွက်ပြေးသွားတာတွေရှိတယ်။ အဲ့ထဲက  ယောက်က တပ်မဟာ ၈ ထဲကို အလင်းဝင်လာပါတယ်လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ တပ် ၈၈ လက်အောက် စစ်အင်အား ၄၀ ဝန်းကျင်ရှိပြီး ကသာနယ် PDF တပ်ခွဲ ၂ ဘက်က မနေ့ နေ့လည် ၁၂ နာရီခန့်အချိန်မှာ သံခွန်မော်တော်ကမ်းကပ်လာချိန် လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သံခွန်ပေါ်ကဆင်းလာတဲ့တပ်သားတစ်ချို့ထဲက ၃ ဦးဟာ လက်နက်ချအညံ့ခံလာသလို နောက်ထပ် စစ်အင်အား ၁၅ ဦးလောက်ဟာ ထွက်ပြေးလွတ်မြောက်သွားတာရှိတယ်လို့ဆိုပါတယ်။

ဒါ့အပြင် သံခွန်မော်တော်ယာဉ်ပေါ်ကနေ မဆင်းသေးဘဲရှိနေသေးတဲ့ နောက်ထပ်စစ်အင်အား ၂၀ လောက်က ထိခိုက်ဒဏ်ရာရရှိသွားပြီး သံခွန်မော်တော်ယာဉ်ပြန်မောင်းထွက်သွားတယ်လို့ KIA တပ်မဟာ ၈ နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

ပစ်တာက ၄၊ ၅ လုံးပစ်လိုက်တာ သံခွန်ကိုက ၂လုံးထိတယ်ပြောတယ်အဲ့ကြောင့် သူတို့တော်တော်အထိနာပြီး ပြာယာတွေခတ်သွား တော့ပြေးချင်တဲ့လူကပြေးတော့တာပါ့ အဲ့ ၁၅ ဦးထဲက ၁၂ ဦးလောက်ပျောက်သွားတယ်။ ဘယ်ရောက်သွားလဲမသိဘူး သံခွန်နဲ့ပဲပြန်သွားပေါင်းတာလား ဘယ်ကိုရောက်သွားလဲမသိရဘူးလို့ ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့အဲ့ဒီသံခွန်မော်တော်ဟာ မွန်းလွဲ ပိုင်းမှာတော့ ဒဏ်ရာရစစ်သားတွေနဲ့ အတူ ကသာမြို့တွင်းဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။

ကသာနယ် ပလွေရွှေကျေးရွာဟာ KIA တပ်ရင်း ၁ နယ်မြေဖြစ်ပြီး ပလွေရွှေအနောက်ဘက် ငအိုး၊ မဘိန်းဘက်ကတော့ KIA တပ်ရင်း ၁၂ နယ်မြေထဲကျရောက်တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ခွင့်မဲ့ဖြစ်နေတဲ့စစ်သားတွေနဲ့ စစ်ပြေးသွားတဲ့စစ်သားတွေကို စစ်တပ်ထဲ ပြန်လည်ဝင်ရောင်နိုင်ကြောင်းနဲ့ ပြန်လည်ဝင်ရောက်လာတဲ့ ခွင့်မဲ့စစ်သားတွေနဲ့စစ်ပြေးတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမယ်လို့လည်း စစ်တပ်ပိုင်းသတင်းစာတွေကနေ ဒီဇင်ဘာ ၃ ရက်နေ့က ထုတ်ပြန်ကြေငြာထားပါတယ်။

အလားတူ ကသာမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့အနေနဲ့လည်း ဒီနှစ်ထဲ Non-CDM ဝန်ထမ်းတွေ အလင်းဝင်လာကြဖို့ ထုတ်ပြန်ချက် ၂ကြိမ် တိတိထုတ်ပြန်ခဲ့ရာမှာ ပထမအကြိမ်ထုတ်ပြန်ရာမှာ စစ်သားနဲ့ ရဲ ၅၆ ဦးတိတိအလင်းဝင်လာပြီး ဒုတိယအကြိမ်ပြန်လည်ထုတ်ပြန်ရာမှာလည်း နောက်ထပ် စစ်သားနဲ့ရဲ ၂၉ အထိအလင်းဝင်လာသူရှိခဲ့တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေသိရ ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button