သတင်း

စစ်ဘေးရှောင် ၃၀၀ ကျော်ရှိတဲ့ဘုန်းကြီး ကျောင်းဆောင်မီးလောင်ပြာကျ၊ကိုရင်တစ်ပါးမီးထဲပါသွား

စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၃၀၀ ကျော်ခိုလုံနေထိုင်နေတဲ့ နားမော်ကျေးရွာဘုန်းကြီးကျောင်းဆောင် တစ်ဆောင်မီးလောင်ပြာကျခဲ့ပြီး ကိုရင်တစ်ပါးလည်း မီးလောင်တဲ့ထဲပါသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာအထက်ဘက်က နားမော်ကျေးရွာဘုန်းကြီး ကျောင်းမှာ မနေ့ကနေ့ မနက် ၂နာရီအချိန်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဲ့ဒီမီးလောင်မှုကြောင့်ဘုန်းကြီးကျောင်းဆောင်တစ်ဆောင်မီးလောင်ပြာကျသွားတဲ့အပြင် ကိုရင်တစ်ပါးလည်း မီးလောင်သေဆုံးသွားကြောင် ဒေသခံအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။

မီးကမနက် လူတွေအိပ်မောကျနေတဲ့ချိန်လောင်တာဆိုတော့မသိလိုက်ကြဘူး မီးအရမ်းများမှသိလိုက်တာ ဘုန်းကြီးတွေနေတဲ့ပင်မကျောင်းဆောင်ကြီးက ပြာကျသွားတယ်။ပြီးတော့ အဲ့ကျောင်းထဲက ကိုယ်ရင်တစ်ပါး လည်းမီးလောင်တဲ့ထဲပါသွားတယ်လို့ အထက်ပါအမျိုးသမီးကပြောပါတယ်။

မီးလောင်မှုကြောင့်ပျံလွန်တော်မူသွားတဲ့ ကိုရင်ဟာ နားမော်ကျေးရွာထဲကဖြစ်ပြီး သက်တော် ၈နှစ် သာရှိသေးတယ်လို့သိရပါတယ်။

မီးကဘယ်ကစလောင်လည်းအသိအကျတော့မသိဘူး ဖြစ်နိုင်တာကတော့ အဲ့ဘုန်းကြီးကျောင်းထဲမှာ မီးဖို ဖိုထားတာရှိတယ်တဲ့အဲ့မီးဖိုက မီးကြွင်းမီးကျန်ကနေစလောင်တာဖြစ်နိုင်တယ်လို့သိရတယ်လို့အထက်မှာဖော်ပြေခဲ့တဲ့ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။

လက်ရှိမီးလောင်သွားတဲ့ဘုန်းကြီးကျောင်းထဲမှာ နောင်ပိုအောင်ကျေးရွာနဲ့ လွှစင်ကုန်းကျေးရွာထဲက စစ်ဘေးရှာင်ပြည်သူ ၃၀၀ ကျော်ရှိတာဖြစ်ပြီး အဲ့ဒီစစ်ရှောင် တွေကို ဓမ္မရုံနဲ့ ထမင်းစားဆောင်တွေမှာ ပြန်လည်ရွေ့ပြောင်းထားပေမယ့် လူဦးရေများတဲ့အတွက် လက်ရှိနေရာထိုင်ခင်းအခက်အခဲတွေကြုံနေတယ်လို့သိရပါတယ်။

နားမော်ကျေးရွာဟာ ဟုမ္မလင်းမြို့နဲ့ ၁၀ မိုင်ကျော်ဝေးတာဖြစ်ပြီး အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိတဲ့ကျေးရွာလည်းဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button