သတင်း

တလူးဘက်စစ်ရေးတင်း‌မာနေတဲ့အတွက် ရှင်ဗွေယန်မြို့နယ်ဘက် တိုက်ပွဲဖြစ်လာမှာကိုစိုးရိမ်နေ

ကချင်ပြည်နယ် တနိုင်းမြို့နယ် တလူးကျေးရွာဘက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIAတို့ကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ လက်ရှိအချိန်ထိနှစ်ဖက်စစ်ရေးတင်းမာမှုတွေရှိနေတာကြောင့် ရှင်ဗွေယန်မြို့နယ်ခွဲထဲက ကျေးရွာအချို့မှာတိုက်ပွဲ ဖြစ်လာမှာကိုဒေသခံတွေကစိုးရိမ်နေကြပါတယ်။

တလူးကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား နိုဝင်ဘာလ ၅ ရက်နေ့ကနေစပြီး ဒီဇင်ဘာလအထိ တိုက်ပွဲ ၃ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တဲ့အပြင် လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေတာကြောင့် ရှင်ဗွေယန်မြို့နယ်ခွဲထဲက ကျေးရွာတွေအထိ ကူးစက်လာမှာကိုစိုးရိမ်နေကြတယ်လို့ ခလုံးကျေးရွာနေ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

ညဆိုကိုယ့်အိမ်ကိုယ်ပဲနေကြတယ် အရင်လိုသွားသွားလာလာသိပ်မလုပ်ကြဘူး နားစွင့်ပြီးနေကြရတယ်။ တိုက်ပွဲက ဒီဘက်ကိုမရောက်လာနိုင်ဘူးလို့ပြောလို့မရဘူး တလူးဆိုတာဒီကနေနီးနီးလေးပဲလေးအဲ့တော့ဒီမှာလည်းရောက်လာနိုင်တယ်အဲ့ကြောင့် ဒေသခံတွေကစိုးရိမ်နေကြတာ ခလုံးရေဆိပ်ကလူတွေဆိုရင်ပိုစိုးကြောက်နေကြတယ်လို့ သူကပြောပါတယ်။

လက်ရှိတိုက်ပွဲ ဖြစ်ပွားလာမှာကိုစိုးရိမ်နေကြတဲ့ကျေးရွာတွေဟာ ရှင်ဗွေယန်မြို့နယ်ခွဲထဲက ခလုံး၊ တခက်၊ တဆိပ်နဲ့ ခလုံးရေဆိပ် ကျေးရွာကျေးရွာတွေဖြစ်ပြီး အဲ့ဒီကျေးရွာတွေဟာ စစ်တပ်ရဲ့အထိုင်တပ်စခန်းတွေရှိတဲ့နေရာဖြစ်တယ်လို့လည်း နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

ခလုံးရေဆိပ်ဆိုရင်တလူးဘက်ကိုသွားတဲ့ စက်လှေဆိပ်ကအဲ့မှာရှိတာပြီးတော့ ခလုံးရွာတို့၊တဆိပ်တို့ဆိုလည်း ခလုံးရေဆိပ်နဲ့နီးတယ်။ တကယ်လို့ရှင်ဗွေယန်၊တနိုင်းကနေ တလူးသွားမယ်ဆိုရင် အဲ့ရွာတွေကိုဖြတ်သွားရတာလေး ပြီးရင် ခလုံးရေဆိပ်အထိုင်တပ်ကလ ည်းရှိနေတော့လာတိုက်ရင်တိုက်ပွဲပြင်းထန်လာမှာကိုစိုးရိမ်နေကြတာလို့ ပြောပါတယ်။

အလားတူ ခလုံးရေဆိပ်မှာလည်း အာဏာမသိမ်းမှီကတည်းက ထိုင်ထားတဲ့ စစ်ကောင်စီရဲ့အထိုင်တပ်စခန်းတစ်ခုရှိ နေတာဖြစ်ပြီး အဲ့ဒီအထိုင်တပ်ဟာ တလူးဘက်သွားတဲ့ရေလမ်းကြောင်းကို ခလုံးရေဆိပ်ကနေထိန်းချုပ်နေတာကြောင့် KIAအနေနဲ့အဲ့ဒီတပ်စခန်းကိုလာတိုက်နိုင်တာကြောင့် ဒေသခံတွေစိုးရိမ်မှုမြင့်တက်နေတာဖြစ်တယ်လို့သိရပါတယ်။

ဒေသခံတွေပြောပြချက်အရ စစ်ကောင်စီတပ်နဲ့KIAတို့ဟာ တလူးကျေးရွာအနီးမှာနိုဝင်ဘာလထဲမှာ နှစ်ကြိမ်၊ ဒီဇင်ဘာလ ထဲမှာ တစ်ကြိမ်တိုပွဲ သုံးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲတွေကြောင့် တလူးကျေးရွာနဲ့ စစ်ကိုင်းတိုင်းထဲက နာဂဒေသဖြစ်တဲ့တကားကျေးရွာဘက်ကိုသွားတဲ့တစ်ခုတည်းသောရေလမ်းကြောင်းကို တလူးဘက်ကနေစစ်ကောင်စီတပ်ကပိတ်ထားသလို တလူးအထက်ဘက်ကနေလည်း KIAဘက်က သွားလာခွင့်ပိတ်ထားတယ်လို့သိရပါတယ်။

KIAနှင့်စစ်ကောင်စီတပ်တွေ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ရေးတင်းမာနေမှုကြောင့် တလူး၊ တကားရေလမ်းကြောင်းပိတ်ထားတာ ၂လနီးပါးရှိလာပြီဖြစ်ပြီး ကုန်စည်အဝင်ရပ်တန့်နေတာကြောင့် တလူးကျေးရွာဘက်မှာဆန်တစ်အိတ် ကျပ် ၄သိန်းကျော်အထိမြင့်တက်နေတယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button