အင်တာဗျူး

နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF) အနေနဲ့ တော်လှန်ရေးမှာ ဘယ်လိုပူးပေါင်းပါဝင်နေသလဲ

၂၀၂၁ ခုနှစ် မြန်မာစစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက် မြန်မာပြည်အနှံ့က လူငယ်တွေဟာ စစ်အာဏာဆန့်ကျင်တိုက်ခိုက်ရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေး ရည်ရွယ်ချက်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကို မြေနယ်ဒေသအသီးသီးမှာ ဖွဲ့စည်းလာကြတာဖြစ်ပါတယ်။

နာဂပြည်သူ့ကာကွယ်ရေးဖွဲ့(NPDF) အဖွဲ့ဟာ လက်ရှိ နာဂခရိုင်အမှတ် (တပ်ရင်းအဖြစ်ရပ်တည်နေတာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လ ကတည်းစတင်ဖွဲ့စည်းပေါ်ပေါက်လာတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးရေးတပ်ဖွဲ့တွေ အများအပြားရှိတဲ့ထဲကမှ မြန်မာပြည်မြောက်ဖျားပိုင်းက ဝေးလှံခေါင်ဖျားဒေသလည်းဖြစ်၊ လမ်းပမ်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသလည်းဖြစ်တဲ့ နာဂ ဒေသထဲက နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF) အဖွဲ့ ဘယ်လိုဖွဲ့စည်းပေါ်ပေါက်လာသလဲ ၊လက်ရှိမှာကော ဘယ်လိုနေရာဒေသတွေမှာ ဘယ်လိုတိုက်ပွဲတွေဆင်နွဲနေသလဲစတဲ့အကြောင်းအရာတွေကို NDPF တပ်ဖွဲ့ထဲက ဗိုလ်လင်းယုန်ကို KNG ကအခုလိုဆက်သွယ်မေးမြန်းထားပါတယ်။

မေး။   ပထမဦးဆုံးအနေနဲ့ ဗိုလ်လင်းယုန်တို့ တပ်ဖွဲ့ရပ်တည်နေတဲ့ မခြေအ နေနဲ့ မူဝါဒကိုပြောပြပေးပါဗျ။

ဖြေ။ ။ရပ်တည်နေတဲ့အခြေအ နေကတော့ ကျွန်တော်တို့လက်ရှိ NPDF လက်ရှိအခြေအနေမှာဘယ်လိုလဲဆို NUG လက် အောက်ကနေသွားနေတဲ့တပ်ရင်းပေါ့နော် နာဂ ခရိုင် အမှတ် (တပ်ရင်းအနေနဲ့ကျွန်တော် တို့သွားနေတဲ့တပ်ရင်းဖြစ်ပါတယ်။မူဝါဒအနေနဲ့ကတော့ ကျွန်တော်တို့က အမျိုးသားညီညွတ်ရေးအစိုးရရဲ့အောက်ကဖြစ်တဲ့အတွက်ကြောင့်ပြီးတော့နောက် MOD ရဲ့ထိန်းချုပ်မှုအောက်ကနေသွားနေတဲ့အတွက်ကြောင့် NUG MOD ရဲ့လမ်းညွန်ချက်မူဝါဒအတိုင်းပဲသွားနေတာဖြစ်တယ် ကျွန်တော်တို့အခုတော်လှန်နေတာက မင်းအောင်လှိုင်ကိုပုဂ္ဂိုလ်ရေးမုန်းတီးလို့ကျွန် တော်တို့ တော်လှန်နေတာ မဟုတ်ဘူးလည်နော် ကျွန်တော်တို့မှာ ဖယ်ဒရယ်ဆိုတဲ့စနစ်တစ်ခုကို လိုချင်လို့ကျွန်တော်တို့တော်လှန်နေကြတာ အားလုံးတန်းတူညီမျှ ရရှိရေး လူတစ်ဦးရဲ့အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် ကျွန်တော်တို့က တော်လှန်နေတာ အဲ့အတွက်ကြောင့်ဆက်လက်ပြီးတိုက်ပွဲ ဝင်နေတာဖြစ်တယ်။

မေး။  NPDF အနေနဲ့ အခြားသော EAO တွေ PDF တပ်ဖွဲ့တွေနဲ့မဟာမိတ်လုပ်ဆောင်ထားတာမျိုးရှိလား။

ဖြေ။  ကျွန်တော်တို့စစ်ကိုင်းတိုင်း တစ်တိုင်းလုံးက KIAKIO ရဲ့လမ်းညွန်မှု အမိန့်အောက်မှာသွားနေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ နာဂဒေသက KIA တပ်မဟာ  နဲ့အနီးစပ်ဆုံးဖြစ်တယ် ကျွန်တော်တို့က တပ်မဟာ  တပ်ရင်း ၃၈ နဲ့အနီးစပ်ဆုံးဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ KIO KIAနဲ့ လာရောက်ပြီးတော့ မဟာမိတ်ဖွဲ့ ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလလောက်ကတည်းက ဒီမှာရောက်ရှိနေပြီးတော့ ဆယ်ဇင်းတိုက်ပွဲတွေမှာ လက်တွဲပြီးတော့လုပ်ဆောင်နေတယ် ပြီးတော့စစ်အတွေ့အကြုံအရကော ၊အဖက်ဖက်ကနေ ကျွန်တော်တ်ို့နောင်တော်ကြီးတွေနဲ့ပူးပေါင်းပြီး စစ်အာဏာရှင်ကျရှူံးရေးမှာဆက်လက်ပြီးတိုက်ပွဲဝင်နေတာဖြစ်ပါတယ်။

မေး။  NPDF တပ်ဖွဲ့က နာဂလူငယ်တွေနဲ့သီးသန့်ဖွဲ့စည်းထားတာလား တခြားသော လူမျိုးထဲက လူငယ်တွေပါဝင်သေးလား။

ဖြေ။ NPDF မှာဆိုရင်ကျွန်တော်တို့ နာဂလူငယ်တွေပါတယ် ဗမာလူမျိုးတွေလည်းပါတယ် ချင်းလူမျိုးတွေလည်းပါတယ် ရှမ်းတွေလည်းပါတယ် အဲ့လိုမျိုးပေါ့ ပြည်သူတွေစုပေါင်းပြီးတော့ အတူတူလက်တွဲ ပြီးလုပ်ဆောင်နေတာဖြစ်ပါတယ်။

မေး။  NDPF မှာ CDM ရဲ နဲ့ စစ်သားတွေကော ပါလားဗျ။

ဖြေ။ ။ဟုတ်တယ်ဗျ အခုကျွန်တော်တို့ ၂၀၂၁ ခုနှစ်တော်လှန်ရေးကာလတုန်းက CDM လုပ်ထားတဲ့ သုံးရစ်ဆရာအဆင့်တောင် ကျွန်တော်တို့မှာရှိတယ် ပြီးကျန်တဲ့ စစ်ဖက်ဆိုင်ရာနဲ့ရဲဌာနတွေနဲ့ပူးပေါင်းလုပ်ဆောင်နေတာရှိတယ် ပြီးတော့ထွေအုပ်တွေလိုမျိုးအဖွဲ့အစည်းထဲကတွေရှိတယ် 

မေး။  NPDF အနေနဲ့ လက်ရှိဘယ်နေရာ ဘယ်ဒေသတွေမှာအဓိက ပါဝင်ဆောင်ရွက်နေလဲ။

ဖြေ။ ။အဓိက ကျွန်တော်တို့လှုပ်ရှား နေတာ ကတော့ အခုလောလောဆယ်မှာကျွန်တော်တို့က အဖက်ဖက်ကနေ အားနည်း နေတာပေါ့ဗျာ လက်နက်ခဲယမ်း သော်လည်းကောင်း၊ လူအင်အားသော်လည်း ကောင်း အားနည်းတယ် ပြီးတော့ကျွန်တော်တို့ နာဂဒေသမှာ လှုပ်ရှားဖို့က ကျွန်တော်တို့မှာ လက်နက်အင်အားမရှိဘူး ပြီးတော့ အောင်ပြည်အောက်ရွာမှာ ဥပမာ ကျွန်တော်တို့စစ်ကိုင်းတိုင်းထဲသော်လည်းကောင်း နွေဦးတော်လှန်ရေးကို ချုံ့ကြည့်လိုက်ရင် ကျွန်ဗာ်တို့က စကစ သော်လည်းကောင်း၊ ပြီးတော့ရဲဌာန ပြီးတော့ပျူစောထီးအဲ့လိုသုံးပိုင်းလောက်နဲ့ဖိုက်နေတာတဲ့အချိန်မှာ ကျွန်တော်တို့ နာဂဒေသကမှာက စစ်မျက်နှာက သုံးခုမကဘူး နာဂဒေသ မှာက နာဂလက်နက်ကိုင်တွေလည်းအများကြီးရှိလာတယ် အဲ့ဒီအများကြီးထဲမှာလည်းတချိို့တလည် ကျွန်တော်တို့ကြားရသလောက်က စကစ နဲ့ပူးပေါင်းနေတဲ့အပိုင်းတွေလည်းအများကြီးရှိတယ်၊အဲ့ကြောင့်ဒီဒေသမှာ လက်နက်ခဲယမ်း မရှိပဲနဲ့ရပ်တည်ဖို့က အင်မတန်မှခက်ခဲပါတယ်။ အဲ့ကြောင့် ကျွန်တော်တို့က တပ်ရင်းရုံးအနေနဲ့သော်လည်းကောင်း၊ စစ်ဆင်ရေးအနေနဲ့သော်လည်းကောင်း ၂၀၂၂ ဒီဇင်ဘာလကတည်းက ကချင်ပြည်နယ် ဘက်မှာ လာရောက်ပူး ပေါင်းပြီးတော့ဒီနေ့ဒီချ်ိန်ထိ မဟာမိတ်အနေနဲ့စကစက်ို တော်လှန်နေတယ်။

မေး။ ။ပြီးတော့ နာဂ ဒေသမှာက နဂိုကည်းက NSCN-Kဆိုတဲ့ နာဂလက်နက်ကိုင်တပ်ဖွဲ့ရှိထားတယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်းပေးထားတယ်ပေါ့ အခု NSCN-K နဲ့ NPDF ရဲ့ဆက်ဆံရေးကဘယ်လိုရှိလဲဗျ။

ဖြေ။ ။သူတို့(NSCN-K) ကတော့ကျွန်တော်တို့ စစထွက်လာကတည်းက သူတို့နဲ့ကျွန်တော်တို့နဲ့က ပြဿနာဖြစ်စရာအကြောင်းမရှိဘူးလို့ကျွန်တော်တို့က မြင်တာပေါ့နော် ဘာလို့လဲဆိုတော့ သူတို့ရဲ့ပေါ်လစီက သီးသန့်ရှိပြီးသားလေနော် ကျွန်တော်တို့ နာဂလူမျိုးအတွက်ပဲ လုပ်နေတာမဟုတ်ဘူး ၁၃၅ မျိုးသောတိုင်းရင်းသား ၅၄ သန်းသော ပြည်သူ တွေအတွက်အလုပ်လုပ်နေတာ ဒါကြောင့်ကျွန်တော်တို့နဲ့ခံယူချက်ချင်းသော်လည်းကောင်း ကျွန်တော်တို့နဲ့ ပေါ်စလီချင်းက ကွဲပြားသွားပြီလို့မြင်တယ် သူတို့ကလည်းကျွန်တော်တို့ကို ဖိအားပေးတာမရှိဘူးပြီးတော့ NUG ကလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေကို အမြဲတမ်းတံခါးဖွင့်ပြီးကြိုဆိုနေတာပဲလေနော် 

မေး။ ။နာဂ ဒေသက ဝေးလှံခေါင်ဖျားဒေသလည်းဖြစ်တယ်ပြီးတော့ လမ်းပမ်းဆက်သွယ်ရေးကလည်းအင်မတန်ခက်ခဲတဲ့ ဒေသဖြစ်တယ် အဲ့လိုဒေသမှာ NPDF တပ်ဖွဲ့တွေရပ်တည်ဖို့ဆိုရင်အဓိက စိန်ခေါ်မှု၊ ပြဿနာတွေ ကဘာတွေဖြစ်မလဲ။

ဖြေ။ ။အဓိစိန်ခေါ်မှုနဲ့ ပြဿနာကတော့ ခုနပြောသလိုပဲ နာဂဒေသက တိုင်းရင်းသားဒေသတွေထဲမှာအခေါင်ဆုံး အခက်ခဲဆုံး တစ်နေ့လုပ်မှတစ်နေ့စားရမှာဖြစ်တဲ့အတွက်ကြောင့် တခြားဒေသက တိုင်းရင်းသားတွေထက်စာရင်ကျွန်တော်တို့က အတော်လည်းခက်ခဲပါတယ် တခြား ဒေသက ကျတော့ ပြည်သူတွေရဲ့ထောက်ပံ့မှုနဲ့ဆိုတော့ ၆၀ ရာခိုင်နှုန်းလောက်က ဖြစ်နိုင်တယ် ကျွန်တော်တို့မှာ ၂၅ ရာခိုင်နှုန်းလောက်တောင်မရှိဘူး လမ်းပမ်းဆက်သွယ်ရေးခက်ခဲတယ်ပြီးတော့ အခုကျွန်တော်တို့တိုက် နေတဲ့စနစ်ကြီးကို ပြည်သူတွေနားမလည်နိုင်အောင် စစ်တပ်က နာဂဒေသကို အမောင်ဖုံးထားတယ်လို့ကျွန်တော်ကမြင်တယ် အဲ့ကြောင့် လက်နက်ခဲယမ်း ခက်ခဲသလို ကျွန်တော်တို့ ရဲ့စားဝတ်နေရေး အစစ အရာရာခက်ခဲ တယ်လို့ကျွန်တော်ပြောချင်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button