အင်တာဗျူး

တိုက်ပွဲဒေသဖြစ်နေတဲ့ ဗန်းမော်မြို့အခြေအနေ ဆက်သွယ်မေးမြန်းချက်

ကချင်ပြည်နယ် တစ်ပြည်နယ်လုံး ဇူလိုင်လ ၂၁ ရက်နေ့ကစ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းအားလုံးပြတ်တောက်သွားတာ ခုဆို  ပတ်ကြာရှိလာပြီဖြစ်ပါတယ်။

ခရိုင်  ခု၊မြို့နယ် ၁၈ မြို့နယ် လူဦး  သန်းကျော်နေထိုင်တဲ့ ကချင်ပြည်နယ်မှာ ဖုန်း၊အင်တာနက်လိုင်းတွေပြတ်နေတဲ့အတွက် ပြည်သူတွေ သတင်းအချက်လက်ရရှိဖို့ ခက်ခဲနေကြတဲ့အပြင် အထူးသဖြင့် တိုက်ပွဲဇုန်နဲ့အနီးဆုံးမှာရှိတဲ့ ဗန်းမော်မြို့နယ်ထဲက ပြည်သူတွေဟာ အဖက်ဖက်ကနေ စိုးရိမ်မှုနဲ့နေနေကြတယ်လို့ ဗန်းမော်မြို့ခံတွေကပြောပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့စလို့ ဖုန်း၊အင်တာနက်လိုင်းအားလုံးပြတ်တောက်သွားပြီး  ရက်အကြာ ဇူလိုင် ၂၄ ရက်နေ့ ဗန်းမော်မြို့နဲ့   မိုင်အကွာမှာရှိတဲ့ မိုးမောက်မြို့နယ် ခမရ ၄၃၇ ကို KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီနေ့ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို တိုက်ပွဲတွင်းလက်နက်ကြီးတွေ ကျပေါက်ကွဲတာ၊ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် တိုက်ပွဲဇုန်နဲ့အနီးဆုံးမှာရှိနေတဲ့ ဗန်းမော်မြို့အခြေနေကို ဗန်းမော်ကနေ တစ်ခြားနေရာကို ဒီမနက်ရောက်ရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကို KNG ကဆက်သွယ်မေးမြန်းထားပါတယ်။

မေး– အင်တာနက်ပြတ်တောက်နေချိန်တွင်း ဗန်းမော်မြို့ ပြည်သူတွေ ဘယ်လိုအဆက်သွယ်လုပ်နေကြသလဲ။

ဖြေ– ဗန်းမော်ကလူတွေ လောလောဆယ် ဗန်းမော်ဆေးရုံကုန်းလို့ ပြောလို့ရတဲ့ ညောင်ပင်ရပ်က ဆက်သွယ်ရေးရုံမှာ ၃၄ နဲ့စတဲ့ဖုန်း တစ်ယောက်ကို  မိနစ်ပြောခွင့်ရနေပါတယ်။ တန်းစီစနစ်နဲ့ပြောနေရတဲ့နေထားမှာရှိပါတယ် တစ်ခြားမြို့တွေလို ပိုက်ဆံပေးပြီး သုံးလို့ရတဲ့ အင်တာနက်ဆိုင်တွေလည်းမရှိပါဘူး။ ကျနော်သိရသလောက်ဆို စစ်တပ်လက်အောက် ဆက်သွယ်ရေးရုံးက အရာရှိ  ယောက်ဘဲ အင်တာနက်လိုင်းအချိန်ပြည့်သုံးလို့ရနေတယ်လို့ သိထားတယ်ဗျ။

မေး– အင်တာနက်လိုင်း ပြတ်တောက်တဲ့နောက် MEC ကဒ်လိုင်းရတယ်လို့ ပြောကြတယ် ခုရသေးလား။

ဖြေ– ဟုတ်တယ်ဗျ အစလိုင်းပြတ်ထားတဲ့  ရက်လောက်က ရသေးတယ်။ ဒါပေမယ့် မိုးမောက် ခမရ ၄၃၇ ကို KIAနဲ့ PDF တွေက ဇူလိုင်လ ၂၄ ရက်နေ့ စတိုက်တဲ့နေ့ကစပြီး ပြတ်တောက်သွားတယ်လို့ ပြောလို့ရတယ်။ ပြီးတော့ အဲဒီရက်မှာဘဲ နန်းတော်ဦးဖုန်းဆိုင် မှာ MEC ဖုန်းကဒ်ရောင်းလို့်ဆိုပြီး လင်မယား  ယောက်ကို စစ်တပ်က ဖမ်းသွားတာလည်းရှိတယ်။ ပိုက်ဆံ သိန်း ၃၀ ပေးပြီးပြန်လွတ်လာတယ်လို့ သိရပါတယ်။ အဲဒီညနေကစပြီး MEC လည်းမရတော့ဘူး။

မေး– ပြီးတော့ ဗန်းမော်ကလေ ခုနပြောသလိုသဘဲ မိုးမောက် ခမရ ၄၃၇ တိုက်ပွဲနဲ့လည်းနီးတော့ ဗန်းမော်ဘက်ကို လက်နက်ကြီးကျပြီး အရပ်သားသေတာတွေလည်းရှိနေတယ်လို့ ကြားနေရတယ် အခြေနေလေးပြောပါအုံး။

ဖြေ– မြို့ထဲ တစ်ချို့နေရာကျတာရှိတယ် ပြီးတော့  မြို့ပြင်လို့ပြောလို့ရတယ် စီဟတ်၊ကောင်ဂျာယန် လွန်ခဲ့တဲ့  ရက်လောက်က စီဟတ်ဘက်လေကြောင်းနဲ့လာပစ်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်သေတယ်။ နန့်ဖား၊တာမိုင်းလုံ ဒီအရှေ့ဘက်ခြမ်းတော့ ပထမ တစ်ခေါက်ကြဲတုန်းက ထိတာတွေတော့ရှိတယ် သိမ်တော်ကြီးဘက်လည်းကျတယ် ပြောတယ်။

မေး– လက်နက်ကြီးကြောင့်ဖြစ်ဖြစ် လေယာဉ်ဗုံးကြောင်ဖြစ်ဖြစ် အရပ်သားသေဆုံးတဲ့ အခြေနေအသေးစိတ်လေး ထပ်ပြီးရှင်းပြပေးပါအုံး နေရာတိတိကျကျလေးပေါ့။

ဖြေ– ခုနပြောတဲ့ စီဟတ်ကသေတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးသေတာက လေယာဉ်ဗုံးကြောင့်လို့ သိထားတယ်ဗျ လိုင်ဇာကိုလာကြဲတဲ့ညဘဲ။ နောက်ထပ်က နမ့်ဖားဘက်မှာကျတယ် အဲမှာတစ်ယောက်သေတယ်။ ပြီးတော့ သိမ်တော်ကြီးဘက်မှာ လက်နက်ကြီးကျလို့  ယောက်ထိတယ် တစ်ယောက်သေတယ်လို့ ကြားတယ် ကလေးလည်းပါတယ်လို့ပြောတယ်။ တာမိုင်းလုံဘက်လည်း လက်နက်ကြီးကျတယ် တစ်ယောက်သေတယ်လို့ သိရပါတယ်။ မြို့ထဲမှာဆိုတော့ အောက်ချိုင့်ဘက်နဲ့ လေယာဉ်ကွင်းဘက်ကျတယ် အဲမှာလည်း လက်နက်ကြီးကျည်ထိတာ  ယောက်ရှိတယ်လို့သိရတယ်။ ရက်တော့အတိအကျမမှတ်မိတော့ဘူးဗျ အားလုံးက အင်တာနက်ပြတ်နေတဲ့ချိန်ထဲမှာဘဲ  စုစုပေါင်း အရပ်သားသေတာ  ယောက် ထိတာတော့ ၁၀ ယောက်လောက်ရှိမယ်။ အင်တာနက်လိုင်းတွေမရတော့ ဒီလောက်ဘဲသိရတာ ဒီ့ထက်လည်းများနိုင်ပါတယ်။

မေး– ခုလိုမြို့တွင်းမှာရော လက်နက်ကြီးတွေကျတဲ့အပြင် ခုက ဗန်းမော်ကို သိမ်းတော့မှာ ရှောင်ခိုင်းနေပြီဆိုပြီး သတင်းတွေလည်း ထွက်နေပါတယ် ရှောင်နေကြပြီလား။

ဖြေ– တိုက်ပွဲက မြို့ဘက်ကို ဥိီးတည်လာနေတာဆိုတော့ သိမ်းမှာမသိမ်းမှာတော့ ပြောမရဘူး သတင်းတွေကတော့ အဲလိုထွက်နေတာဘဲ။ ရှောင်တဲ့သူတွေကတော့ နေ့တိုင်းနီးပါးရှိတယ် မြို့ခံတွေက တော်တော်လေးတော့ရှောင်နေကြပြီ ခုဗန်းမော်မှာအများပိုင်းရှိနေတာက မံစီ၊မိုးမောက်ဘက်က စစ်ရှောင်လာတဲ့သူတွေများနေတယ်။

မေး– အဲဆို ဗန်းမော်မြို့က အရမ်းစိုးရိမ်ရမယ့်ထဲ ပါနေပြီလို့ ပြောလို့ရမလား ပြည်သူတစ်ယောက်အနေနဲ့ဘယ်လိုမြင်ပါသလဲ။

ဖြေ– စိုးရိမ်ရတဲ့အနေထားမှာတော့ ရှိပါတယ် ဘာလို့လဲဆိုရင် ခမရ ၄၃၇ ပြုတ်ရင် ဗန်းမော်လာတော့မှာလေ ဗန်းမော်မြို့ကိုလုံခြုံရေးယူပေးနေတဲ့စခန်းလို့ပြောလို့ရတယ်။ အဲဒါကို စကစက သိလို့ဘဲ အင်တာနက်လိုင်းတွေပြန်မရအောင် တမင်လုပ်နေတာလားလို့တောင် ထင်ရပါတယ်။ 

မေးမြို့တွင်း သွားလာရေးအခြေနေတွေကော ဘယ်လိိုရှိသလဲ။

ဖြေ– မြို့တွင်းကတော တစ်ချို့နေရာ လက်နက်ကြီးကျတာကလွှဲလို့ အေးဆေးဖြစ်နေသေးတယ်လို့ ပြောလို့ရတယ်။ တစ်ခါတစ်လေ မြို့အဝင်အထွက် နည်းနည်းပါးပါးစစ်တာလောက်ဘဲ။အဓိကတော့ ဗန်းမော်တက္ကသိုလ်နောက်ကြောဘက်တွေ ဗန်းမော်– မြစ်ကြီးနားသွားလမ်းမပေါ်မှာရှိတဲ့ရွာတွေဘဲ ပိုစိုးရိမ်ရတာ။ မြို့တွင်းကတော့ ပုံမှန်သွားလာနေကြပါတယ် စိုးရိမ်တာတော့ လူတိုင်းရှိနေကြမှာဘဲလေ မသွားမဖြစ်လို့ သွားလာနေကြတဲ့သဘောပါဘဲ။ 

မေး– ကုန်စျေးနှုန်းနဲ့ စက်သုံးဆီတွေကော ပုံမှန်ဝယ်လို့ရနေလား။

ဖြေ– ဗန်းမော်က အရင်ကလို ဗန်းမော်– မန်းလေး တိုက်ရိုက်ကားသွားမရဘူးလေ။ ဗန်းမော်ကနေ ကောင်းတုံရေဆိပ် အဲကနေ ဟန်ထက်သွားရတာ ဟန်ထက်ကနေ တစ်ဆင့် စင်းခမ်းတံတားဖြတ်ပြီး ကသာ– မန်းလေး အဆင်ဆင့်သွားရတာဆိုတော့ ကုန်တွေက ဝယ်လို့ရပေမယ့် စျေးတွေက တက်နေမြဲဘဲ စက်သုံးဆီက မနေ့ကအထိ ၇၀၀၀နဲ့ ၈၀၀၀ ကြားရှိတယ်။

လက်ရှိ မိုးမောက် ခမရ ၄၃၇ တပ်စခန်းကြီးကို  KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပေမယ့် ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်နေတာကြောင့် သတင်းစီးဆင်းမှုရပ်တန့်နေပြီး ကောလာဟာလ သတင်းတွေကြား စိုးရိမ်စိတ်တွေမြင့်တက်နေတယ်လို့ ဗန်းမော်မြို့ပြည်သူတွေကပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ တစ်ရက်ကစပြီး လက်ရှိအချိန်ထိ သုံးနှစ်ကျော်ကာလအတွင်း အာဏာသိမ်းစစ်တပ်ဟာ အင်တာနက်သုံးစွဲမှုများကိုဖြတ်တောက်တာ၊ မိုဘိုင်းနဲ့ ဝိုင်ဖိုင်အင်တာနက်လိုင်း သုံးစွဲခတွေကို တိုးမြှင့် ကောက်ခံခတာအပြင်  ဝိုင်ဖိုင်ကြိုးများကို ဖြတ်တောက်ခြင်းပြီး VPN တွေပိတ်ပင်တာတွေ ဆက်တိုက်လုပ်နေပြီး ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲနိုင်တဲ့အခြေအနေတွေကို လေ့လာစောင့်ကြည့်နေတဲ့ မြန်မာအင်တာနက်စီမံကိန်းက ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂ဝ၂၄ ဇူလိုင် ၂၂ အထိ စစ်တပ်က မြန်မာနိုင်ငံအနှံ့ အင်တာနက် ဖြတ်တောက်ထားတဲ့နေရာ ၂၄၉ ခုအထိရှိပြီး အဲဒီထဲမှာ ကချင်ပြည်နယ်ဟာ ဒုတိယအများဆုံးဖြတ်တောက်ခံထားရတယ်လို့လည်း ဖော်ပြထားပါတယ်။ 

ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်နေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီး KNG က ဩဂုတ်လအတွင်း ဆက်သွယ်မေးမြန်းရာမှာ စစ်ကိုင်းဘက်က ကေဘယ်ကြိုးပျက်နေတာကြောင့်ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံး မြို့တော်ဖြစ်ပြီး ကုန်းကြောင်း ရေကြောင်း လေကြောင်း အချက်ချာကျလှတဲ့ မြို့ဖြစ်ပါတယ်။

ဧရာဝတီမြစ်ရဲ့ ပထမမြစ်ကျဉ်း နဲ့ ဒုတိယ မြစ်ကျဉ်းကြားတည်ရှိပြီး တရုတ်ပြည်နယ်စပ် မိုင် ၄ဝ ခန့်အကွာ  KIO ဌာနချုပ် လိုင်ဇာမြို့နဲ့လည်း မိုင် ၄၀ အကွာမှာရှိသလို အစိုးရခရိုင်စ်ိုက်ရာမြို့ဖြစ်တာကြောင့် စစ်တပ်ဘက်ကလည်း ဗန်းမော်မြို့ကို လက်မလွတ်ရေးအပြင်းထန် ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

By – CJ

Show More

Related Articles

Back to top button