အာဏာသိမ်းစစ်ခေါင်းဆောင် လာမည့် ပူတာအိုတွင် မူလာရှီးဒီဂိတ် တိုက်ခိုက်ခံရ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာမည့် ပူတာအိုတွင် ယနေ့ နံနက်အစောပိုင်း ၁ နာရီခန့်က မူလာရှီးဒီဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ပူတာအိုမြို့နယ်အဝင် စစ်ကောင်စီတပ်နှင့်ရဲများ စုပေါင်းလုံခြုံရေးချထားသော မူလာရှီးဒီ စစ်တပ်ဂိတ်ကို PDF အဖွဲ့ က လက်နက်ကြီး လက်နက်ငယ်များဖြင့် အချက် ၃၀ ထက်မနည်း သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။
“မူလာရှီးဒီ စစ်တပ်ဂိတ်ကို PDF အဖွဲ့က ၁နာရီလောက်မှာ သွားတိုက်ခဲ့တာက သေချာတယ်။ ထိခိုက်မှုအခြေအနေက အသေးစိတ်မသိရသေးဘူး”ဟု ပြောဆိုသည်။
စစ်ကောင်စီ ဥက္ကဌသည် ယနေ့ ပူတာအိုသို့ ရောက်ရှိလာမည်ဟု သတင်းထွက်ပေါ်နေချိန် တိုက်ခိုက်ခံရခြင်းလည်း ဖြစ်သည်။
Show More
Back to top button