ထီးချိုင့် အလယ်တောရဲစခန်း မီးရှို့ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ် အင်အားတိုးမြှင့်ချထား

စစ်ကိုင်းတိုင်း ကသာခရိုင် ထီးချိုင့်မြို့နယ် အလယ်တော စံပြရွာရှိ ရဲစခန်းအား ဒေသခံ PDF အဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ အင်အားထပ်မံ တိုးမြှင့်ထားကြောင်း နီးစပ်သူများထံမှ သိရသည်။

“အစတော့ အဲဒီ အလယ်တောရဲစခန်းက ရဲအင်အားက နည်းနည်းဘဲရှိတယ် ရုံးစောင့် သဘောပေါ့။ ဒါပေမယ့် မနေ့ည မီးရှို့ခံရတဲ့နောက် ဒီမနက်တော့ ရဲရောစစ်သားတွေရော အင်အားထပ်ဖြည့်နေကြပြီလို့ သိရတယ်” ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

အဆိုပါ ရဲကင်းစခန်းအား အောက်တိုဘာလ ၃ ရက် ည ၈ နာရီခွဲဝန်းကျင်ခန့်က PDF မှ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် စခန်းမီးရှို့ခံရပြီး‌နောက် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားကြောင်း သိရသည်။

“အဲဒီရဲစခန်း မီးလောင်ပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်တာတော့ ရှိတယ်။ ရွာဘက်တော့ ထိခိုက်တာမရှိဘူး စခန်းတော့ပြာ ဖြစ်သွားပြီ” လို့ ဒေသခံများထံ မှ သိရသည်။

စစ်ကိုင်းတိုင်း မြို့နယ်တစ်ချို့တွင် စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားပြီး နေ့စဉ် စစ်အင်အားတိုးမြှင့် နေဆဲဖြစ်ပြီး PDF ဘက်ကလည်း ၎င်းယာဉ်တန်းများကို မိုင်းခွဲ တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

Show More
Back to top button