ပူတာအိုမြို့မှာ ကုန်စျေးနှုန်း အဆမတန်ထိုးတက်

ကြက်ဥတစ်လုံး ငါးရာကျပ်ပေးဝယ်နေရ

ပူတာအိုမြစ်ကြီနား ကားလမ်းပိုင်းပိတ်ထားတာကြောင့် လက်ရှိပူတာအိုမြို့ပေါ်မှာ အခြေခံစားသောက်ကုန်တွေအဆမတန်စျေးတက်နေပြီး ကြက်ဥ ၁ လုံးကို ကျပ် ၅၀၀ ကျပ်အထိပေးဝယ်နေရတယ်လို့ မြို့ခံ တွေကနေ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပူတာအို KPDF ၊ ခါကာဘို PDF တပ်တွေကြား နှစ်ဖက်တိုက်ပွဲတွေကြောင့် ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းကို နှစ်ဖက်တပ်တွေက မတ်လ ၈ ရက်နေ့မှာပိတ်ထားလိုက်တာဖြစ်ပြီး လက်ရှိ ပူတာအိုမြို့နယ်မှာကုန်စည်အဝင်ရပ်တန့်နေတဲ့အတွက် အခြေခံစားသောက်ကုန်တွေအဆမတန်စျေးတက်နေတယ်လို့ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နေအမျိုးသမီးတစ်ဦးကပြောပါတယ်။

ကုန်စျေးကတော့လမ်းပိတ်တာ လေးငါးရက်ပဲရှိသေးတယ် ကြက်ဥတစ်လုံးကို ၅၀၀ တဲ့ ၁၀လုံးဆို ငါးထောင်အရင်က ၁၅လုံးရတယ် ကြက်သွန်ဖြူက ၁၂၀၀၀ တဲ့တစ်ပိသာ”လို့ သူကပြောပါတယ်။

အခုလိုကားလမ်းပိတ်ပြီးကုန်စည်အဝင်ရပ်တန့်နေတာကြောင့် ကြက်သားတစ်ပိသာ ယခင်က ကျပ် ၁၄၀၀၀ကနေ လက်ရှိ ၂၅၀၀၀ ကျပ်၊ ကြက်သွန်ဖြူ ယခင်ကတစ်ပိသာ ကျပ် ၁၀၀၀၀ ကနေလက်ရှိ ကျပ် ၁၂၀၀၀ ကျပ်နဲ့ ခရမ်းချဥ်သီး တစ်ပိသာကျပ် ၂၀၀၀ ကနေလက်ရှိ ကျပ် ၅၀၀၀ အထိစျေးတက်သွားပြီးအခုစားသောက်ကုန်တွေပြတ်လပ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။

အောက်ပိုင်းကလာတဲ့ငါးတွေဆိုမရှိတော့ဘူး ကြက်သားလည်းမရှိဘူးဒီဒေသမှာမွေးတဲ့ဥတုံးကြက်ပဲရှိတာအောက်ပိုင်းကမလာတော့ စျေးတက်သွားတာ ကြက်ဥဆိုလည်း ဆိုင်တိုင်းမှာမရှိတော့ဘူးကုန်တွေပြတ်နေတာ”လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

လက်ရှိပူတာအိုမြို့ပေါ်မှာ ကြက်ဥ၊ အသားငါး နဲ့ အခြားကုန်တွေစတင်ပြတ်လပ်စပြုနေပြီး နောက်ထပ်က ၄၊ ၅ ရက်လောက်လမ်းထပ် ပိတ်လာရင်စက်သုံးဆီ၊ စားသုံးဆီ၊ ဆန်တွေတွေပါပြတ်လပ်လာနိုင်တယ်လို့ဒေသခံတွေကဆိုပါတယ်။

ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းကို မတ်လ ၈ ရက်နေ့ မွန်းလွဲ ၄နာရီခွဲအချိန်ခန့်ကပိတ်လိုက်တာဖြစ်ပြီး လက်ရှိအချိန်ထိ ပူတာအိုမြို့နယ်နဲ့ဆွမ်ပရာဘွမ်မြို့နယ်တွေထဲမှာ စစ်ကောင်စီ တပ်နှင့် KIAKPDF တပ်တွေကြား နှစ်ဖက်စစ်ဆေးတင်းမာနေတာကြောင့်လမ်းပိုင်းပြန်မဖွင့်နိုင်သေးတာဖြစ်ပါတယ်။

မြစ်ကြီးနားပူတာအိုကားလမ်းပိုင်းမှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့အထိုင်တပ် ခလရ ၄၆ တပ်ရင်းနဲ့ ရှေ့တန်စခန်းသုံးနေရာကို KIA ဦးဆောင်တပ်က မတ်လ ၈ ရက်နေ့မွန်းလွဲပိုင်းမှာတစ်ပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

By – Zaw Zaw

Show More
Back to top button