မြစ်ကြီးနားမှာ အသက်၂၀ကျော်အရွယ် လူငယ်တစ်ဦးသတ်ဖြတ်မြေမြုပ်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အသက်၂၀ကျော်အရွယ် လူငယ်တစ်ဦးသတ်ဖြတ်ပြီး မြေမြုပ်ခံထားရတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။

သေဆုံးနေတဲ့လူငယ်ကတော့ ပျောက်ဆုံးနေတာ ၄ ရက်ကြာပြီးနောက် ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်း ၁၁ နာရီခွဲဝန်းကျင် မြစ်ကြီးနားမြို့နယ် နန့်ကွေ့ကျေးရွာဘက် JZ Resort အကျော် (ဒေသအခေါ်)  မိုင်ဒေးကွင်းဆိုတဲ့ တောအုပ်တစ်နေရာမှာ ဒေသခံတွေ ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ နန်းကွေ့ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

အဲဘက်မှာ ခြံလုပ်တဲ့ခြံပိုင်ရှင်တွေလို့ပြောရမလား သူတို့ဘက်ကနေပြီးတော့ သွားတွေ့တာပေါ့အဲနေရာက လူတွေထင်းတွေဘာတွေလိုက်ကောက်တဲ့ နေရာလည်းဟုတ်တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ အသက်၂၀ကျော်အရွယ်လူငယ်ဟာ တပ်ကုန်း(ထွယ်ဆန်) ရပ်ကွက်မှာနေထိုင်တဲ့ မောင်ဒိုင်နာလရိန်()လကီးဆိုသူဖြစ်ပြီး လည်ပင်းသေနတ်ဒဏ်ရာနဲ့သေဆုံးနေတာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးကခုလိုဆိုပါတယ်။

ဒဏ်ရာကတော့ မျက်နှာတစ်ဝိုက်နဲ့ လည်ပင်းမှာကသေနတ်ပစ်ထားတဲ့ ဒဏ်ရာလိုဖြစ်နေတယ် မျက်နှာမှာကပွန်းပဲ့ ဒဏ်ရာအနည်းရှိတယ်လို့ပြောပါတယ်။

ရုပ်အလောင်းကိုတော့ ဧပြီလ ၁၂ရက်နေ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း မြစ်ကြီးနားမြို့အဖွဲ့ရဲ့အကူညီနဲ့ နန်းကွေ့သုဿန်မှာမြေမြုပ်သဂြိုလ်ပေးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ဧပြီလ ၄ရက် မနက် ၅နာရီဝန်းကျင်မှာလည်း မြစ်ကြီးနားတက္ကသိုလ်အနောက်လမ်း စီတာပူနယ်မြေ ()နဲ့ ()ကြား Three Brother car service ဆိုင်အနီး အသက် ၅၀ ဝန်းကျင်အရွယ်လူလတ်ပိုင်း  ဦး ပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

By – Hope

Show More
Back to top button