လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ရှမ်းမြောက်မှာ တစ်ပတ်အတွင်း အရပ်သား ၂၈ ဦးထိခိုက်သေဆုံး

ရှမ်းပြည်မြောက်ပိုင်း TNLA ထိန်းချုပ်ထားတဲ့မြို့နယ်တစ်ချို့မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း ကလေးငယ် ၄ ဦးအပါအဝင် အရပ်သား ၂၈ ဦးသေဆုံးခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ဒါ့အပြင် တစ်ပတ်အတွင်းမှာ ထိခိုက်ဒဏ်ရာရရှိသူကတော့ ကလေးငယ် ၉ ဦးအပါအဝင် ၂၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒီသေဆုံး ဒဏ်ရာရရှိတဲ့စာရင်းကတော့ အောက်တိုဘာလ ၂ ရက်နေ့ကနေ မနေ့က အောက်တိုဘာ ၉ ရက်နေ့အထိ TNLA ကထုတ်ပြန်ထား တဲ့စာရင်းတွေဘဲဖြစ်ပါတယ်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO ကတော့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားတွေနေထိုင်တဲ့ နေရာ တွေကို အဓိကပစ်မှတ်ထားတိုက်ခိုက်နေတာတွေ့ရတယ်လို့ ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာက လေကြောင်းကနေမလာတဲ့နေ့ဆိုတာမရှိဘူး။ နေ့တိုင်းလာကြဲတယ်။ လာကြဲရင်လည်း လူနေထူ ထပ်တဲ့နေရာကို ပစ်မှတ်ချပြီးတော့ကိုကြဲတာ။ နမ္မတူဘက်ကမှာဆိုရင်လည်းဘုန်းကြီးကျောင်းကို ပွိုင့်ထားပြီးတော့ကိုလာကြဲ တာ။ ဒီတစ်ခေါက်သူတို့ကြဲတာက အရမ်းကိုအထိအခိုက်များတယ်။သူတို့က လက်နက်ကိုင်တွေရှိနေလို့ကြဲတာမဟုတ်ဘူး။ လူထု ရှိတဲ့နေရာကိုဦးတည်ချက်ရှိရှိကိုကြဲတာလို့လက်တလော ရှမ်းပြည်မြောက်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရတဲ့အခြေနေကို တအာင်းအမျိုးသမီးအဖွဲ့က ပြောရေးဆိုခွင့် ရှိသူတစ်ယောက်ကပြောပြပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီရက်သတ္တပတ်အတွင်းမှာ၎င်းတို့ပြန်သိမ်းပိုက်ခဲ့တဲ့ ကျောက်မဲမြို့အပါအဝင် တအာင်းတပ် TNLA ထိန်းချုပ် ထားဆဲ သီပေါ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်၊ နမ္မတူနဲ့ မိုးမိတ်မြို့နယ် အစရှိတဲ့မြို့တွေကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အခုလိုလေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေအကြား ထွက်ပြေးတိမ်းရှောင်ရတဲ့နယ်မြေတွေကလည်းမရှိသလောက်နည်း လာပြီး လေကြောင်းအန္တရာယ်ဘေးလွှတ်ဖို့အတွက် စစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာတွေကိုတိမ်းရှောင်နေရတဲ့အခြေနေတွေ ရှိလာတယ်လို့ TWO ကဆက်ပြောပါတယ်။

လူတွေက လေယာဥ◌်ကြဲတာကိုတအားထိတ်လန့် ဘာစီးပွားမှမဖြစ်တော့တဲ့အခါ လူတွေက ထွက်ပြေးဖို့အတွက် စကမ(စကစ) ရဲ့နယ်မြေတွေကိုထွက်ပြေးတိမ်းရှောင်ကြရတယ်။ အဲ့တာကလည်း စကမရဲ့လိုချင်တဲ့ရလဒ်လို့တော့မြင်တယ်။ လူထုတွေကို ကြောက်စိတ်ဖြစ်အောင်လုပ်တယ်။ ပြီးရင်သူတို့နယ်မြေထဲဝင်လာရင် စစ်ရှောင်တွေကိုမဲလက်မှတ်တခါတည်းထုတ်ပေးတယ်။ ဒါဟာသူတို့ရဲ့ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုတစ်ခုလည်းဖြစ်တယ်လို့ TWO ရဲ့ပြောရေးဆိုခွင့်ရှိသူက ထောက်ပြပါတယ်။

အခုလို စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုကြည့်ရင် လာမယ့်ဒီဇင်ဘာလမှာ ၎င်းတို့ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲ အတွက်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကသုံးသပ်နေကြပါတယ်။

ဒါ့အပြင် ဩဂုတ်လနောက်ဆုံးအပတ်က တရုတ်ကြားဝင်မှုနဲ့ စစ်ကောင်စီ၊ တအာင်းတပ် နှစ်တပ်တို့အကြားဆွေးနွေးပွဲမှာ စစ်ကောင်စီက လက်ရှိလေကြောင်းပစ်မှတ်ထားတိုက်ခိုက်မှုတွေဆက်တိုက်ခံနေရတဲ့ နမ္မတူ၊ သီပေါ အပါအဝင် မန်တုံ၊ မိုးကုတ် စတဲ့မြို့တွေကနေ ဆုတ်ခွာပေးဖို့ စစ်ကောင်စီကဆွေးနွေးခဲ့ပါတယ်။

ဒါပေမဲ့ တအာင်းတပ် TNLA က သဘောမတူတာကြောင့် အဲ့ဒီဆွေးနွေးပွဲပြီးနောက်ပိုင်းကစလို့ အောက်တိုဘာ ၁ ရက်နေ့မှာလည်း ကျောက်မဲမြို့ကို စစ်ကောင်စီကပြန်သိမ်းပိုက်ခဲ့သလို လာမယ့်ရွေးကောက်ပွဲမတိုင်ခင်မှာလည်းရှမ်းပြည်မြောက်ပိုင်းက သူတို့ လက်လွှတ်ထားရတဲ့ဒေသတွေကိုအရယူဖို့ပြန်ကြိုးစားလာနိုင်တာကြောင့် လေကြောင်းအန္တရာယ်သတိပြုကြဖို့ စစ်ရေးသတင်း ရင်းမြစ်တွေကဆိုကြပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီရဲ့လက်ချက်ကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ အပါအဝင် အရပ်သားသေဆုံးမှုဦးရေဟာ ၇၃၆၀ဦးအထိရှိလာပြီလို့ထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button