တိုက်ပွဲသတင်း

ပူတာအို- မြစ်ကြီးနားကားလမ်းပိုင်းရှိ တန်ဂျာရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့

ကချင်ပြည်နယ် ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းမှာရှိတဲ့ ပူတာအိုမြို့နယ်ထဲက တန်ဂျာကျေးရွာအနီးမှာလည်း KIAKPDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေကြားနှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

ပူတာအိုမြို့အထိုင်တပ် ခ..ရ ၄၆ တပ်ရင်းထဲကနေ အင်အား ၃၀ ဝန်ကျင်က အောက်တိုဘာ ၁၂ ရက်နေ့ တန်ဂျာကျေးရွာဘက်ကိုစစ်အင်အားဖြည့်တင်းပြီးနောက် အောက်တိုဘာ ၁၃ ရက်မှာ နစ်ဖက်တိုက်ပွဲဖြစ်သွားခဲ့တာလို့သိရပါတယ်။

ညနေပိုင်း ၃၊၄ နာရီလောက်မှာဖြစ်မယ် တန်ဂျာဟိုဘက်အကျော်မှာချောင်းကလေးရှိတယ်။ အဲ့ချောင်းနားမှာဖြစ်ကြတယ် လက်နက်ကြီးတွေကောအပြန်လှန်ပစ်ကြတယ်လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးပြောပါတယ်။

လက်ရှိစစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့တန်ဂျာကျေးရွာဟာ ပူတာအိုမြို့နဲ့ KIAထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်မြို့နှစ်ခုကြားမှာရှိတာဖြစ်ပြီး နှစ်ဖက်စစ်ဆိုင်ထားတဲ့အနေအထားမှာရှိနေတာကြောင့်မကြာခန ထိတွေ့တိုက်ပွဲ ဖြစ်လေ့ရှိကြောင်းသိရပါတယ်။

တန်ဂျာမှာကစစ်တပ်ထိုင်ထားတယ် တန်ဂျာချောင်းကျော်တာနဲ့တစ်ဖက်ကမ်းမှာက KIAနဲ့PDF တွေရှိတယ် ဆွမ်ပရာဘွမ်ဘက်ခြမ်းပေါ့သူတို့က ဟိုဘက်ခြမ်းဒီဘက်ခြမ်းပဲ တခါတလေလက်နက်ကြီးနဲ့လှမ်းထုတယ်တန်ဂျာဘက်ကနေလို့ပူတာအိုမြို့ခံအမျိုးသားတစ်ဦးကပြော ပါတယ်။

အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့မှာ ပူတာအိုမြို့နဲ့ ၁၂ မိုင်အကွာမှာရှိတဲ့ မချမ်းဘော့မြို့အထက်ဘက် ထန်ဂါးကျေးရွာအနီးမှာ KIAပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်၊တန်ဂူးတန်ပြည်သူ့စစ်ပူးပေါင်းတပ်တွေကြား သုံးနာရီကျော်ကြာတိုက်ပွဲပြင်းထန်ခဲ့ကြောင်း ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကKNG ကိုပြောပါတယ်။

၁၃ ရက်နေ့မှာ မချမ်းဘော့မြို့နယ် ထန်ဂါးကျေးရွာအနီးမှာရှိတဲ့ ချန်ခချောင်းမှာ KIAKPDFပေါင်းတပ် နဲ့ စစ်ကောင်စီက လက်အောက်ဌာနေပြည်သူ့စစ်တပ်နဲ့စစ်ကောင်စီတပ်တွေနဲ့ထိတွေ့မှုဖြစ်တယ် သုံးနာရီလောက်ကြာတယ်လို့သူကပြောပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့က ထန်ဂါးကျေးရွာအနီးတိုက်ပွဲ ဖြစ်ပွားပြီးနောက်ထန်ဂါးကျေးရွာအရှေ့ဘက်ခြမ်းက အများပြည်သူသွားလမ်းကိုစစ်တပ်ထိန်းချုပ်ထားပြီး လမ်းပိုင်းပိတ်စို့ထားတာတွေရှိနေကြောင်းသိရပါတယ်။

ပူတာအိုမြို့ပတ်လည်မှာအခုလိုတိုက်ပွဲတွေဖြစ်ပွားလာနေတာနဲ့အမျှပြည်သူတွေအနေနဲ့စစ်ရေးသတိရှိထားသင့်ကြောင်း ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရှိန်မြင့်နေတော့ကွက်ပြီးတော့ဖြစ်တာတော့မဖြစ်နိုင်ဘူး ဒါပေမယ့်တနိုင်ငံလုံးအတိုင်းအတာအရပြည်သူတွေကတော့စစ်ရေးသတိကတော့ရှိရမှာပဲ အခုချိန်မှာတော့ဘာပဲဖြစ်ဖြစ်ပြည်သူလူထုအနေနဲ့စစ်ရေးသတိထားတာပေါ့အ ကောင်းဆုံးပါပဲလို့သူကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က ပူတာအိုမြို့ပေါမှာ စစ်တပ်နဲ့တန်ဂူးတန်ပြည်သူ့စစ်ကိုထောက် ခံတဲ့ရဝမ်လူမျိုးတစ်စုက KIAနဲ့ KPDF ပူးပေါင်းတပ်တွေကို တိုက်ပွဲဆင်နွဲနေတဲ့စစ်တပ်နဲ့တန်ဂူးတန်ပြည်သူ့စစ်ကိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲ တစ်ခုပြုလုပ်ခဲ့ပါတယ်။

ယင်းဆန္ဒထုတ်ဖော်ပွဲအပြီးမှာပဲ  ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလို့ယူဆရတဲ့ Facebook အကောင့်ပိုင်ရှင်အချို့က Facebook စာမျက်နှာပေါ်မှာ ပူတာအိုပြည်သူတွေစစ်ရေးသတိရှိကြဖို့နဲ့ကြိုတင်ပြင်ဆင်ထားကြဖို့စတဲ့အသိပေးရေးသားတာမျိုးတွေခပ်စိပ်စိပ်တွေ့လာရပြီးနောက်မှာပဲအခုလိုတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားလာနေတာဖြစ်ပါတယ်။

ပူတာအိုခရိုင်ထဲက ခေါင်လန်ဖူးမြို့နယ်ရှိလန်ဟီဆင်ဒေသဘက်မှာလည်း စက်တင်ဘာ ၁၉ ရက်နေ့ကနေ စပြီး ၅ ရက်ခန့်ကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ထန်ခဲ့ပြီးလက်ရှိအချိန်အထိစစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်းသိရပါတယ်။

လက်ရှိမှာတော့ ပူတာအိုခရိုင်ထဲက ဆွမ်ပရာဘွမ်မြို့နဲ့ ခေါင်လန်ဖူးမြို့နယ်ထဲပ လာဟီဆင် မဆုတ်တမ်းရှေ့တန်းခံစစ်စခန်းတို့ကို KIAနဲ့ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button