ဝိုင်းမော်မှာ ရွှေကျင်းထဲပြုတ်ကျပြီး ရေနစ်သေဆုံးသူ ၂ ဦးထိရှိလာ

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ  ရက်တာအတွင်း ရွှေတူးထားတဲ့ကျင်းထဲပြုတ်ကျပြီး ရေနစ်သေဆုံးသူ ၂ဦးထိရှိလာပြီဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။

ဧပြီလ ၂၄ ရက် ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာ ဧရာဝတီမြစ်ထဲရေဆင်းချိုးတဲ့ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးချိန် ရွှေတူးထားတဲ့ကျင်းတစ်ခုမှာပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ်  ဧပြီလ ၂၅ရက်နေ့မှာလည်း မိုင်းနားကျေးရွာအုပ်စု၊ အင်ဂန်းကျေးရွာရှိ စန်းကားစစ်ရှောင်စခန်းက အသက် ၁၁နှစ်အရွယ်ကလေးတစ်ဦး ရွှေတူးထားတဲ့ကျင်းတစ်ခုထဲ ပြုတ်ကျပြီး  ရေနစ်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ 

စန်းကားစစ်ရှောင်စခန်းက ၁၁ နှစ်အရွယ်ကလေးမရဲ့ ရုပ်အလောင်းကိုတော့ အဲဒီနေ့မှာတော့ ပြန်လည် ရရှိခဲ့ပေမယ့်လည်း  နောင်တာလောကျေးရွာက အမျိုးသားရဲ့ရုပ်အလောင်းကိုတော့ ရှာလို့မတွေ့ခဲ့ဘူးလို့ သိရပါတယ်။

ဒါကြောင့် မိသားစုဝင်တွေကနေပြီးတော့ ပြီးခဲ့တဲ့ ဧပြီ ၂၅ရက်ကတည်းကနေ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းကို အကူအညီတောင်းခဲ့ပြီး လက်ရှိချိန်ထိ ရုပ်အလောင်းကိုရှာဖွေနေဆဲ ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ခုလိုပြောပြပါတယ်။

အဲမှာတွေက ဘတ်ဟိုး(backhoe)ကားနဲ့ တူးထားတာတွေရှိတယ်။  ချိုင့်တွေလေ။ ရေချိုးရင်းနဲ့ အဲဒီချိုင့်တွေမှာ ကျသွားတာ ဖြစ်တတ်တယ်။ ချိုင့်တွေက အနက်ကြီးတွေကို။ အရင်တုန်းက ဘက်ဟိုးကုတ်တုန်းကဆိုရင် ဘက်ဟိုးတစ်စီးကို အပေါ်က ကြည့်ရင်တောင် မမြင်ရဘူးတဲ့ သူတို့ ချိုင့်ထဲဝင်နေရင်လို့ ဆိုပါတယ်။

PSA

ရေနစ် သေဆုံးသွားတဲ့ အမျိုးသားဟာ စစ်ရှောင်တစ်ဦး ဖြစ်တယ်လို့ သိရှိရပြီး အဲဒီအနီးနားတစ်ဝိုက်ရွှေကျင်နေတာလည်းဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီလ ၁၅ရက်နေ့မှာလည်း မခေါတီကျေးရွာက အသက် ၁၂နှစ်အရွယ် ကလေးတစ်ဦး ရေနစ်သေဆုံးခဲ့ပြီး ရုပ်အလောင်းကိုတော့ ဧပြီ ၂၁ ရက်နေ့ ဟိုးလော်ကျေးရွာ ဧရာဝတီမြစ်ကမ်းဘေးမှာ ပြန်လည် တွေ့ရှိခဲ့သလို၊ ဧပြီလ ၁၈ရက်နေ့မှာလည်း မြစ်ကြီးနားမြို့  ကချင်စုဆိပ်ကမ်းမှာ ရေနစ်သေဆုံးတဲ့အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာဘဲ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ ဒီရွှေတူးကျင်းတွေဟာကျင်းဟောင်းတွေဖြစ်တယ်လို့သိရပြီး ရေတက်လာတဲ့အချိန် ကျင်းတွေအာလုံးရေပြန်ဖုံးသွားတာကြောင့် ခုလိုဖြစ်စဉ်တွေဖြစ်လာတာလို့ ပြောပါတယ်။ 

တစ်ဖက်မှာလည်း ခုလို ရွှေတူးဖော်မှုတွေကြောင့် ရွှေတွင်းဟောင်းတွေထဲ ပြုတ်ကျသေဆုံးသူတွေ ရှိလာလို၊ ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတချို့နဲ့  ပြဒါးတွေကြောင့် ဒီမြစ်ရေတွေကို အသုံးပြုတဲ့သူတွေ အတွက်လည်း ပွေးယားနာတွေ ဖြစ်ပွားတာကို တွေ့ရှိရပါတယ်။

ဒါအပြင် ဗလမင်းထင်တံတားအောက်နဲ့ မြစ်ကမ်းနဘေးတွေမှာ မြစ်ကြောင်းရှင်းလင်းရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး လက်ရှိချိန်ထိ ဘက်ဟိုးကားကြီးတွေ နဲ့ သဲကျောက်တွေ တူးဖော်နေကြတာလည်း  ဖြစ်ပါတယ်။

By – Hope

Show More

Leave a Reply

Back to top button