ရွှေကူတိုက်ပွဲမှာ စစ်တပ်ရဲ့ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိ

ကချင်ပြည်နယ် ရွှေကူမြို့အထွက် လမ်းဆုံနေရာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းတချို့ပါသိမ်းဆည်းရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါ တယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က သေဆုံးမှုတွေလည်းရှိခဲ့သလို တင့်ကားဖျက် RPG ဗုံးသီးတွေအပါအဝင်၊ ၄၀ မမ ဗုံးသီးတွေနဲ့ မြေမြုပ်မိုင်းအပါအဝင် ကျည်ကဒ်နဲ့ ကျည်ဆံတွေပါ ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က သိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။

ဒေသခံတစ်ဦးပြောတာအရ ဧပြီလ ၁၈၊ ၁၉ ရက်နေ့ဝန်းကျင်မှာ PDF တပ်ဖွဲ့တွေ နေရာယူ ထားတဲ့လမ်းဆုံစခန်းကို စစ်ကော်မရှင် ဘက်က အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် PDF ဘက်က ခေတ္တဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဧပြီလ ၂၀ ရက်နေ့မှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေ အင်အားပြန်လည်စုဖွဲ့ပြီး () ရက်ခန့် ဆက်တိုက်ပြန်လည် တိုက်ခိုက်ခဲ့ရာ အဲ့ဒီစခန်းကို အောင်မြင်စွာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့စစ်ရေးနဲ့နီးစပ်တဲ့ဒေသခံတစ်ဦးကအတည်ပြု ပြောပါတယ်။

အဲဒီနေရာကို ရွှေကူ (အခြေစိုက်)စစ်ကောင်စီ တပ်က ထွက်လာတဲ့ စစ်ကြောင်းတွေက အလစ်အငိုက် လာရောက်တိုက်ခိုက် တာကြောင့် ကျွန်တော်တို့ဘက်က လူတွေ ခေတ္တ ဆုတ်ခွာပေးခဲ့ရတယ်။ အဲဒါကို အင်အားပြန်စုပြီး ပြန်လည်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲကသုံးရက်လောက် ကြာသွားတယ်၊ အခုတော့ (စခန်းကို) အားလုံး ပြန်လည်သိမ်းပိုက်နိုင်ပြီလို့ ကြားရပါတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

PSA

ဒေသခံတွေပြောတဲ့ ရွှေကူမြို့အထွက် ၅ လမ်းဆုံနေရာဟာ ရွှေကူမြို့ကနေ ကသာနဲ့မန္တလေးမြို့နယ်တို့ကိုဆင်းသွားရတဲ့ လမ်းပိုင်း မှာတည်ရှိတဲ့ လမ်းဆုံနေရာတစ်ခုဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့တပ်မဟာ ၁၁ နယ်မြေအတွင်း တည်ရှိတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

လက်ရှိမှာတော့ အဲဒီဒေသအတွင်း တိုက်ပွဲအခြေအနေတွေ တင်းမာနေဆဲဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ ဆက်လက် ရှိနေတယ်လို့ သိရပါတယ်။

ရွှေကူမြို့နယ်အခြေနေဟာ မြို့တွင်းနေရာတော်တော်များများကိုတော့ စစ်ကော်မရှင်ကထိန်းချုပ်ထားဆဲအခြေနေဖြစ်ပြီး မြို့ပြင် ကျေးရွာတွေနဲ့ အချက်အချာကျတဲ့တည်နေရာတချို့ကိုတော့ တော်လှန်ရေးအင်အားစုတွေသာ လွှမ်းမိုးထားနိုင်တဲ့အခြေနေလို့ ဆိုနိုင်ပါတယ်။

လက်ရှိသိမ်းပိုက်လိုက်တဲ့နေရာတွေက တော်လှန်ရေးအင်အားစုတွေဘဲထိန်းချုပ်ထားတာ။ စစ်တပ်က မြို့အထဲမှာပဲရှိတော့တာ ဒီစစ်ကြောင်းတွေဆိုလည်း မြို့ထဲကနေမြို့ပြင်ထွက်တိုက်တာ။လို့ အထက်ပါဒေသခံတစ်ဦးကဘဲ လက်တလော ရွှေကူမြို့နယ်အပေါ်နှစ်ဖက်တပ်တွေရဲ့ထိန်းချုပ်မှုအခြေနေကိုရှင်းပြပါတယ်။

တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ အဆိုပါစခန်းနေရာကိုဝင်ရောက်လာကြတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေကတော့ ရွှေကူမြို့ပေါ်က ခမရ ၆၀၂ နဲ့ ခလရ ၅၆ ပူးပေါင်းတပ်ဖွဲ့တွေလို့သိရပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်း စစ်ကော်မရှင်တပ်တွေဟာ စစ်ကိုင်းနဲ့ကချင်အစပ်ဒေသကိုဆက်တိုက်အင်အားဖြည့်တင်းမှုတွေ လုပ်နေပြီး အထူးသဖြင့်တော့ ကသာမြို့နယ်နဲ့အင်းတော်မြို့နယ်တို့ကို စစ်အင်အားဆက်တိုက်ဖြည့်တင်းဖို့လုပ်ဆောင်နေတာတွေ တွေ့ရပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button