ရွှေကူမှာ စစ်တပ်ဗုံးကြဲလို့ အရပ်သား ၂၀ ကျော်ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ် ရွှေကူမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က တစ်ရက်တွင်း  နေရာ  ခုမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ချခဲ့တာကြောင့် အရပ်သား ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့က ဇွန်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ရွှေကူမြို့နယ်၊ ကိုင်းရွာအနောက်ဘက်က ရွှေမျောတွေရှိတဲ့နေရာကို ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးအလုံး ၃၀ ကြဲချခဲ့တာကြောင့် ရွှေမျောလုပ်သားနဲ့ စားဖိုမှူးတွေအပါအဝင် ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

ကိုင်းရွာရဲ့အနောက်ဘက်မှာ ရွှေမျောတွေရှိတယ် မျောဆင်းနေတဲ့အချိန် မနက်ပိုင်းလာကြဲသွားတာ၊ အလုံး ၃၀ ရှိတယ်။ တော်သေးတယ် လူတွေပေါ်တည့်တည့်မကျဘူး၊ ကျောက်တုံးတွေပေါ်ကျတာများတယ်။ အဲဒါကြောင့် ကျောက်ခဲစတွေမှန်ကုန်ပြီး ဒဏ်ရာရ ၂၀ ကျော်တယ်” လို့ အသက် ၄၀ ကျော် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီ ရွှေမျောတွေရှိတဲ့နေရာ ဗုံးကြဲခံရမှုမှာ မနေ့ကအထိတော့ ဒဏ်ရာရသူ ၂၀ ကျော်ရှိပြီး တချို့စိုးရိမ်ရတဲ့ အခြေအနေရှိနေကြောင်း သူကဆက်ပြောပါတယ်။

သေဆုံးသူတော့ မသိရှိဘူး ခုလောလောဆယ် ဒဏ်ရာရတဲ့သူတွေကို ဒီဘက် (ကာကွယ်ရေးတပ်တွေဘက်က ကားနဲ့လာသယ်ပြီး ဆေးကုပေးနေတယ်။ မိန်းကလေးတွေများတယ် ဒဏ်ရာရတဲ့ထဲမှာ” လို့ အထက်ဖော်ပြပါ အမျိုးသားက ဆက်ပြောပါတယ်။

ထို့အပြင် မနေ့က မွန်းလွဲ  နာရီခန့်အချိန်မှာလည်း ကိုင်းရွာအနောက်ဘက် ရွာနဲ့ကပ်လျက်နေရာကို ဗုံး  လုံး ထပ်မံကြဲချခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင်   နာရီမှာ Y-12 တစ်စီးနဲ့ ရွှေကူမြို့အထက်ဘက်ရှိ လမ်းကူးကျေးရွာကို ဗုံးသီးအလုံးရေ ၄၀ ကျော်ခန့် ကြဲချသွားတဲ့တွက် လူနေအိမ်များအများအပြား ပျက်စီးသွားကြောင်း ရွှေကူမြို့နယ် .က. တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။

မနေ့တစ်ရက်တည်း သုံးကြိမ်ကြဲတာလေး။ နောက်ဆုံးက လမ်းကူးရွာထဲကြဲသွားတာ။ တော်သေးတယ် ရွာထဲကလူမရှိလို့၊ အကုန်စစ်ရှောင်ကုန်ပြီ။ လူနေအိမ်ကတော့  လုံးထက်မနည်း ပျက်စီးသွားတယ် လို့ သူက ပြောပါတယ်။

လမ်းကူးရွာသားတွေဟာ ပြီးခဲ့တဲ့အပတ်ကတည်းက စစ်ရှောင်နေကြတာကြောင့် လူထိခိုက်မှုမရှိခဲ့ပေမယ့် လူနေအိမ်များ ပျက်စီးပြီး မီးလောင်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့အပတ်ကစပြီး ရွှေကူမြို့နယ်ထဲက KIA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေဘက်ကို စစ်မျက်နှာ  ခု ဖွင့်ပြီး စစ်ကြောင်း  ကြောင်းနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

ကားနဲ့မဟုတ်ဘူး၊ စစ်ကြောင်းက ခြေလျှင်တက်လာကြတာ။ ရွှေကူမြို့ကနေပြီးတော့ စစ်မျက်နှာလေးခုဖွင့်တယ်။ တစ်ကြောင်းက ငဘတ်ကြီးကနေ ပလောင်တောင်ကနေ ကိုင်းရွာ၊ တော်လန်ဘက်ကိုတစ်ကြောင်း၊ တစ်ကြောင်းက အူမလမ်းကြောင်းပေါ့ အထက်လေးလမ်းဆုံဘက်ကို၊ တစ်ကြောင်းက ရွှေဘုန်းမြင့်ဘက်၊ နောက်တစ်ကြောင်းက ငါးလမ်းဆုံဘက်ကို ထိုးတယ် လို့ ရွှေကူနယ် .က. တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီ စစ်ကြောင်း  ကြောင်းထဲမှာ အင်အားအများဆုံးက လက်ရှိ ဗန်းမော်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ အထက်လေးလမ်းဆုံဘက်က စစ်ကြောင်းဖြစ်ပြီး အင်အား ၇၀၀ ခန့် ပါဝင်တယ်လို့ သိရပါတယ်။

စစ်တပ်က အခုလို ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် စီသာ၊ မံဝင်း၊ ကိုင်းရွာ၊ လမ်းကူး၊ တော်လန်၊ မြိုင်သာ၊ ပန်းတင်၊ တုံးကောက်၊ ငှက်တံတား၊ နန့်လန်၊ ဝင်ဝ၊ နောင်လတ်ကြီး စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

လက်ရှိ ရွှေကူမြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွှေကူမြို့ .. ၅၆ တပ်ထဲက စစ်ကောင်စီစစ်သားတွေနဲ့ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကတည်းက ရွှေကူ– ငအိုးလမ်းကနေတဆင့် ထီးချိုင့်၊ တကောင်းဘက်က ဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေ ဖြစ်ကြောင်း သိရပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button