စင်းခန်းကျေးတွင် တာဝန်ကျသည့် စစစ(စုံစမ်းစစ်ဆေးရေး) တစ်ဦး အသတ်ခံရ

ဗန်းမော်မြို့နယ်၊စင်းခန်းကျေးရွာတွင် တာဝန်ကျသည့် စစစ(စုံစမ်းစစ်ဆေးရေး)တစ်ဦး ရွှေကူမြို့ မင်းကျောင်းကုန်းကျောင်းကျေးရွာတွင် အသတ်ခံလိုက်ရကြောင်း ဒေသခံများ၏ပြောဆိုချက်မှ သိရသည်။

မေလ ၁၀ရက် ည ၁၁နာရီခန့်က မင်းကျောင်းကုန်းကျေးရွာမှ အသက် ၇၀အရွယ် ဦးတင်လှိုင် အသတ်ခံလိုက်ရခြင်းဖြစ်ပြီး ကျေးရွာအနောက်ဘက် သံလမ်းတွင် အလောင်းပစ်ထားသည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“သူက နဂိုကနေ စစ်တပ်ရဲ့ စရဖ တစ်ဦးဖြစ်တယ်။ ရွာထဲ သွားပြီး ရွာသားတွေကို စစ်ကြောင်းထိုးတော့မယ် ဘာဘာညာညာ သွေးထိုသလိုပေါ့။ အဲ့လိုခြိမ်းခြောက်တာတွေလုပ်တယ်တဲ့။ သူက အဲ့ရွာရဲ့ဒေသခံလည်း မဟုတ်ဘူး။ ဒီမှာတာဝန်ကျတာကမကြာသေးဘူး။ မေလ ၁၀ရက်နေ့ ညမှာတော့ သတ်ခံလိုက်ရတယ်လို့ သိရတယ်။ ဘယ်အဖွဲ့အစည်းကနေ သတ်တယ်လို့တော့ ကျနော်တို့လည်းမသိရဘူး” ဟု ပြောဆိုသည်။

အသတ်ခံလိုက်ရသည့် ဦးတင်လှိုင်သည် ရွှေကူမြို့နယ် စင်းခန်းကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ဗန်းဗော်မြို့မှ ရွှေကူမင်းကျောင်းကုန်းဘက်သို့တာဝန်ကျကာ လာရောက်နေထိုင်သူဖြစ်ကြောင်း သိရသည်။

Show More
Back to top button