-
Mar- 2024 -22 Marchအင်တာဗျူး
နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF) အနေနဲ့ တော်လှန်ရေးမှာ ဘယ်လိုပူးပေါင်းပါဝင်နေသလဲ
နာဂပြည်သူ့ကာကွယ်ရေးဖွဲ့(NPDF) အဖွဲ့ဟာ လက်ရှိ နာဂခရိုင်အမှတ် (၁) တပ်ရင်းအဖြစ်ရပ်တည်နေတာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လ ကတည်းစတင်ဖွဲ့စည်းပေါ်ပေါက်လာတာဖြစ်ပါတယ်။
Read More » -
22 Marchသတင်း
ဒုံးတပ်အပါ ထောက်ပို့တပ်စခန်းအကြီးဖြစ်တဲ့ နွမ်လန့် တပ်စခန်း ၂ ခုကို KIA က တစ်ရက်ထဲ သိမ်းပိုက်
မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ ဒုံးတပ်အပါ စစ်တပ်ရဲ့ ထောက်ပို့တပ်စခန်းတစ်ခုဖြစ်တဲ့ နွမ်လန့်တပ်စခန်းကြီးကို KIA ပူးပေါင်းတပ်တွေက မတ်လ ၂၁ ရက်နေ့ တစ်ရက်တည်းမှာပဲတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၂၁ ရက်နေ့ …
Read More » -
21 Marchသတင်း
နာဖော့ ပါဂျောင်ဘွမ့် (Nahpaw Pajau Bum) က စစ်တပ်စခန်း ၆ ခုကို KIA အပြီးသတ်သိမ်းပိုက်
KIO လိုင်ဇာဗဟိုဌာနချုပ် နဲ့ ပါဂျော်ဘွမ့် (Pajau Bum) ကြားမှာရှိတဲ့ နာဖော့ ပါဂျော်ဘွမ့် (Nahpaw…
Read More » -
21 Marchသတင်း
ဒုံးတပ်နဲ့ အမြှောက်တပ်ရှိတဲ့ နွမ့်လန့်နဲ့ နောင်ကွန်တပ်စခန်းကြီး ၃ ခုကို KIA တိုက်ခိုက်နေ
မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ် ဒေါ့ဖုန်းယန်မြို့အနီး စစ်ကောင်စီတပ်ရဲ့ ဒုံးတပ်အပါ အမြှောက်တပ်တည်ရှိတဲ့ တပ်စခန်း ၃ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက မတ်လ ၂၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်ကနေ တပြိုင်နက်ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ နွမ်လန့်ဒေသခံတွေဆီကနေ သိရပါတယ်။ KIA ဘက်က ဒီမနက်တိုက်ခိုက်နေတဲ့ စခန်းတွေဟာ ဒေါ့ဖုန်းယန်မြို့မရောက်မှီ ၁၀ မိုင်လောက်အကွာ နွမ့်လန့်ကျေးရွာမှာရှိတဲ့ ခလရ ၄၃၈ တပ်ရင်း၊ ခလရ ၆၁၆ ဒုံးတပ် နဲ့ နောင်ကွန်မြှောက်တပ်စတဲ့ တပ်စခန်းကြီး ၃ နေရာဖြစ််််််််တယ်လို့ နွမ်လန့်ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုခုလိုပြောပါတယ်။…
Read More » -
20 Marchသတင်း
စန်းကားကျေးရွာအနီးက ခန်လုံးတံတားကို စစ်တပ်ကဖောက်ခွဲဖျက်ဆီး
ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာနဲ့ ရွာပေါင်း ၂၀ ဝန်းကျင် မှီခိုသွားလာနေတဲ့ ခန်လုံးတံတား(Hkang Lung mahkrai) ကို စစ်ကောင်စီတပ်ဖောက်ခွဲ ဖျက်ဆီးလိုက်တယ်လို့ အနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ မတ်လ ၁၉ မနေ့ညပိုင်း စန်းကားကျေးရွာအနီး စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က အဲ့ဒီတံတားကို ဖောက်ခွဲဖျက်ဆီးလိုက်တာဖြစ်တယ်လို့ စန်းကားဒေသခံတွေပြောပါတယ်။…
Read More » -
20 Marchသတင်း
ဆွမ်ပရာဘွမ်ဒေသ စစ်ဘေးရှောင်တွေတွက် အစားသောက်နဲ့ နေရာထိုင်ခင်းပြင်ဆင်ပေးဖို့ကူညီလိုအပ်နေ
ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတစ်ထောင်ကျော်တွက် နေရာထိုင်ခင်းနဲ့အစားသောက်ကူညီထောက်ပံ့ဖို့လိုအပ်နေတယ်လို့ ဆွမ်ပရာဘွမ်ဒေသခံအသင်းတော်တာဝန်ရှိသူတွေက ပြောပါတယ်။ မတ်လ ၉ ရက်နေ့ကစတင်ခဲ့တဲ့ ဆွမ်ပရာဘွမ်မြို့စခန်းသိမ်းတိုက်ပွဲအတွင်း ဒေသခံပြည်သူစုစုပေါင်း ၁၃၀၀ ဝန်းကျင်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတာ ခုဆိုရင် ၁၀ ရက်ကျော်ရှိလာပြီဖြစ်ပြီး ဆေးဝါးနဲ့အစားအသောက်လိုအပ်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “တချို့က တောတောင်တွေထဲ တိမ်းရှောင်နေတယ်။ တချို့က ကျေးရွာတွေထဲ တိမ်းရှောင်နေတယ်။ အခုအရေးပေါ်က ရက်ကြာလာတာတော့ ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်နေတယ်။ အခုက ရွာတွေထဲရှိတဲ့ စျေးဆိုင်တွေကနေပဲ ဖြစ်သလို ဝေစားမျှစားဖြေရှင်းနေတယ်။ ကားလမ်းလည်းပိတ်ထားတော့ အချိန်ကြာလာတာနဲ့ တော်တော်ဒုက္ခရောက်မဲ့ အနေအထားဖြစ်နေတယ်”လို့ ဆွမ်ပရာဘွမ်ဒေသ အသင်းတော်တာဝန်ရှိသူ တစ်ဦး ကပြောပါတယ်။ တိုက်ပွဲအခြေအနေကြောင့် မြစ်ကြီးနား – ပူတာအိုကားလမ်းမကြီး ပိတ်ထားတဲ့အတွက် မြို့ဘက်ကနေကူညီမှုတွေ ပို့ပေးနိုင်ဖို့လည်းခက်ခဲနေတယ်လို့ ဆိုပါတယ်။ လက်ရှိ ဆွမ်ပရာဘွမ်မြို့ဒေသခံပြည်သူတွေထဲက တော၊တောင်တွေထဲ တိမ်းရှောင်နေသူ ၂၀၀ ကျော်ရှိပြီး မြစ်ကြီးနားအဆင်းဘက် ကားလမ်းမတစ်ကြောကျေးရွာတွေမှာ အများအပြားတိမ်းရှောင်နေတယ်လို့ သိရပါတယ်။…
Read More » -
20 Marchသတင်း
ရွှေကူမြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲနေတဲ့ နေရာ ၃ ခု တစ်ချိန်တည်းတိုက်ခိုက်ခံရ
ကချင်ပြည်နယ် ရွှေကူမြို့ပေါ်မှာရှိတဲ့ မြို့မရဲခစခန်းအပါအဝင် စစ်ကောင်စီတပ်သားတွေ တပ်စွဲနေရာယူထားတဲ့ နေရာ ၃ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF၊ ဒေသကာကွယ်ရေးတပ် LPDF ပူးပေါင်းတပ်တွေက တစ်ချိန်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူဒေသကာကွယ်ရေးတပ် LPDFအဖွဲ့ဆီကနေ သိရပါတယ်။ ရွှေကူမြိုအထိုင်တပ်ဖြစ်တဲ့ ခလရ ၅၆ တပ်ရင်း၊ မြို့မရဲစခန်းအပါအဝင် အောက်လေးလမ်းဆုံမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို KIA၊KPDF ပူးပေါင်းတပ်တွေက မတ်လ ၁၉ ရက်နေ့ မနေ့ည ၆ နာရီဝန်းကျင်မှာ ဒရုန်း၊ လက်နက်ကြီးတွေအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူနယ် KPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “ပထမက အောက်လေးလမ်းဆုံမှာရောက်နေတဲ့စစ်သားတွေက အထက်လေးလမ်းဆုံနဲ့ မံခါးရွာဘက်ကို လက်နက်ကြီးတွေအရင်ပစ်ခဲ့တာ အဲ့တာနဲ့ဒီဘက်ကနေပြီး ညက ဒရုန်းနဲ့ကော ၊ လက်နက်ကြီး၊ ပဒိန်တွေနဲ့ကောသွားပစ်ခဲ့တာ”လို့ ပြောပါတယ်။ KIA ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့တဲ့ အောက်လေးလမ်းဆုံမှာ စစ်ကား ၂စီးနဲ့စစ်အင်အားလာပို့ထားတဲ့ စစ်ကောင်စီတပ်တွေအပါအဝင် ကင်းပုန်းဝပ်နေတဲ့စစ်သားတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးတာတွေရှိသလို ရဲစခန်းနဲ့ ၅၆ တပ်ရင်း တိုက်ခိုက်ခဲ့ရာမှာလည်း ထိခိုက်မှုတွေရှိသွားတယ်လို့ သူကဆက်ပြောပါတယ်။…
Read More » -
20 Marchသတင်း
ပင်းဘောမှာ ဘုရားပွဲအကြောင်းပြပြီး စစ်တပ်နဲ့ SNA တပ်အင်အားဖြည့်နေ
မိုးကောင်းမြို့နယ် ပင်ဘောကျေးရွာမှာ ဘုရားပွဲအကြောင်းပြပြီး စစ်တပ်နဲ့…
Read More » -
20 Marchသတင်း
ပူတာအိုမှာ ဆိုင်ကယ် ၂ စီးတိုက်မိလို့ ခရစ်ယာန်ဓမ္မဆရာတစ်ဦးသေဆုံး
ပူတာအိုမြို့တွင်းမှာ ဆိုင်ကယ်အချင်းချင်းတိုက်မိရာကနေ ခရစ်ယာန် ဓမ္မဆရာတစ်ဦး…
Read More » -
19 Marchသတင်း
မော်လူးမြို့မှာ ဒေသခံတွေရဲ့သစ်ကားဖမ်းတဲ့ကိစ္စဖြေရှင်းနေဆဲလို့ဆို အုပ်ချုပ်ရေးအဖွဲ့ဆို
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့မှာ သစ်ကားတွေကိစ္စ…
Read More »









