KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Mar- 2024 -
    19 March
    သတင်း

    နမ့်ကောန့်တပ်စခန်းကို KIA သိမ်းပိုက်ထားပေမယ့် တပ်စခန်းတွေကျန်ရှိနေသေးတာကြောင့် စစ်ရေးတင်းမာမှုရှိနေသေး

    တနိုင်းမြို့နယ် မိုင်းခွန်အုပ်စု နမ်ကောန့်(Namkawn) စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်တော် KIA က တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပေမယ့် တပ်စခန်း ၃ နေရာထက်ကျန်ရှိနေသေးတာကြောင့် စစ်ရေးတင်းမာတာတွေရှိနေသေးတယ်လို့သိရပါတယ်။ နမ်ကောန့်တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက မတ်လ ၁၈ ရက်နေ့ မနေ့က မနက်ပိုင်း ၇ နာရီလောက်မှာ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာတွေကြောင့် ညနေပိုင်းမှသာ အပြီးသတ်သိမ်းနိုင်ခဲ့တယ်လို့ မှော်ဒေသမှာရှိတဲ့ ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “အမှန်တော့ စစ်တပ်စခန်းကို မနက်ပိုင်း ၁၁ နာရီလောက်ကနေ အကုန်သိမ်းပြီးပြီ။ ဒါပေမယ့် စစ်တပ်အဆက်မပြတ် လေယာဉ်နဲ့ ဗုံးကြဲတော့ ခဏပြန်ဆုတ်ထားတာ။ ပြန်တိုက်လိုက်နဲ့ ပြန်နားလိုက်နဲ့ ညပိုင်းမှာပဲ သိမ်းလိုက်နိုင်တယ်။ စစ်တပ်ဘက်က သေဆုံးတာများတယ်လို့ပြောတယ်”လို့ပြောပါတယ်။ မနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး ဖမ်းဆီးရမိတဲ့သူတွေလည်းရှိတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပေမယ့် KNG သတင်းဌာနက အချက်အတိအကျကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။…

    Read More »
  • 19 March
    သတင်း

    ကချင်ပြည်နယ်ရဲ့ မြို့နယ်တစ်ချို့မှာ စစ်မှုထမ်းဖို့စာရင်းစတင်ကောက်ယူနေ

    ကချင်ပြည်နယ်ထဲက  မြို့နယ်တစ်ချို့မှာ စစ်တပ်က စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်စာတွေပို့ပြီး စာရင်းတွေစကောက်နေပြီလို့ ကချင်ပြည်နယ်မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ မတ်လ တတ်ိယအပတ်ကစပြီး ကချင်ပြည်နယ်တွင်းက မြစ်ကြီးနားမြို့၊ဗန်းမော်မြို့၊ မိုးညှင်းမြို့နယ်အပါအဝင် မြို့နယ်တစ်ချို့မှာ စစ်တပ်ကအုပ်ချုပ်ရေးမှူးတစ်ဆင့် စစ်မှုထမ်းဖို့ ဆင့်ခေါ်စာပေးပို့ပြီး စာရင်းစကောက်ယူနေတဲ့အပြင် ဗန်းမော်မြို့မှာဆို စာရင်းကောက်ယူမယ့်အကြောင်းအရာနဲ့ပတ်သက်ပြီး…

    Read More »
  • 19 March
    သတင်း

    မုံးကိုးမြို့မှာ MNDAA က လက်နက်ရမ်းသမ်းပစ်လို့ ဒေသခံပြည်သူတစ်ချို့ သေဆုံးတာတွေရှိနေ

    ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA…

    Read More »
  • 19 March
    သတင်း

    အောင်မြေ  ၁ နဲ့ အောင်မြေ ၂ ရွာပြည်သူတွေရဲ့နေအိမ် စစ်ကောင်စီတပ်များ ဖောက်ထွင်းပြီးရိက္ခာပစ္စည်းသယ်ယူ‌နေ

    ဝိုင်းမော်မြို့နယ် အောင်မြေ ( ၁)…

    Read More »
  • 18 March
    သတင်း

    မီးဘေးသင့် ဟွေထိုက်ကျေးရွာပြည်သူတွေအတွက် အစားသောက်၊နေရာထိုင်ခင်း အရေးပေါ်အကူအညီလိုအပ်နေ

    စစ်ကိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လဟယ်မြို့နယ်ထဲက ရွာလုံးကျွတ်နီးပါး မီးလောင်သွားတဲ့ ဟွေထိုက်ကျေးရွာနေ ပြည်သူတွေအတွက် ကူညီထောက်ပံ့မှုတွေအရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၁၄ ရက်နေ့ နေ့လည်ပိုင်း တောမီးကူးစက်မီးလောင်ကျွမ်းရာကနေ ဟွေထိုက်ကျေးရွာက ရွာလုံးကျွတ်နီးပါး မီးဘေးသင့်နေပြီး ပျက်စီးဆုံးရှုံးမှုတွေများတာကြောင့် အကူအညီတွေလိုအပ်နေတယ်လို့  လဟယ်မြို့နေအမျိုးသားတစ်ဦးက ပြောပါတယ်။ “နေ့လည်၁၂ နာရီကြီးမှာလောင်သွားတာ အဲ့နေ့ကကြာသာပတေးနေ့လည်း အဲ့ဆိုတော့ အားလုံးကတောင်ယာသွားနေကြတာ အိမ်မှာက ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေလောက်ပဲကျန်တာ ဘာမှမလုပ်နိုင်ဘူးလေသူတို့ အဲ့ကြောင့် တစ်ရွာလုံးနီးပါးကိုလောင်သွားတာ ဘာမှမရလိုက်ကြဘူး”လို့သူကပြောပါတယ်။ ရွာလုံးကျွတ်နီးပါး မီးလောင်သွားတဲ့ ဟွေထိုက်ကျေးရွာ…

    Read More »
  • 18 March
    သတင်း

    ဖမ်းဆီးခံထားရတဲ့ ရောဘတ်စစ်ရှောင်စခန်းက စစ်ရှောင်အမျိုးသား ၁၅ ဦးပြန်ပြီးလွတ်မြောက်

    ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်းကနေ ဖမ်းဆီးခံထားရတဲ့ စစ်ရှောင်အမျိုးသား ၁၅ ဦး မနေ့ညနေပိုင်းပြန်ပြီးလွတ်မြောက်လာပြီဖြစ်တယ်လို့ စစ်ရှောင်စခန်းကနေ သိရပါတယ်။ အဲဒီစစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ မတ်လ ၉ ရက်ည စစ်တပ်ကစစ်ရှောင်စခန်းထဲကနေ လာရောက်ဖမ်းဆီးခေါ်သွားတာဖြစ်ပြီး မတ်လ ၁၇ ရက်နေ့ မနေ့ ညနေ ၄ နာရီလောက်မှာ ပြန်လွတ်ပေးလိုက်တာဖြစ်တယ်လို့ စစ်ရှောင်စခန်းတာဝန်ခံဆရာတစ်ဦးက ပြောပါတယ်။ “အကုန်ပြန်လွတ်လာပြီ၊ ဒီက ရပ်မိရပ်ဖတစ်ချို့နဲ့ သွားခေါ်ခဲ့တာပေါ့၊ သူတို့ဘက်ကလည်း မေးစရာရှိတာနည်းနည်းပါးပါးပြန်မေးပြီး ဘာအပြစ်မှမရှိဘူး ဆိုပြီး ခံဝန်ချက်ထိုးပြီး ပြန်လွတ်လိုက်တာပေါ့”လို့ပြောပါတယ်။ မတ်လ ၇ ရက်နေ့ကတည်းကစပြီး စစ်ကောင်စီတပ်တွေဟာ ဗန်းမော်မြို့ထဲကို ကာကွယ်ရေးတပ်ဖွဲ့ KPDF တွေဝင်ရောက်လာပြီဆိုတဲ့ အကြောင်းပြချက်နဲ့မြို့တွင်း၊မြို့ပြင် အရပ်သားပြည်သူတွေကို စစ်ဆေးဖမ်းဆီးတာ လုပ်ဆောင်လာပြီး မတ်လ ၈ ရက်နေ့မှာလည်း ဟိုတယ်၊…

    Read More »
  • 18 March
    သတင်း

    ဆရာခွန်ဂျော်လီ(Sara Hkun Jaw Li)ပစ်သတ်ခံရ 

    “သူရဲ့ ကွန်ပျူတာဆိုင်ထဲမှာ ပထမလူ ၂ ယောက်က မိတ္တူကူးယူမယ်ဆိုပြီးဝင်လာတယ်တဲ့။ အဲဒီမိတ္တူကူးပေးလိုက်ပြီး ဘယ်လောက်မကြာဘူး နောက်ထပ် လူ ၂ ယောက်က ဝင်လာပြီး သူ့ရဲ့ ကွန်ပြူတာ အခန်းမှာပဲ သေနတ်နဲ့ ပစ်သတ်သွားတယ်”လို့ပြောပြပါတယ်။

    Read More »
  • 18 March
    သတင်း

    တနိုင်းဒေသ နမ့်ကောန်(Namkawn) စစ်တပ်စခန်းကို KIA တိုက်ခိုက်နေပြီး စစ်တပ်ကလေယာဉ်ဗုံးကြဲနေ

    “တိုက်ပွဲက အခုချိန်အထိ တဒုန်းဒုန်းဖြစ်နေကြတုန်း တိုက်ပွဲက ၇ နာရီလောက်ကနေ စတာ။ တိုက်ပွဲအခြေအနေက KIA ဘက်ကနေ နမ့်ကောန့်စခန်းကို အပြီးသိမ်းမယ်လို့ စီစဉ်ချထားကြတယ်။ အခု ၁၁ နာရီလောက်အထိတော့ သိမ်းလိုက်ပြီလို့မကြားရသေးဘူး။ ရအောင်သိမ်းမယ်လို့ပဲကြားထားတာ”လို့ပြောပါတယ်။

    Read More »
  • 16 March
    သတင်းNmawk

    ခလရ ၂၃၇ တပ်ကနေထွက်ပြေးလာတဲ့စစ်သားတစ်ဦးကို ဆိုင်ကယ်နဲ့လိုက်ပို့တဲ့ ရွာသားတစ်ဦးပစ်သတ်ခံရ

    မိုးမောက်မြို့နယ် ခလရ ၂၃၇ ဒါဆိုင်းတပ်ကနေ ဗန်းမော်မြို့နယ် ခူးလီ၊ နန့်လှိုင်ကျေးရွာဘက်ကို ထွက်ပြေးလာတဲ့ စစ်သားတစ်ဦးကိုဆိုင်ကယ်နဲ့လိုက်ပို့ပေးတဲ့ ခူးလီရွာသားတစ်ဦးပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၁၄ ရက်နေ့ မိုးမောက်မြို့နယ် ဒါဆိုင်းစစ်တပ်စခန်းဖြစ်တဲ့ ခလရ ၂၃၇ စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက စခန်းဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စခန်းစွန့်ခွာထွက်ပြေးတဲ့စစ်သားတစ်ချို့ ဒါဆိုင်းတပ်စခန်းနဲ့ ၁၀ မိုင်ဝန်းကျင်ဝေးတဲ့ ဗန်းမော်မြို့နယ် နန့်လှိုင်နဲ့ခူးလီရွာဘက်ကို ထွက်ပြေးလာကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ထွက်ပြေးလာတဲ့ စစ်သားတွေဟာ အရပ်ဝတ်ဆင်ထားတဲ့ စစ်သားတွေပါသလို စစ်ယူနီဖောင်းဝတ်ထားတဲ့စစ်သားတွေအများပြားထွက်ပြေးလာတယ်လို့သိရပြီး အဲဒီစစ်ကောင်စီတပ်တွေဟာ ခူလီ၊နန့်လှိုင်ရွာထဲက ပြည်သူတစ်ချို့ကို ဗန်းမော်မြို့အဝင် နန့်ဖားဂိတ်ကို ပို့ဆောင်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီစစ်သားတွေထဲက အသက် ၇၀ ဝန်းကျင်ရှိပြီဖြစ်တဲ့ စစ်သားတစ်ဦးအမောဆို့နေတာကြောင့် ခူးလိီရွာသားက ဆိုင်ကယ်နဲ့လိုက်ပို့ပေးချိန်  နန့်လိုင်ရွာစျေးမှာတင် ပစ်ခံလိုက်တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “စစ်သားတွေက အရပ်ဝတ်တွေရော ပြီးတော့ ဖားတစ်ပိုင်း ငါးတစ်ပိုင်း စစ်အင်္ကျီယူနီဖောင်း ဘောင်းဘီတိုဝတ်တာတွေရော ထွက်ပြေးလာကြတာ အဲမှာ လမ်းသွားလာတဲ့သူတွေကို တားပြီးတော့ စစ်သားတွေက ဗန်းမော် နန့်ဖားဂိတ်ကို ပို့ခိုင်းတာလည်းရှိတယ်။ ရွာဘက်ကို စစ်သားတွေကို ကစဉ့်ကလျားပြေးလာကြတော့ ရွာသားတွေကလည်း ချောင်းကြည့်တာနေမှာပေါ့ အာ့မှာအသက်အရမ်းကြီးတဲ့ စစ်သားအိုတစ်ယောက်ကိုတွေ့တော့ အဲခူးလီရွာသားက  ဆိုင်ကယ်နဲ့မောင်းပြီးလိုက်ပို့ပေးတာလို့ သိရတယ်။ နန့်လှိုင်စျေးနားမှာဘဲ  ပြောက်ကျားပစ်သတ်ခံလိုက်ရတာ။ကျနောတ်ို့အထင်တော့ နှစ်ယောက်စလုံးစစ်သားလို့ထင်လို့ဖြစ်မယ်။ နောက်မှာလည်း စစ်သားကထင်ထားတော့လေ”လို့ ပြောပါတယ်။…

    Read More »
  • 16 March
    ELTV

    အပတ်စဉ် ကချင်တိုင်းရင်းသားဘာသာရုပ်သံအစီအစဉ် ( March 16 ,2024 )

    Read More »
Back to top button