-
Mar- 2024 -28 Marchတိုက်ပွဲ
ဆွမ်ပရာဘွမ်တိုက်ပွဲ ရက်ပေါင်း ၂၀ ကျော်ကြာလာပေမယ့် စခန်းသိမ်းနိုင်ခြင်းမရှိသေး
ကချင်ပြည်နယ် မြောက်ဖျားပိုင်းတစ်ခုလုံးမှာအကြီးဆုံးတပ်စခန်းဖြစ်တဲ့ ဆွမ်ပရာဘွမ်မြို့နယ်က ခလရ ၄၆ စစ်ကောင်စီတပ်စခန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ဆက်လက်ကြိုးစားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ရိက္ခာပြတ်လပ်နေကြပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ တိုက်ပွဲစတင်လာတဲ့နေ့ကစပြီး မြစ်ကြီးနား–ပူတာအိုလမ်းပိုင်းကို KIA ပူးပေါင်းတပ်ပိတ်ပင်ထားတာ ခုဆိုရင် ရက်ပေါင်း ၂၀ ရက်ကျော်ရှိမြင့်လာချိန် စစ်တပ်အတွက် ရိက္ခာပြတ်လပ်လာတဲ့အခြေနေကြုံနေရ ပြီဖြစ်တယ်လို့ မတ်လ ၂၇ ရက်နေ့ထိ ဆွမ်ပရာဘွမ်တိုက်ပွဲအခြေနေနဲ့ပတ်သက်လို့ KIA ရှေ့တန်းသတင်းရင်းမြစ် တစ်ယောက်ကအခုလိုပြောပါတယ်။ “သူတို့က ကတုတ်ကျင်းကို လိုဏ်ဂူလိုအခိုင်အမာဆောက်ပြီးနေနေတာကြောင့် ခက်နေသေးတယ် လေယာဥ်နဲ့က ပြန်လာပစ် သူတို့က အထဲမှာပဲအခိုင်အမာနေရာယူထားတာဆိုတော့ခက်နေတယ် ဒီစခန်းကိုမရရအောင်သိမ်းဖို့ရည်ရွယ်ချက်နဲ့တိုက်နေတယ် သူတို့ ဒီစခန်းမှာ အင်အားတော့သိပ်မရှိ တော့ဘူး ရိက္ခာတွေလည်ပြတ်နေပြီလို့သိရတယ် လေယာဥ်ကပဲလာချတာပဲလုပ်နေတယ် လေယာဥ်နဲ့ပဲ အဓိကထားပြီးလာပစ်နေတယ် ဒီစခန်းထဲမှာရှိနေတဲ့ စစ်သားတွေကလည်း ငတ်ပြတ် နေကြပြီ သူတို့အထက်အမိန့်မရတာကြောင့်ပဲ လက်မလွှတ်တာတစ်ခုပဲရှိတော့တယ်။” လို့ပြောပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေအကြား ကျဆုံးမှုတွေလည်းများနေတယ်လို့သိရသလို တပ်စခန်းအတွင်း စစ်ကောင်စီဘက်က အင်အား ၉၀ ဝန်းကျင်ရှိနေသေးတယ်လို့ဆိုပါတယ်။ ဒီစစ်တပ်စခန်းကို …
Read More » -
28 Marchတိုက်ပွဲ
ရှမ်းမြောက်မှာ MNDAA နဲ့ SSPP/SSA တပ်တို့တိုက်ပွဲဖြစ်
ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်မှာ ကိုးကန့်တပ် MNDAA နဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုနဲ့ ဖြေရှင်းသွားမယ်လို့ SSPP Info က မနေ့က မတ်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကိုးကန့်တပ် MNDAA ဟာ သိန္နီမြို့ထဲမှာရှိတဲ့ SSPP/SSA ရဲ့ တပ်စခန်းကို မတ်လ ၂၆ ရက်နေ့က ဒရုန်းနဲ့နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ရာကနေ မနေ့က မတ်လ ၂၇ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး SSPP/SSA က ခုခံ ကာကွယ်တဲ့အနေအထားနဲ့ပဲ ခုခံခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ “တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA၏ ထိုးစစ်ဆင်တိုက်ခိုက်မူများကို SSPP/SSA မှ ခုခံ ကာကွယ်သည့် အနေအထားဖြင့်သာ ခုခံတိုက်ခိုက်ခဲ့ပြီး တိုင်းရင်းသား အချင်းချင်းပြည်လည် သင့်မြတ် ရေး အတွက် ရှေးရှုကာ တွေ့ဆုံဆွေးနွေးမူ လမ်းစဉ်ဖြင့် အတတ်နိုင်ဆုံး ပြသာနာများ ဖြေရှင်းသွားနိုင် ရန်လည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်” လို့ ဖော်ပြထားပါတယ်။…
Read More » -
28 March
-
28 Marchတိုက်ပွဲ
သက်တမ်းကြာ လွယ်ဂျယ် ယော်ယုံ(Yaw Yung)နဲ့ မဒါ(Mada) တပ်စခန်း ၂ခုကို KIA သိမ်းပိုက်
တရုတ်နယ်စပ် ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်(Loije)မြို့ကို ထိန်းချုပ်ထားတဲ့…
Read More » -
26 Marchသတင်း
TNLA တပ် အတင်းအဓ္ဓမသိမ်းယူထားတဲ့ အိမ်ခြံမြေကွက်ကိစ္စ အမြန်ဆုံးဖြေရှင်းပေးဖို့ မြေပိုင်ရှင်တွေတောင်းဆိုနေ
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့မှာ အိမ်ရှင်ရဲ့သဘောတူညီမှုမပါဘဲ တအာင်းတပ်မတော် TNLA တပ်ဖွဲ့က အိမ်ခြံမြေအတင်းသိမ်းယူပြီး ဂိတ်စခန်းတည်ဆောက်လိုက်တာ ၃ လခန့်ရှိလာပြီဖြစ်ပေမယ့် လက်ရှိချိန်ထိ ဖြေရှင်းပေးတာမရှိသေးတဲ့အတွက် တရားနည်းလမ်းကျကျ အမြန်ဆုံးဖြေရှင်းပေးဖို့ အိမ်ရှင်တွေက တောင်းဆိုနေပါတယ်။ နမ္မတူမြို့ ရက်ကွက် ၈ က ဒေါ်ပေါင်ဆာရွယ်ရဲ့အိမ်ခြံဝင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကတည်းက TNLA တပ်ဖွဲ့တွေဟာ အိမ်ရှင်တွေကိုအသိပေးညှိနှိုင်းတာတွေမလုပ်ဘဲ အိမ်ရှင်တွေမရှိတဲ့အတောအတွင်းအိမ်ခြံမြေကို သိမ်းယူပြီးမြေတူးဆွကာ ဂိတ်စခန်းတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂိတ်စခန်းတည်ဆောက်ပြီးတပ်စွဲနေထိုင်နေပြီဖြစ်ပေမဲ့ သိမ်းယူထားတဲ့ မြေကွက်ရဲ့နစ်နာကြေးတစ်စုံတစ်ရာမပေးသေးတဲ့အတွက် အိမ်ရှင်တွေဘက်က အမြန်ဖြေရှင်းပေးစေလိုကြောင်း တောင်းဆိုနေတာလည်းဖြစ်ပါတယ်။ “အခုချိန်ထိ ဘာမှကိုဖြေရှင်းတာတွေမလုပ်ဘူး။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဘာမှကိုမပြောလာတော့ဘူး ခေါ်လည်းမခေါ်လာတော့ဘူး။ ကျမတို့ ခြံဝင်းမှာ သူတို့က တပ်စခန်း တည်ဆောက်လို့ပြီးလို့ အိမ်တောင် ၂ အိမ်လောက်ဆောက်လုပ်ထားတယ်။ တပ်စခန်းလုပ် ဂိတ်လုပ်ပြီး အထိုင်ချပြီးနေနေတယ်။ ဒီပြသနာကို ကျေနပ်မှုရှိအောင် အမြန်ဖြေရှင်းပေးစေချင်ပေမဲ့ ဘယ်လိုလုပ်ရမယ်မသိတော့ ဒီလိုပဲ တိတ်တိတ်လေးပြီးသွားမလား စိုးရိမ်ပြီးပဲ နေနေရတာပေါ့။ အမြန်ရအောင် ဝိုင်းဝန်းကူညီပေးကြဖို့လည်း တောင်းဆိုချင်တယ်”အိမ်ခြံပိုင်ရှင်ဘက်က ပြောပါတယ်။…
Read More » -
26 Marchသတင်း
မန္တလေး-ရွှေဘိုလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဘက်က စစ်ဆေးရေးတွေတင်းကြပ်
မန္တလေးကနေ စစ်ကိုင်း– ကချင်အစပ်ဘက်ကိုတက်လာတဲ့ ကားတွေကိုစစ်ကောင်စီတပ်ဘက်က လမ်းခုလတ်တွေမှာအထိုင်ချပြီးစစ်ဆေးရေးတွေတင်းကြပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ မန္တလေးနဲ့ ရွှေဘိုကြား သူတို့စိုးမိုးမှုအားကောင်းတဲ့ရွာတွေမှာ အထိုင်ချပြီးတော့ မန္တလေးကနေ ကချင်ပြည်နယ်အထက်ဘက်ကိုတက်လာတဲ့ကားတွေကိုအဓိကထားစစ်ဆေးတာမျိုးတွေရှိတယ်လို့ လမ်းပိုင်းအခြေနေသိရှိသူဒေသခံတစ်ယောက်ကပြောပါတယ်။ “ဒီနေ့မနက်ဆို ရွှေဘို–မန္တလေးလမ်းပိုင်းက အုန်းတောဘက်မှာစစ်ဆေးတယ်လို့ကြားတယ် ဒီရွာက သူတို့ရဲ့စိုးမိုးနယ်မြေကောင်းတဲ့နေရာတွေပေါ့ အဲ့နေရာတွေမှာစစ်ဆေးနေတယ်လို့ကြားပါတယ်။”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်က အဓိက အထိုင်ချစစ်ဆေးတဲ့နေရာတွေကတော့ စစ်ကိုင်းမြို့ အုန်းတောရွာဆိုတဲ့ အမြှောက်တပ်ရှိတဲ့ရွာနဲ့ ရွှေဘိုမြို့အထွက် ရွှေဘို–မြစ်ကြီးနားလမ်းမပေါ်က ရွှေဘို အမှတ် ၈ လေ့ကျင့်ရေးတပ်မှာလည်း ပုံမှန်စစ်ဆေးရေးတွေတင်းကြပ်လေ့ရှိတယ်လို့သိရပါတယ်။…
Read More » -
26 Marchတိုက်ပွဲ
လိုင်ဇာသွားလမ်းပေါ်က ကျန်ရှိနေသေးတဲ့ တပ်စခန်း ၄ ခုကို KIA တပ်ဖွဲ့တွေ အပြီးသတ်သိမ်းပိုက်နိုင်
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ စစ်တပ်ရဲ့ နောက်ဆုံးကျန်ရှိနေသေးတဲ့…
Read More » -
26 Marchလူ့အခွင့်အရေးချိုးဖောက်မှု
စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် အသက် ၆၀ ကျော်အရွယ် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရ
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် နောင်လိုက်ကျေးရွာမှာ စစ်ကောင်စီတပ်ကလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၆၀ ကျော်အရွယ် ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ မတ်လ ၂၆ ရက်နေ့ ဒီမနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ နောင်လိုက်ကျေးရွာထဲမှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် စစ်တပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့ ပြည်သူ ၂ ဦးအနက် အမျိုးသမီးဖြစ်သူကတော့ ဦးခေါင်းမှာထိမှန်ထားတဲ့အတွက် စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဒေသခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။…
Read More » -
26 Marchသတင်း
ပူတာအိုမှာ စက်သုံးဆီနဲ့အခြေခံစားသောက်ကုန်ပြတ်လပ်စပြုလာ
ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်ပြတ်လပ်စပြုလာနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၈ ရက်နေ့ကစ ကချင်လွတ်လပ်ရေးတပ်မတော် KIA မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေကြောင့် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်ထားတာ ခုဆိုရင်ရက်ပေါင်း ၂၀ ကြာမြင့်လာပြီး ပူတာအိုဘက်ကို ဆီကားအဝင်ရပ်တန့်နေတာကြောင့် စက်သုံးဆီပြတ်စပြုနေပြီဖြစ်တယ်လို့ ပူတာအိုမြို့အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။…
Read More » -
26 Marchသတင်း
မုဒိန်းမှုကျူးလွန်တဲ့သူကို ထိထိရောက်ရောက်အရေးပေးဖို့ မိသားစုများတောင်းဆို
ချီဖွေမြို့ ကချင်နှစ်ခြင်းခရစ်ယာန် KBC စစ်ရှောင်စခန်း ၂ မှာနေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား မုဒိန်းမှုကျူးလွန်ခဲ့တဲ့တရားခံကို ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်လို့ နစ်နာသူမိသားစုဝင်တွေက ပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ကျူးလွန်ခံရတဲ့အမျိုးသမီးဖြစ်သူဟာ ချီဖွေမြို့ ကန်ပိုင်ယန်ရပ်ကွက်မှာရှိတဲ့ ခြံထဲဟင်းရွက်တွေသွားခူးချိန် မုဒိန်းကျင့်ခံရတာဖြစ်တယ်လို့ သမီးဖြစ်သူက ပြောပါတယ်။ “အမေက အဲ့နေ့ညနေ ခြံထဲမှာ ဒန့်ဒလွန်ရွက် သွားခူးတာ ပြီးတော့ ခြံအောက်ဘက်မှာကန်ပိုင်ယန်ချောင်းဆိုပြီးရှိတယ် အဲ့ဒီချောင်းမှာ ဒရင်ကောက်အရွက်ပြန်ဆင်းခူးတဲ့အချိန် အဲ့ဒီယောကျ်ားကနောက်ကလိုက်လာပြီး သူကအဲ့လိုမျိုးလုပ်သွားတာ”လို့ပြောပါတယ်။ မုဒိန်းမှုကျူးလွန်ခဲ့တဲ့ အမျိုးသားဟာ အသက် ၃၀ ကျော်အရွယ် ကိုသူဆိုသူဖြစ်ပြီး ပဲခူးတိုင်းဘက်ကနေ ချီဖွေမြို့၊ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်တွေ ဦးဆောင်လုပ်ကိုင်နေတဲ့ ကန်ပိုင်ယန်ရွှေမှော်မှာလာရောက်အလုပ်လုပ်နေသူဖြစ်တယ်လို့ သိရပါတယ်။…
Read More »
