KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Mar- 2024 -
    26 March
    တိုက်ပွဲ

    ကောလင်းနဲ့ဝန်းသိုမှာ တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားသေဆုံးမှုရှိနေ

    စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်နဲ့ဝန်းသိုမြို့နယ်တွေမှာ မတ်လ ၂၁…

    Read More »
  • 26 March
    သတင်း

    နန့်မွန်းမြို့မှာ အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခံရ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်မွန်းမြို့ နတ်ကြီးကုန်းရပ်ကွက်က အုပ်ချုပ်ရေးမှူးသေနတ်နဲ့ပစ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၂၆ ရက်နေ့ ဒီကနေ့ မနက် ၄ နာရီဝန်းကျင် နန့်မွန်းမြို့ နတ်ကြီးကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်တဲ့ အသက် ၅၃ နှစ်အရွယ် ဦးဌေးအောင်ဟာ ဇနီးသည်ဒေါ်ညိုကို မနက်စျေးလိုက်ပို့ချိန် စျေးအဝင်ပေါက်မှာပစ်ခံရတာဖြစ်တယ်လို့  အုပ်ချုပ်ရေးမှူးနဲ့နီးစပ်သူတစ်ဦးက KNGကိုပြောပါတယ်။ “ဟုတ်တယ်ဗျ ဒီနေ့မနက် မနက်အစောကြီး ၄ နာရီမှာဟုတ်တယ် သူ့မိန်းမ ဒေါ်ညိုကို စျေးလိုက်ပို့တဲ့အချိန် စျေးပေါက်ဝမှာပစ်ခံလိုက်ရတာ”လို့ ပြောပါတယ်။ အုပ်ချုပ်ရေးမှူး ဦးဌေးအောင်ဟာ ဦးခေါင်းမှာတစ်ချက်၊လက်မောင်းမှာ ၂ ချက်ထိမှန်သွားပြီး အသက်ရှိနေသေးတာကြောင့်…

    Read More »
  • 25 March
    သတင်း

    မချမ်းဘော့မှာ ၅ နှစ်ကြာတပ်စွဲခဲ့တဲ့အလန်ဂါးတပ်စခန်းမှ စစ်သားများစခန်းစွန့်ခွာ

    ကချင်ပြည်နယ် မချမ်းဘော့မြို့နယ် အလန်ဂါးကျေးရွာမှာ ၅ နှစ်ကြားတပ်စွဲနေထိုင်ခဲ့တဲ့ အလန်ဂါးစခန်းထဲက စစ်သားများစခန်းဆုတ်ခွာသွားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မချမ်းဘော့မြို့နယ် အလန်ဂါးကျေးရွာမှာ   ၂၀၁၈ ခုနှစ်ကတည်းကတပ်စွဲနေထိုင်ခဲ့တဲ့ ခလရ ၁၃၇ တပ်ထဲက စစ်ကောင်စီစစ်သားတွေဟာ မတ်လ ၂၄ ရက်နေ့ မနေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ စခန်းကိုစွန့်ခွာသွားကြတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “အလန်ဂါးကတော့ ပြီးသွားပြီ လာတိုက်စရာတောင်မလိုဘူး အားလုံးထွက်ပြေးသွားပြီ သူတို့စခန်းကိုတော့ မီးရှို့တာတော့မလုပ်သွားဘူး ဒီတိုင်းဆုတ်သွားတာ ဘာမှကိုမချန်ထားဘူး ကြက်၊ဝက်ကအစအကုန်သယ်သွားတယ်တဲ့သေချာသွားပြီ”လို့ ပြောပါတယ်။ အဲ့ဒီအလန်ဂါးကျေးရွာက ခလရ ၁၃၇ အထိုင်တပ်ဟာ မချမ်းဘော့မြို့နဲ့ ၁၀ မိုင်ကျော်ဝေးပြီး ပုံမှန် အင် အား ၄၀ ဝန်းကျင်လောက်တာရှိတာဖြစ်ရှိတဲ့တပ်စခန်းလို့သိရပါတယ်။ အခုလိုစစ်ကောင်စီစစ်သားတွေစခန်းစွန့်ခွာသွားတဲ့အတွက် ဒေသခံတွေအနေနဲ့ စစ်ရေးနှင့် လုံခြုံရေး စ်ိုးရိမ်စရာမလိုတော့ကြောင်းလည်း ဒေသခံတွေကဆိုပါတယ်။…

    Read More »
  • 25 March
    တိုက်ပွဲ

    ဆွမ်ပရာဘွမ့်မြို့တွင်း တိုက်ပွဲပြင်းထန်နေဆဲ

    မြို့သိမ်းတိုက်ပွဲဆက်နွှဲနေတဲ့ ဆွမ်ပရာဘွမ့်မြို့ပေါ်မှာ ၁၀ ရက်ကျော်ကြာလာတဲ့အထိ…

    Read More »
  • 25 March
    သတင်း

    ကွတ်ခိုင်မှာ မြေမြှုပ်မိုင်းနဲ့တိုက်ပွဲကျန်လက်နက်ကြီးတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေမြင့်တက်နေ

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲကျန်လက်နက်ကြီးတွေနဲ့ မြေမြုပ်မိုင်းကြောင့်…

    Read More »
  • 25 March
    သတင်း

    ကွတ်ခိုင်မှာရေရှားပါးမှုကြုံနေရ

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ လျှပ်စစ်မီးမရရှိ‌သေးတဲ့အပြင် စက်သုံးဆီဈေးနှုန်းမြှင့်တက်တာတွေကြောင့်…

    Read More »
  • 23 March
    တိုက်ပွဲ

    နောင်ကွန်(Nawng kawn)အမြှောက်တပ်ကြီးကို KIA သိမ်းပိုက်

    ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မားခွယ်(Mahkoi)ကျေးရွာအုပ်စု နောင်ကွန်(Nawng Kawn) ကျေးရွာမှာအထိုင်ချထားတဲ့ စစ်တပ်ရဲ့အမြှောက်တပ်ရင်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA  ပူးပေါင်းတပ်က ထပ်မံသိမ်းပိုက်လိုက်ပြီး ကျန်ရှိနေသေးတဲ့တပ်စခန်းတွေမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ မတ်လ ၂၁ ရက်နေ့ နွမ်လန့်တပ်စခန်းသိမ်းပိုက်ပြီးနောက် နောင်ကွန်အမြှောက်တပ် ခမရ ၃၇၀ တပ်ရင်းကို မတ်လ ၂၃ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်မှာ အပြီးသတ်ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ နွမ်လန့်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “နောင်ကွန်က ဒီမနက် ၇ နာရီခွဲလောက်မှာ အပြီးအစီးသိမ်းနိုင်ခဲ့တယ်။ ကုန်းလောတပ်ရင်းကို က ဒီမနက် ၉ နာရီလောက်ကနေ ၁၂ နာရီလောက်အထိ လက်နက်ကြီးတွေနဲ့ ပစ်နေကြတုန်း။ ကုန်းလောက အခုချိန်ထိတော့အသိမ်းနိုင်သေးဘူး။ နွမ်လန့်ပြီးတာနဲ့ နောင်ကွန်တပ်ရင်းကို ပြန်တိုက်ယူလိုက်တဲ့ သဘောပါ”လို့ ပြောပါတယ်။…

    Read More »
  • 23 March
    ELTV

    အပတ်စဉ် ကချင်တိုင်းရင်းသားဘာသာရုပ်သံအစီအစဉ် ( March 23, 2024 / ELTV)

    Read More »
  • 22 March
    သတင်း

    ကသာမှာ တိုက်ပွဲဖြစ်တာမရှိပဲ လေကြောင်းတိုက်ခိုက်ခံရ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်က ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က…

    Read More »
  • 22 March
    သတင်း

    ဒု – ဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ သတိပေးချက်အပေါ် လူငယ်တွေရဲ့ အမြင်

    “လူ့ဘဝမှာ ရွေးချယ်မှုမှားရင် ဆုံးရှုံးနစ်နာမှုများစွာနဲ့ဘဝမှားသလို ရွေးချယ်မှုကောင်းရင်…

    Read More »
Back to top button