-
Feb- 2024 -26 Februaryသတင်း
ရွှေဘိုနဲ့ အင်းတော်လမ်းပိုင်း ခရီးသည်ကားရာကျော်ပိတ်ဆို့နေ
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကျောက်တန်းမှာစစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ရွှေဘိုနဲ့ အင်းတော်လမ်းတစ်လျှောက် ခရီးသည်ယာဉ်တွေသွားလာခွင့်မရဘဲ လမ်းပိတ်ဆို့ထားတာ ၄ ရက်ကြာမြင့်လာပြီဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးဘက်ကတက်လာတဲ့ ခရီးသည်ယာဉ်တွေက ရွှေဘိုမြို့နယ် စပါယ်နံ့သာမှာ ပိတ်ဆို့ထားပြီး မြစ်ကြီးနားဘက်ဆင်းလာတဲ့ကားတွေဟာ အင်းတော်နဲ့မဲဇာတောင်ခြေအနီးတဝိုက်မှာ ဖေဖော်ဝါရီလ ၂၃ ရက်ကနေ့စပြီး ၂ ဖက်စစ်တပ်က ပိတ်ဆို့ထားတာဖြစ်တယ်လို့ နန့်စီးအောင်စစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “အခုပိတ်ထားတဲ့နေရာတွေက အထိုင်ချထားတဲ့ ဂိတ်နေရာတွေမှာမဟုတ်ဘူး။ တိုက်ပွဲဖြစ်ပွားလို့ လမ်းခုလပ်နေရာတွေမှာ ပိတ်ထားတာဖြစ်တယ်။ ဒီကနေ့နေ့ဆိုရင် လမ်းပိတ်ထားတာ ၄ ရက်နေ့မြောက်ရှိသွားပြီ။ တိုက်ပွဲဖြစ်တာက ကျောက်တန်းနဲ့မဲဇာကြားမှာဖြစ်နေတယ်လို့ကြားတယ်”လို့ပြောပါတယ်။ ကျောက်တန်းမှာစစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေဟာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကနေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာကနေ လက်ရှိအချိန်အထိ ၂ ဖက်တပ် စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အပြင် ပစ်ခတ်တာတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။…
Read More » -
23 Februaryသတင်း
စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်သားအလောင်း ၇၀ ကျော်တွေ့ရှိ
ကချင်ပြည်နယ် မံစီမြို့နယ်ထဲက စီးခမ်းကြီးကျေးရွာ စခန်းသိမ်းတိုက်ပွဲအပြီး…
Read More » -
23 Februaryသတင်း
၃ ရက်အတွင်း လက်နက်ချဖို့ KIA ကစာပို့ခဲ့လို့မြို့လှတပ် စခန်းစွန့်ခွာ
ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှမြို့က စစ်ကောင်စီရဲ့…
Read More » -
23 Februaryသတင်း
ဗန်းမော်မြို့အဝင် ၅ မိုင်ဂိတ်မှာ အရပ်သား ၁၄ ယောက်ဖမ်းဆီးခံရ
ဗန်းမော်မြို့အဝင် စီဟဲရွာ ၅ မိုင်ဂိတ်မှာ အမျိုးသား ၁၄ ယောက်ကို စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဗန်းမော်ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ အရပ်သား ၁၄ ယောက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲတွင်း စစ်တပ်ရဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စီခမ်းကြီးရွာရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ ပန်တိုင်းရွာရွှေကျင်တောကနေ ဗန်းမော်မြို့ဘက်ထွက်ပြေးတိမ်းရှောင်လာချိန် ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဗန်းမော်မြို့ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “ပန်တိုင်းရွာရွှေကျင်တောက ပြေးလာတဲ့ ၁၄ ယောက်အဖွဲ့မှာ သူတို့ဆိုင်ကယ်တွေကိုက မံသာနားကတစ်နေရာမှာ အပ်ထားလိမ်မယ် အဲ့ဒါနဲ့ ကားနဲ့တက်လိုက်လာတာ မြို့အဝင် စီဟဲ ၅မိုင် ဂိတ်မှာ ဆွဲချပြီးမှဖမ်းသွားလိုက်ရော” လို့ပြောပါတယ်။ ဖမ်းဆီခံရသူတွေဟာ အသက် ၁၆ ကနေ ၄၀ ဝန်းကျင်ရှိတဲ့ သူတွေဖြစ်ပြီးတော့ ပန်တိုင်းရွာ၊ ငအိုး၊ စီကော်၊ မအူပင်၊ ပြကျောင်းကျေးရွာ ဒေသခံတွေဖြစ်ကြတယ်လို့ သိရပါတယ်။…
Read More » -
23 Februaryသတင်း
မံစီနယ်က ကျေးရွာ ၈ ရွာ စစ်ဘေးရှောင်နေရ
စစ်ကောင်စီတပ်ဟာ မံစီနယ်ထဲက စီးခမ်းကြီစခန်းကို လက်လွတ်လိုက်ရတဲ့နောက် ၊ မက်လင်၊ လော်ခိုင်ရွာ၊ ခါချဥ်ရွာစတဲ့ကျေးရွာတွေကို လေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အပြင် မနေ့ကထိ ရွာပတ်ပတ်လည် လေယာဥ်တွေပျံဝဲနေတာကြောင့် လက်ရှိ ကျေးရွာ ၈ ရွာအထိ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စီးခမ်းကြီး ဒေသခံအမျိုးသား တစ်ဦးက KNG ကိုပြောပါတယ်။
Read More » -
23 Februaryသတင်း
မြို့လှ ဗျူဟာကုန်းတပ်စခန်းက စစ်ကောင်စီတပ်သားတွေ ရွှေကူဘက်ကိုပြောင်းရွှေ့
ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှမြို့ခွဲမှာရှိတဲ့ စစ်ကောင်စီဗျူဟာကုန်းတပ်စခန်းက စစ်ကောင်စီတပ်သားတွေအားလုံး ရွှေကူဘက်ကိုပြောင်းရွှေ့နေကြတယ်လို့ မြို့လှကာကွယ်ရေးတပ်ဖွဲ့တွေဆီ ကသိရပါတယ်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနေ့ နေ့လည်ပိုင်းလောက်ကစလို့ တပ်ပြန်ဆုတ်ဖို့အတွက် ရွှေကူမြို့က စစ်ကောင်စီတပ်ဖွဲ့တွေကပါ လုံခြုံရေးယူပေးပြီး ရေကြောင်းရော၊ ကုန်းကြောင်းပါ အသုံးပြုပြီး ရွှေ့ပြောင်းတာတွေလုပ်နေတယ်လို့ မြို့လှကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါ တယ်။ “လောလောဆယ်ကတော့ စခန်းစွန့်လာတဲ့အခြေနေကတော့ဟုတ်တယ် သူတို့အဝေးကြီးမရောက် သေးဘူး“ လို့မြို့လှကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။…
Read More » -
22 Februaryသတင်း
စစ်ကောင်စီတပ်တွေ ခရီးသည်တစ်ယောက်ရဲ့ ငွေကျပ် ၁၈ သိန်းနိုက်ယူသွားတယ်လို့ဆို
မိုးကောင်းမြို့နယ် နန့်ခွင်ကျေးရွာမှာ ဖေဖော်ဝါရီလ ၂၁…
Read More » -
22 Februaryသတင်း
စစ်အင်အား ၂၀၀ ဝန်းကျင် စစ်ကြောင်းက ဆမားဇုံနယ်အသင်းတော်ထဲဝင်ရောက်နေရာယူထား
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကဇူး၊ ဒဘတ်ကျေးရွာအလွန် ဆမားလမ်းခွဲဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကဇူးရွာ ကချင်နှစ်ခြင်းအသင်းတော် KBC ဆမားဇုံနယ်ရုံးမှာ ဝင်ရောက်နေရာယူတပ်စွဲနေကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီစစ်ကောင်စစ်ကြောင်းဟာ အင်အား ၂၀၀ ဝန်းကျင်ရှိပြီး ဖေဖော်ဝါရီ ၂၂ ရက် ဒီနေ့မနက် ၁၀ နာရီဝန်းကျင် ရိက္ခာအပြည့်တင်ထားတဲ့ကားအစီး ၅ စီးနဲ့အတူ ဆမားဇုံနယ်အသင်းတော်ရုံးထဲကို ဝင်ရောက်နေရာယူထားတယ်လို့ ကဇူးဒေသခံတွေပြောပါတယ်။…
Read More » -
22 Februaryသတင်း
ဟုမ္မလင်းမှာ ပြည်သူ့စစ်မှုထမ်းဖို့ စစ်တပ်က လူဦးရေ စာရင်းစတင်ကောက်ယူ
စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်က ကျေးရွာ၊ ရပ်ကွက်တွေမှာ…
Read More » -
22 Februaryသတင်း
မိုးမိတ် စစ်ရှောင်တွေအတွက်ကူညီထောက်ပံ့မှုလိုအပ်နေဆဲ
ကချင်ပြည်နယ် နဲ့ ရှမ်းပြည်မြောက်ပိုင်းအစပ်က စစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့ထဲနယ်မြေရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးတွေမလုပ်နိုင်သေးတဲ့အတွက် ဒေသခံတွေဟာ မြို့ထဲဝင်ဖို့ ခက်ခဲနေကြတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ မိုးမိတ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်တွေက မိုးမိတ်မြို့ကိုမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပေမယ့် တိုက်ပွဲတွင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု တွေကြောင့် အရပ်သားတွေရဲ့နေအိမ်များစွာပျက်ဆီးခဲ့ရတဲ့အပြင် မိုးမိတ်မြို့ပေါ်ကရပ်ကွက်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တဲ့နေရာနဲ့အနီးတစ်ဝှိုက်က အရပ်သား ၂ သောင်းကျော်လောက်က ဒီနေ့ထိထွက်ပြေးတိမ်းရှောင်နေကြရတာလို့ စစ်ဘေးရှောင် ကူညီနေသူတစ်ယောက်ကပြောပါတယ်။ “အိမ်တစ်အိမ်က မီးလောင်သွားတော့ သူတို့ပြန်ရှင်းလင်းဖို့အိမ်ပြန်ဆောက်ဖို့ ဘယ်မှာလဲငွေက ပြီးရင် အိမ်မရှိတော့ စားစရာသောက်စရာလုပ်ကိုင်စရာကမရှိတော့ဘူးအဲ့လိုအခက်အခဲတွေက အများကြီးပဲ တချို့ကျတော့လည်း အိမ်ဖောက်ခံရတာ ခိုးခံရတာတွေရောပေါ့ဗျာ“လို့ပြောပါတယ်။ လက်ရှိ မိုးမိတ်မြို့ကိုပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ကလည်း နယ်မြေခံစစ်တပ်မဟုတ်သလို ပြန်ဝင်တဲ့ဒေသခံအမျိုးသမီးတွေကို မုဒိန်းကျင့်သတ်ဖြတ်တာတွေရှိတာကြောင့် မြို့ထဲပြန်ဝင်ဖို့အတွက် ကြောက်ရွံ့နေကြတယ်လို့ ဆိုပါတယ်။…
Read More »









