ဝိုင်းမော် သပိတ်တွင် ဖမ်းဆီးခံရသော ဆရာမ အပါ ၂ ဦးကို တွေ့ခွင့်မပြု
,
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP (ဒူးလေးပါတီ) သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း မြို့နယ် ၈ ခု၊ ရှမ်းပြည်နယ်တွင် ၁ နေရာ နှင့် မန္တလေးတိုင်းတွင် ၁ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည်ဟု သိရသည်။
ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းရေးအတွက် တက်ကြွလှုပ်ရှားသူ ဒေါ်ဂျာခေါန်သည် ကျောက်ကပ်ဝေဒနာကို ပြင်းထန်စွာ ခံစားနေရသဖြင့် ပြန်လည်ကောင်းမွန်ရေးအတွက် အကူညီလိုအပ်နေကြောင်း သိရသည်။
မြစ်ကြီးနားသတင်းဂျာနယ်မှ သခင်စစ်ကုမ္မဏီကို တရားစွဲဆိုထားသည့်အမှု နောက်တိုးသက်သေလျှောက်ထားရာတွင် လျှောက်လွှဲချက် ပယ်ချခံရကြောင်း တရားလိုရှေ့နေ တရားလွှတ်တော် ရှေ့နေ ဦးတင်ထွန်းသိန်းထံမှ သိရသည်။
မိုးညှင်းခရိုင် ဟောင်ပါးကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာတွင် ကချင်လက်နက်ကိုင်အဖွဲ့ KIA တပ်ရင်း ၂၆ မှ မြို့နယ်မှူး အဆင့်ရှိသူတစ်ဦးနှင့် ၎င်း၏အပေါင်းအပါ ၈ ဦး က ဒေသခံတစ်ဦးကို ရိုက်နှက်ပြီး ကျောင်းသား ၂ဦးကို ခေါ်ဆောင်သွားသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး KIA ဗဟိုဌာနချုပ်မှလည်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးနေပြီဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယခုနှစ် မိုးတွင်းကာလ ဧရာဝတီမြစ်ရေမြင့်တက်မှုသည် စိုးရိမ်ရေအမှတ်အထိ မရောက်ဘဲ မြစ်ရေပြန်ကျနေပြီဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ ဘူတာတိုက်တန်းတွင် Covid-19 ပညာပေးပန်ချီရေးဆွဲခဲ့ကြသည့် လူငယ်သုံးဦး၏ အမှုကို လာမည့် ဇူလိုင် လ ၁၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချတော့မည်ဟု သိရသည်။ အဆိုပါအမှုသည် ပြည်နယ်သာသနာရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးက တရားလိုပြုကာ Covid-19 ကာကွယ်ရေး စုပေါင်းပညာပေးအဖွဲ့မှ နော်ထွန်းအောင်၊ မစီစီလျာဂျာဆိုင်းနှင့် ပန်းချီရေးဆွဲသူ ကိုဇေယျာနှောင်းတို့ သုံးဦးအား စွဲဆိုထားခြင်းဖြစ်ပြီး (၉) ကြိမ်မြောက်လျှောက်လှဲချက်အပြီး လာမည့်ဇူလိုင်လ ၁၇ရက်နေ့တွင် အပြီးသတ်အမိန့်ချမည် ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက ဆိုသည်။…
ကချင်စစ်ရှောင်များနေရပ်ပြန်ရေးနှင်ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ရေးဆွဲထားသော စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး နှင့် ပြန်လည်နေရာချထားရေးမဟာဗျူဟာကို ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ (KHCC) မှတဆင့်နေပြည်တော်လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ဇူလိုင်လ ၁၀ ရက်နေ့ က သွားရောက်တင်ပြခဲ့သည်ဟု သိရသည်။
ဖားကန့် ဂွေခါ ကျောက်စိမ်းမှော် မြေပြိုကျမှုကြောင့် ရေးမဆေးသမားရာချီ သေဆုံးခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး ရေမဆေးခေါင်းဆောင်များကို ဖမ်းဆီးခဲ့ခြင်းထက် စက်ယန္တရားကြီးများဖြင့် တူးဖော်သည့်ကုမ္ပဏီပိုင်ရှင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများကိုသာ ထိထိရောက်ရောက်အရေးယူပေးစေလိုကြောင်း ကချင်အရပ်ဖက်အဖွဲ့အစည်းများက ပြောဆိုနေကြသည်။