-
May- 2025 -13 Mayသတင်း
ကသာနယ်မှာ ကူးတို့ဆိပ်လေလံဈေးနှုန်း ပြန်စီစစ်ပေးဖို့ဒေသခံတွေတောင်းဆို
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ ကူးတို့ဆိပ်လေလံဈေးနှုန်းတွေမြင့်တက်လို့ ကူးတို့ဖြတ်သန်းအသုံးပြုနေတဲ့ ဒေသခံတွေသွားလာရေးအခက်ကြုံနေရပြီး ကူးတို့ဆိပ်လေလံနှုန်းထားတွေကိုပြန်လည်စီစစ်ပေးဖို့ဒေသခံတွေကတောင်းဆိုနေကြပါတယ်။ ကသာမြို့နယ် အင်းရွာတိုက်နယ်အတွင်းရှိတဲ့ ကူးတို့ဆိပ်တွေကို လေလံဈေးနှုန်း ကျပ်သိန်း ၈၀ ကစဖွင့်ပေးပြီး ကျပ်သိန်း ၄၀၀ ကနေ ကျပ်သိန်း ၁၇၀၀ အထိ လေလံပေးဝယ်တဲ့သူတွေရှိနေတာလို့…
Read More » -
13 Mayသတင်း
မြစ်ကြီးနားလေဆိပ် စစ်တပ်က လုံခြုံရေးတင်းကြပ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊အများပြည်သူသုံးလေဆိပ်ကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားကြောင်း မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၀ရက်ကစပြီးလေဆိပ်အဝင်၊အထွက်နေရာတွေနဲ့လေဆိပ်အတွင်းပိုင်းနေရာ တွေမှာ စစ်သားအင်အား ၂၀ ခန့်ချထားပြီးလုံခြုံရေးတင်းကြပ်ထားတယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လေဆိပ်ထဲမှာကော မျော်စင်ပေါ်မှာကော စစ်သားတွေချထားတယ် ပြီးတော့…
Read More » -
12 Mayသတင်း
ကချင်မှာ နှစ်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအကြိမ်၂၀ ဖြစ်ပွား
ကချင်ပြည်နယ်မှာ စစ်ကောင်စီကနေပြီးတော့ နှစ်လအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ် ၂၀ နှစ်ပြုလုပ်ခဲ့တယ်လို့ KHRW(Kachin Human Rights Watch) အဖွဲ့က KNGကိုပြောပါတယ်။ ဒီလူ့အခွင့်ရေးချိုးဖောက်မှုတွေဟာ မတ်လနဲ့ ဧပြီလနှစ်လအတွင်း မြစ်ကြီးနားမြို့,၊ ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။…
Read More » -
10 Mayသတင်း
ပူတာအိုမှာအိမ်ငှားခစျေးအဆမတန်မြင့်တက်
ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ အိမ်ငှားခတွေ ဈေးအဆမတန်မြင့်တက်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အာဏာသိမ်းပြီးနောက် လူနေထူထပ်လာတဲ့ ပူတာအိုမြို့မှာ အိမ်ငှားနဲ့အခန်းငှားနေထိုင်သူတွေများလာတာကြောင့် အိမ်ငှားခ၊အခန်းငှားခ ဈေးမြင့်တက်လာနေတယ်လို့ ကောင်ကထောင်ရပ်ကွက်က အိမ်ငှားနေထိုင်သူအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ပထမတစ်နှစ်က အခန်းဆိုတစ်ခန်းကို ၁၅၀၀၀၊၂၀၀၀၀ပေါ့တစ်လကို အခုက…
Read More » -
10 Mayသတင်း
စစ်ကိုင်းနဲ့ကချင်အစပ်ကမြို့တွေ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ကြုံနေရ
စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ်မှာရှိတဲ့ မြို့တွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဧပြီလဒုတိယအပတ်လောက်ကနေ စတင်ပြီး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတယ်လို့ အဲ့ဒီဒေသတစ်ဝှိုက်မှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ဧပြီလ ၇ ရက်နေ့အင်းတော်မြို့နယ်ကိုလက်လွှတ်လိုက်ရတဲ့နောက်မှာ အခုလိုလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတာလည်းဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ကချင်နဲ့စစ်ကိုင်းအစပ်မှာ လက်တလောတိုက်ပွဲအနည်းအကျဥ်းသာရှိပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ရှိနေတယ်လို့…
Read More » -
9 Mayသတင်း
တိုက်ပွဲဖြစ်နေတဲ့ ကပ်မှော်နဲ့ ဆိုင်းဖရာကျေးရွာမှာ စစ်တပ်က လေကြောင်းပစ်ကူနေ
ဖားကန့်ဘက်ကိုဦးတည်ပြီးတက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ဆိုင်းဖရာကျေးရွာ အရောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ ခုခံတိုက်ခိုက်ခံရတဲ့အတွက် ဆက်မတက်နိုင်ဘဲ လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ကားမိုင်း – မအူပင် ကားလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကောင်စီတပ်တွေက…
Read More » -
9 Mayသတင်း
ဗန်းမော်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသွားသူတွေကို သင်္ဂြိုဟ်ပေးနိုင်ခြင်းမရှိပဲ ပစ်ထားခဲ့ရတယ်လို့ စစ်ရှောင်တွေပြော
ကချင်ပြည်နယ် ဗန်းမော်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ စစ်ရှောင်ပြည်သူတွေကို သင်္ဂြိုဟ်ပေးနိုင်ခြင်းမရှိဘဲ ပစ်ထားခဲ့ရတယ်လို့ စစ်ရှောင်တွေပြောပါတယ်။ ဒီလေကြောင်း တိုက်ခိုက်မှုဟာ မေလ ၈ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်ဖြစ်ပြီး လေကြောင်းဗုံးကြဲမှုကြောင့် စစ်ရှောင်ပြည်သူ ၁၅…
Read More » -
9 Mayသတင်း
RFA မြန်မာပိုင်းအစီစဥ်များရပ်နား
ရန်ပုံငွေမသေချာမရေရာမှုတွေကြောင့် လွတ်လပ်တဲ့အာရှအသံ RFA မြန်မာပိုင်းအစီစဥ်ထုတ်လွှင့်မှုတွေကို ရပ်နားထားရ တော့မှာဖြစ်ကြောင်း ဒီကနေ့မေလ ၉ ရက်နေ့မနက်ပိုင်းမှာဘဲ RFA Burmese ဖေ့ဘုတ်စ်စာမျက်နှာကတစ်ဆင့်အသိပေးခဲ့ပါတယ်။ နှစ်ပေါင်းများစွာ RFA မြန်မာပိုင်းအစီစဥ်ကိုအားပေးနားဆင်ခဲ့ကြတဲ့ပရိသတ်ရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြထားပြီး တစ်နေ့နေ့မှာတော့ပရိသတ်တွေဆီပြန်လည်ရောက်ရှိလာမယ်လို့အလေးအနက်မျှော်လင့်ကြောင်းဆိုခဲ့ပါတယ်။ “ပရိသတ်များအားလုံးကိုဝမ်းနည်းစွာနဲ့ပဲနှုတ်ဆက်စကားဆိုရပါတော့မယ်။…
Read More » -
9 Mayစစ်ပြေးဒုက္ခသည်များ
နေရပ်စွန့်ခွာစစ်ရှောင်တွေအတွက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှ အလှူခံ
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့) အဖွဲ့က ကချင်ပြည်နယ်အတွင်း တိုက်ပွဲကြောင့် ယာယီနေရပ်စွန့်ခွာနေတဲ့ စစ်ရှောင်တွေအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်ဖို့ အလှူခံနေတာ ဖြစ်တယ်လို့ KNG ကို ပြောပါတယ်။ အလှူငွေကောက်ခံမှုကိုတော့ မေလ ၇ ရက် မြစ်ကြီးနားမြို့…
Read More » -
8 Mayသတင်း
ရေမဆေးကျောက်ရှာပြီး ငလျင်ဒဏ်သင့်စစ်ကိုင်းမြို့အတွက် ကျပ်သိန်း ၁၀၀ နီးပါးလှူဒါန်း
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ငြိမ်းချမ်းသာယာရွာက ရေမဆေးသမားများ ရေမဆေးကျောက်ရှာပြီး ကျပ်သိန်း ၁၀၀ နီးပါးလှူဒါန်းနိုင်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့ကဒေသခံတွေအတွက် လုံးခင်းဆရာတော်ကနေတစ်ဆင့် အဓိကလှူဒါန်းခဲ့ကြတာဖြစ်ပြီး ရေးမဆေးကျောက်ရှာလို့ရတဲ့ ငွေကြေး ၃ ပုံမှာ ၂ ပုံကိုအလှူငွေအဖြစ်သတ်မှတ်လှူဒါန်းခဲ့ကြတာလို့…
Read More »









