ဖမ်းဆီးခံရမှု

  • Sep- 2023 -
    27 September

    ပြည်သူ့စစ်အဖွဲ့ ဖမ်းသွားတဲ့ ကချင်လူငယ်တစ်ဦး မပခ ပို့ခံရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာမှာတပ်စွဲနေထိုင်တဲ့ စစ်ကောင်စီလက်အောက်ခံ ရွှေမင်းပြည်သူ့စစ်တပ်က ဖမ်းဆီးသွားတဲ့ ကချင်လူငယ်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ ကိုပို့လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖမ်းဆီးခံရသူမှာ အသက် ၂၃ ဝန်းကျင် လမြန်ကျေးရွာက ဘာလမ်ဟောင်းဇောင်းဆိုသူဖြစ်ပြီး စက်တင်ဘာလ ၂၅ ရက်နေ့ ဝူယန်ဂိတ်မှာ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတဲ့ချိန် ဖုန်းမှာ KIA ယူနီဖောင်းဝတ်ထားတဲ့ ဓါတ်ပုံတစ်ပုံကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။…

    Read More »
  • 25 September

    မိုးကောင်းမှာ ဖမ်းဆီးခံရသူ ၂၀၀ အထိရှိလာပြီး စစ်ကြောရေးမှာ သေဆုံးသူ ၄ ဦးအထိရှိလာ

    ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ပြီးခဲ့တဲ့ ၂ လတာအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ အရပ်သားပြည်သူ  ၂၀၀ ဝန်းကျင်လောက်ရှိလာပြီး စစ်ကြောရေးမှာညှင်းပန်းနှိပ်စက်လို့ သေဆုံးသွားသူ ၄ ဦးအထိရှိလာပြီလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းလောက်ကနေ မိုးကောင်းမြို့ထဲမှာရှိတဲ့ ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့နဲ့ ဆက်နွယ်ပတ်သက်မှုရှိတယ်လို့ စွပ်စွဲပြောဆိုပြီး လိုက်လံဖမ်းဆီးအရေးယူနေတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ မိုးကောင်းမြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့…

    Read More »
  • 21 September

    ဖားကန့်မှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

    ဖားကန့်မြို့ ဆိပ်မူ–ဝှေခါ ကျေးရွာသွားတဲ့ လမ်းမပေါ်ရှိ တာဝါတိုင်ကုန်းအဆင်း ရေတွင်းနားမှာ  ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ‌ဖားကန့်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ သေဆုံးသူနှစ်ဦးဟာ အသက် ၃၀ အရွယ်ရှိ အမျိုးသား နှစ်ဦးဖြစ်ပြီး သေဆုံးနေတာ အနည်းဆုံး ၁၀…

    Read More »
  • 18 September

    စစ်ကောင်စီတပ်တွေဟာ ရေလှဲကျေးရွာက လူနေအိမ်ရာချီမီးရှို့နေတဲ့အပြင် အရပ်သားတစ်ချို့ကိုလည်း ဖမ်းဆီးထား

    ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်တစ်ဖက်မှာရှိတဲ့ ရေလှဲကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်းကနေ ဝင်ရောက်နေပြီး လူနေအိမ်ရာချီကိုမီးရှို့နေတဲ့အပြင် အရပ်သားတစ်ချို့လည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ရွှေကူမြို့တွင်းတပ်ကနေ အင်အား ၁၀၀ ကျော်ပါတဲ့စစ်ကြောင်းတစ်ကြောင်းဟာ ဒီကနေ့ စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၉ နာရီခွဲကတည်းက ရေမော်တော်တွေနဲ့…

    Read More »
  • 18 September

    ဗန်းမော်မှာ လူငယ် ၁၀ ယောက်ကျော် ဖမ်းဆီးခံရ

    ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်က လူသာဒိုင်းအသုံးပြုဖို့ရန်အတွက် လမ်းမပေါ်မှာ သွားလာတဲ့ လူငယ်အများအပြားကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၈ ရက် ဒီနေ့ ညပိုင်းလောက်ကနေ ဗန်းမော်မြို့အဝင်ပေါက် ဂေါက်ကွင်းလမ်းတောင့်နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေက ပူးပေါင်းပြီး လမ်းသွားလာတဲ့…

    Read More »
  • 18 September

    ကသာမှာ စစ်ကောင်စီတပ်က အရပ်သား ၈ ယောက်သတ်ဖြတ်ခဲ့ပြီး နေအိမ် ၃၄ လုံးကိုလည်း မီးရှို့ဖျက်ဆီး

    ကချင်ပြည်နယ် ဗန်းမော်ကိုဦးတည်တက်လာနေတဲ့စစ်သင်္ဘောတွေပေါ်မှာပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကသာမြို့နယ် တုတ်ကြီးရွာက နေအိမ် ၃၄ ကိုမီးရှို့ဖျက်ဆီးခဲ့ပြီးအရပ်သား ၈ ယောက်ကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်း ၇နာရီလောက်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်သင်္ဘော၆စီးက တုတ်ကြီးရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံတွေကို…

    Read More »
  • 4 September

    ဇင်ယော်ဆီဆိုင်ကို စစ်တပ်က ဘက်ဟိုးနဲ့ဖျက်ဆီး

    ကချင်ပြည်နယ် မိုးကောင်းမြို့ ဖိုးချစ်ကုန်းရပ်ကွက်မှာရှိတဲ့ ဇင်ယော်ဆီဆိုင် ၂ ဆိုင်က ဖမ်းဆီးသွားတဲ့ ဝန်ထမ်းအယောက် ၂၀ ကျော်ကို စစ်တပ်က ပြန်လွတ်ပေးတာမရှိတဲ့အပြင် ဇင်ယောက်ဆီဆိုင် တစ်ဆိုင်ကိုလည်း မနေ့က နေ့လည်ပိုင်းမှာ ဘက်ဟိုးနဲ့ဖြိုချဖျက်ဆီးပေးလိုက်တယ်လို့ မိုးကောင်းဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ…

    Read More »
  • Aug- 2023 -
    31 August

    မိုးကောင်းမှာ ဒေသခံ ဖမ်းဆီးခံရမှု ၂၀ကျော်ရှိလာ

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က ဒေသခံတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ ပြုလုပ်နေပြီးတော့ ဒီကနေ့ ဩဂုတ်လ၃၁ရက်နေ့အထိဆိုရင် ဖမ်းဆီးခံရတဲ့ ဒေသခံ ၂၀ကျော်ရှိလာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဘက်က မိုးကောင်းမြို့နယ်အတွင်းက ဈေးဆိုင်၊ကုန်စုံဆိုင်နဲ့ ဆန်ဆိုင်တွေကို ကာကွယ် ရေးတပ်တွေကို ထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဝင်ရောက်ဖမ်းဆီးနေတာဖြစ်ပြီးတော့ မနေ့က…

    Read More »
  • 29 August

    စစ်ကြောရေးမှာ သတ်ဖြတ်လိုက်တဲ့ ဝဘော်တန်ဂွန်းကို နာရေးအတွက် စစ်တပ်က ၅ သိန်းလျော်ကြေးပေး

    မိုးကောင်းမြို့  နတ်ကြီးကုန်း၊ ပျော်လင့်ရပ်ကွက်မှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဦးဝဘော်တန်ဂွန်းကို စစ်ကြောရေးထဲ သတ်ဖြတ်လိုက်ပြီးနောက် စစ်တပ်က နာရေးအတွက်ဆိုပြီး ပိုက်ဆံ ၅ သိန်းပေးသာပေးပြီးတော့ ရုပ်အလောင်းကို ပြန်မပေးခဲ့ဘူးလို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၁၉ ရက်နေ့ မိုးကောင်းမြို့ အထကကျောင်းမှာ ကျောင်းလာကြိုတဲ့ကား ပစ်ခံရပြီးတဲ့ ညကနေစပြီး မိုးကောင်း မြို့အဝင်အထွက်တွေကို စစ်ဆင်ရေးတင်းကြပ်လိုက်ပြီး အရပ်သားတွေကို ဖမ်းဆီးသွားတဲ့ထဲမှာ ဦးဝဘော်တန်ဂွန်း မိသားစုတွေလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်တပ်တွေက ဖမ်းဆီးသွားသူတွေကို မိုးကောင်း စစ်တပ်ကုန်းနဲ့ ခလရ  ၇၄ တပ်ထဲခေါ်ပြီး စစ်ဆေးခဲ့ရာကနေ ဦးဝဘော်တန်ဂွန်းဟာ စစ်ဆေးနေချိန်တွင်းမှာဘဲ အသက်ရှုကြပ်လာတဲ့အတွက် မိုးကောင်း ခလရ ၇၄ တပ်ကနေ  မြစ်ကြီးနား စစ်ဆေးရုံပို့ဆောင်ခဲ့ချိန်အတွင်းမှာပဲ စစ်ဆေးရုံမှာသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်တွေက မိသားစုဝင်တွေကို ဦးဝဘော်တန်ဂွန်းရဲ့ ရုပ်အလောင်းပြန်မပေးတဲ့အပြင် မြစ်ကြီးနား တပ်ဆေးရုံ ရေခဲတိုက်မှာထည့်ထားတဲ့ အလောင်းကိုသာ ကြည့်ခွင့်ပေးခဲ့တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ “တန်ဂွန်းနဲ့အတူ ဖမ်းခံသွားရတဲ့ မိန်းမနဲ့ကလေးတော့ပြန်လွတ်လာပြီ။ ပြန်မလွတ်ခင် မိန်းမဖြစ်တဲ့သူကို စစ်သားတွေက နိယောကျာ်းမြစ်ကြီးနား တပ်ဆေးရုံမှာ သေသွားပြီဆိုပြီး စစ်သားတွေက မြစ်ကြီးနား တပ်ဆေးရုံမှာ ရေခဲတိုက်မှာထည့်ထားတဲ့အလောင်းကို ခေါ်ပြပြီး မိုးကောင်းပြန်ခေါ်လာတာလို့ သိရပါတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဦးဝဘော်တန်ဂွန်း သေဆုံးသွားပြီးနောက် ဩဂုတ်လ ၂၇ ရက်နေ့မှာတော့ ဖမ်းဆီးထားတဲ့ ဇနီးနဲ့သားကို နာရေးအတွက် ငွေကျပ် ၅ သိန်းပေးပြီး ပြန်လွတ်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ ဒေသခံတွေပြောဆိုချက်အရ စစ်ကောင်စီတပ်တွေဟာ သေဆုံးသူနဲ့အတူ ဇနီးနဲ့သားကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့  ဩဂုတ်လ ၂၀ ရက်ညနေအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးခံသွားရပြီး တစ်ပတ်လောက်အကြာမှာ စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းရင်း သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ မိုးကောင်းမြို့မှာ ဩဂုတ်လ ၂၀ ရက်နေ့ ရွှေသာလောင်းဘုရားဝင်းထဲက သာသနာ့ဗိမာန်ရှေ့ အားကစားပစ္စည်းဆိုင်က လူငယ် ၂ ဦး၊ အိုးတန်းရပ်ကွက်က NLD ပါတီဝင် ဒေါ်မာကြူရဲ့သား ၂ ယောက်ဩဂုတ်လ ၂၂ ရက်နေ့ သံလွင်တည်းခိုခန်းရှေ့ဆံပင်ညှပ်ဆိုင်က အမွှာညီအစ်ကို နဲ့ နှောင်ကိုင်တော်ရပ်ကွက်က ညီအစ်ကို၊ ဩဂုတ်လ ၂၅ ရက်နေ့ ကားဂိတ်နား ကချင်ရိုးရာစားသောက်ဆိုင်က ၅ ယောက်၊ဩဂုတ် ၂၆ ရက်နေ့ မြနန္ဒာရုပ်ရှင်ရုံနားက အမျိုးသမီး ၄ယောက်နဲ့ ဩဂုတ်လ ၂၈ ရက်နေ့ စျေးကုန်းထဲက ၃ ယောက်အပါအဝင် အမည်စာရင်းတိတိကျကျမသိနိုင်သူ အရပ်သား ၈၀လောက်ကိုလည်း စစ်ကောင်စီက…

    Read More »
  • Jul- 2023 -
    10 July
    photo- စစ်တပ်က ဖမ်းဆီးသွားတဲ့ ကားသမားဦးဇော်အောင်

    စစ်တပ်ဂိတ်ကဖမ်းသွားတဲ့ ကားသမား ၂လကြာပေမယ့် မိသားစုနဲ့အဆက်အသွယ်မရသေး

    ကွတ်ခိုင်မြို့နယ် နမ်ဖတ်ကာစစ်တပ်ဂိတ်မှာ KIA တပ်သား ၄ ဦးနဲ့အတူဖမ်းခံလိုက်ရတဲ့ ကားသမားကို ယနေ့ချိန်ထိ မိသားစုနဲ့အဆက်အသွယ်မရဖြစ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ကွတ်ခိုင်မြို့  ရပ်ကွက် ၇ တွင်နေထိုင်သော ဦးဇော်အောင်ဆိုတဲ့ကားသမားဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာ နမ်ဖတ်ကာစစ်တပ်ဂိတ်မှာ ဖမ်းဆီးခံသွားရတာဖြစ်တယ်လို့ ဇနီးဖြစ်သူ ဒေါ်လဖိုင်ဂျာအိန်မှ KNG သတင်းဌာနအား ယခုလိုပြောပြသည်။ “အခုချိန်ထိ ဘာသတင်းမှမကြားတော့တာ။ သူက မူဆယ်နဲ့ကွတ်ခိုင်ကြား ကားဆွဲတဲ့အလုပ်လုပ်တယ်။ အဲ့နေ့က မူဆယ်ကနေ ဒီဘက်ကိုဆင်းလာဖို့လုပ်ချိန် ခရီးသည်မရှိတာကြောင့် အိမ်ကိုပဲတန်းပြန်လာပြီး…

    Read More »
Back to top button