တိုက်ပွဲ
-
Oct- 2023 -27 October
တိုက်ပွဲပြင်းထန်နေတဲ့ ထီးချိုင့်ဒေသကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ထပ်မံပစ်ခတ်
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ကို စစ်ကောင်စီတပ်က ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့ ၃ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာ ၂စီးနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂လုံး ပျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မြစ်ကြီးနားကနေလာတဲ့ ဂျက်ဖိုက်တာ ၂စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ညောင်ပင်သာ၊ ဒိုးပင် နဲ့ မိချောင်းအိုက်ကျေးရွာတွေထဲကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “၃ နာရီဝန်းကျင်လောက်က မြစ်ကြီးနားဘက်ကနေလာတဲ့ ဂျက်ဖိုက်တာနှစ်စီးနဲ့လာပစ်သွားတယ် ၁၅ မိနစ် လောက်ကြာမယ်ထင်တယ် ပထမဆုံးပစ်တာကတော့ ညောင်ပင်သာဆေးရုံကိုအရင်ပစ်လိုက်တာပါ နောက်ထပ် ဒိုးပင်ရွာထဲကိုတော့ ၂လုံးကျတယ် နွားနှစ်ကောင်သေတယ် ပြည်သူတစ်ယောက်လည်း ထိခိုက် တယ် ပြီးတော့ နေအိမ်၂လုံးထိမှန်ပျက်ဆီးသွားတယ်”လို့ ထီးချိုင့်ဒေသခံတစ်ယောက်ကပြောပါတယ်။ ဒါ့အပြင် ဒီကနေ့မနက်ပိုင်းက ၃နာရီလောက်ကနေ နေ့လည်ပိုင်းအထိ KIA+PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲပြင်းထန်ခဲ့တဲ့ မိချောင်းအိုက်ရွာအနီးတစ်ဝှိုက်ကိုလည်း ဗုံးကြဲတိုက်ခိုက် ခဲ့ပြီးတော့ ထိခိုက်မှုတော့မရှိဘူးလို့သူကဆက်ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့မနက်ပိုင်းမှာလည်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ မိချောင်းအိုက်ကျေးရွာနဲ့ ၁၀မိုင် လောက်အကွာအဝေးက မင်းဝံတောင်ရိုးတစ်လျှောက်ကိုလည်း Mi35 ရဟတ်ယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တစ်နေ့တည်းကို နှစ်ကြိမ်တိုင်တိုင် လေကြောင်းအသုံးပြုတိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။ လက်ရှိလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့နေရာ နဲ့ တိုက်ပွဲဖြစ်နေတဲ့နေရာတွေဟာ ထီးချိုင့်မြို့နယ် အနောက် တောင်ဘက်ခြမ်းမှာရှိတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းနှစ်ကြောင်း စစ်ရေးလှုပ်ရှားနေသလို အရပ်သားထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်းကို မြန်မာနိုင်ငံတစ်ဝှမ်းက ပဋိပက္ခ နဲ့ တိုက်ပွဲ အခြေနေ တွေကြောင့် စစ်ဘေးရှောင် ၁သောင်း၈ထောင် နီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA Myanmar ကအောက်တိုဘာ၁၂ရက်နေ့ကပဲ သတင်းထုတ်ပြန် ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား ၁ဒသမ ၆သန်းကျော်ရှိပြီး အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းက နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ အရပ်သား ၈သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ထုတ်ပြန်ထား ပါတယ်။ By – အမိုး
Read More » -
27 October
ဘုံရန်သူတူရင် ဘယ်ဒေသမှာမဆို တိုက်ပွဲဖော်ဆောင်သွားမယ်လို့ BPLA ပြော
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့မှာပဲ စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး”မှာ ညီနောင်မဟာမိတ် ၃ဖွဲ့နဲ့အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ကလည်းပါဝင်တိုက်ခိုက်နေတယ်လို့ သိရပြီး ဘုံရန်သူတူရင် ဘယ်ဒေသမှာမဆို တိုက်ပွဲဖော်ဆောင်သွားမယ်လို့ BPLA က KNG…
Read More » -
27 October
ထီးချိုင့်မှာ စစ်ကောင်စီတပ်နဲ့KIA+PDF ပူးပေါင်းတပ်တွေအကြားတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းပစ်ကူ
စစ်ကိုင်း– ကချင်အစပ် ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ် နဲ့ KIA+PDF ပူးပေါင်းတပ်တွေအကြား ဒီကနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်းကစပြီးတော့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ထီးချိုင့်မြို့ပေါ်ကနေထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒီကနေ့မနက်ပိုင်း ၃ နာရီလောက်မှာ ထီးချိုင့် အနောက်တောင်ဘက်ခြမ်းက ကြက်သွန်ခင်းရွာ နဲ့ မိချောင်းအိုင်ရွာအကြားမှာ တိုက်ပွဲပြင်းထန်နေတာလို့…
Read More » -
27 October
နမ့်ဖတ်ကာမှာ လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတစ်ယောက်နဲ့ ကလေးငယ်တစ်ယောက်သေဆုံး ၆ ယောက်ထိခိုက်ဒဏ်ရာပြင်းထန်
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက် နက်ကြီးကြောင့် အမျိုးသမီးတစ်ယောက်နဲ့ ကလေးငယ်တစ်ယောက်ကျည်ထိမှန် သေဆုံးပြီး နောက်ထပ် ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။ အောက်တိုဘာလ ၂၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၈နာရီဝန်းကျင်မှာ နမ့်ဖတ်ကာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ ခလရ ၁၇ တပ်တွေက အရပ်သားတွေနေထိုင်တဲ့ နေရာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်ပြီး နမ့်ဖတ်ကာ ရပ်ကွက်…
Read More » -
27 October
ရှမ်းမြောက် မြို့နယ် ၅ မြို့နယ်မှာ စစ်ကောင်စီရဲ့ ဗျူဟာစခန်းများ တစ်ပြိုင်နက်တိုက်ခိုက်ခံနေရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြို့နယ် ၅ မြို့နယ်မှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာကျစခန်းတွေကို မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ဒီကနေ့ နံနက်ပိုင်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ကွတ်ခိုင်ဒေသခံတွေက ဆီကနေ သိရပါတယ်။ ကွတ်ခိုင်၊ နမ့်ခမ်း၊ လားရှိုး၊ မုံးစီး- မုံးကိုးမြို့၊ လောက်ကိုင်-ရှင်းရွှေဟော်…
Read More » -
21 October
KIA တပ်မဟာ ၆ လေကြောင်းနဲ့တိုက်ခိုက်ခံရသဖြင့် အရာရှိအပါအဝင် ၅ ဦးသေဆုံး
ရှမ်းမြောက် မူဆယ်မြို့နယ် တီးမားကျေးရွာအနီးက KIA တပ်မဟာ ၆ ကို စစ်တပ်က ဂျတ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် KIA အရာရှိအပါအဝင် ၅ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ အောက်တို ၁၉ ရက်နေ့က မုံးပေါ်နဲ့ မုံးကိုးကြားက ဝိန်းလားတောင်မှာ အထိုင်ချနေတဲ့ စစ်တပ်ရဲ့ အချက်အချာကျ…
Read More » -
20 October
အောင်ဂျာတပ်စခန်း KIA တိုက်ခိုက်သိမ်းပိုက်
မိုးမောက်မြို့နယ် လိုင်လွမ့်အောင်ဂျာတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီကနေ့ မွန်းလွဲ ၂ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ လိုင်လွမ့်အောင်ဂျာ (Lailum Awng Ja) တပ်စခန်း ၃ ခုအနက် ကားလမ်းမဘေးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကို အခုလိုပြောပါတယ်။ “စာသင်ကျောင်းနဲ့ မျက်နှာချင်းဆိုင်က စခန်းကတော့ ဟိုတစ်လောက သိမ်းလိုက်ပြီလေ ခုသိမ်းတာက။ မြစ်ကြီးကနေ ဆင်းလာရင် ခုကားလမ်းအသစ်တံတားကျော်ရင် ကားလမ်းဘေး ဘယ်ဘက်မှာရှိတဲ့ စခန်းကိုသိမ်းတာ။ မနက် ၂ နာရီလောက်ကနေ စသိမ်းတာ နေ့လည် ၁ နာရီလောက်မှာ သူတို့ဘက်က ဆုတ်သွားပြီ” လို့ ပြောပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်ကထိခိုက်သေဆုံးတာများပြီး KIA ဘက်ကလည်း ထိခိုက်ဒဏ်ရာပြင်းထန်ရရှိသူများတယ်လို့ သူကဆက်ပြောပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲ ၁၀ နာရီခန့်ပြင်းထန်ခဲ့ပြီး တိုက်ပွဲဖြစ်နေချိန်တွင်း စစ်တပ်ဘက်က စစ်ရဟတ်ယာဉ် ၂ စီးနဲ့ စစ်လက်နက် ရိက္ခာ ၁၂ အိတ်လောက်လာရောက်ချပေးခဲ့ပေမယ့် အများပိုင်းကိုတော့ KIAဘက် က သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်က မြစ်ကြီးနားကနေ လာတဲ့ဂျက်ဖိုက်တာ ၂ စီးနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ လွှဲချော်ခဲ့လို့ KIA ဘက် ထိခိုက်တာမရှိခဲ့ဘူးလို့ သိရပါတယ်။ လက်ရှိမှာ အောင်ဂျာဘက်ကို မြစ်ကြီးနားကနေ စစ်ကောင်စီတပ်တွေက စစ်ကား ၃ စီးနဲ့အင်အားဖြည့်လာဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းလည်း ကြားနေရပြီး နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။…
Read More » -
19 October
ဝိန်းလားတောင် စစ်တပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်
ရှမ်းမြောက် မုံးပေါ် နဲ့ မုံးကိုးတရုတ်နယ်စပ်ကြား အချက်အချာကျတဲ့ ဝိန်းလားတောင်က စစ်တပ်စခန်းကို KIA ဘက်က တိုက်ခိုက်သိမ်းနိုင်ခဲ့တဲ့အပြင် စစ်သုံ့ပန်းအရှင်ဖမ်းဆီးရမိတာလည်း ရှိတယ်လို့ KIA ရှေ့တန်းရင်းမြစ်ကနေ သိရပါတယ်။ မူဆယ်မြို့နယ် မုံးပေါ် – ဝိန်းဆိုင်ကျေးရွာအထက် မုံးယားသွားလမ်းပေါ်က ဝိန်းလားတောင်ကုန်းမှာ အထိုင်ချနေတဲ့ စစ်တပ်စခန်း တပ်မ…
Read More » -
19 October
ရွှေကူ စစ်ကောင်စီတပ် ဆက်သွယ်ရေးကုန်းအထိုင်စခန်း အလစ်ငိုက်တိုက်ခိုက်ခံရလို့ အထိနာခဲ့
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၂ နယ်မြေ၊ ရွှေကူမြို့နယ် ငဘတ်ကြီးကျေးရွာ ခမရ ၆၀၂ အထိုင်တပ်စခန်းကို KIA ၊ PDF တပ်ဖွဲ့တွေ အောက်တိုဘာလ ၁၈ ရက် မနက်ပိုင်းက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က အထိနာခဲ့သလို လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းယူနိုင်ခဲ့တဲ့အပြင် တပ်စခန်းတွေကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရွှေကူကာကွယ်ရေးတပ်တွေက ပြောပါတယ်။ အဲဒီဆက်သွယ်ရေးအထိုင်ဂိတ်စခန်းဟာ ရွှေကူမြို့ ငဘတ်ကြီးကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်းအရှေ့ဘက်မှာ တည်ရှိပြီး ရွှေကူအခြေစိုက်…
Read More » -
19 October
ရှမ်းမြောက် မုံးပေါ် ဝိန်းလားတောင်တပ်စခန်းကို KIA သွားရောက်တိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေ
ရှမ်းမြောက် မုံးပေါ် အနီး ဝိန်းလားတောင်(Wingla Bum)က စစ်ကောင်စီတပ်စခန်းကို KIA သွားရောက် ပစ်ခတ်တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကျဲတိုက်ခိုက်နေကြောင်း သိရပါတယ်။ အောက်တိုဘာ ၁၉ ယနေ့နံနက် ၆ နာရီကစပြီး ဝိန်းလားတောင်စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ…
Read More »









