တိုက်ပွဲ

  • Oct- 2023 -
    2 October

    စစ်ကောင်စီတပ်သား ၅ ဦး ကို လက်နက်နဲ့အတူ ဖမ်းဆီးရမိ

    ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲမှာရှိတဲ့ ရှန်းထုန်းဘွမ့် (Shang Htung Bum) တပ်စခန်းကနေ နွမ်လန့်ဘက်ကို စစ်ရိက္ခာသယ်ဖို့ ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေ တိုက်ခိုက်ခံရပြီး လက်နက်ပစ္စည်းအပါ တပ်သား ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့  ရှန်းထုန်းဘွမ့်ကနေ…

    Read More »
  • Sep- 2023 -
    26 September

    နမ့်ဖတ်ကာမှာ စစ်တပ် နဲ့ TNLA တိုက်ပွဲဖြစ်ပွားနေ

    နမ့်ဖတ်ကာမှာ စစ်တပ်နဲ့ တအောင်းတပ်မတော် TNLA တပ်တို့ လက်နက်ကြီးနဲ့အပြန်အလှန်ပစ်ခတ်နေလို့ စာသင်ကျောင်းနဲ့စျေးတွေအားလုံး ပိတ်ထားရပြီး ဒေသခံတွေအတွက်လုံခြုံရေး စိုးရိမ်နေရတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၆ ဒီမနက် ၁၁ နာရီခန့် နမ့်ဖတ်ကာမှာအထိုင်ချနေတဲ့ ခလရ ၁၂၃ တပ် ကို TNLA ဘက်က လက်နက်ကြီးနဲ့ တပ်စခန်းအတွင်းထဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး…

    Read More »
  • 25 September
    ရှေ့တန်းတစ်နေရာက KIA စစ်သားများ

    KIA က တပ်စခန်း သိမ်းပိုက်လိုက်တဲ့ လိုင်လွမ့်အောင်ဂျာမှာ တိုက်ပွဲပြင်းထန်နေဆဲ

    KIO ဌာနချုပ်အနီး နမ်ဆန်ယန်ကျေးရွာရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ လိုင်လွမ့်အောင်ဂျာ(Lailum Aungja)မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ကောင်စီ စခန်းတစ်ခုသိမ်းပိုက်လိုက်တဲ့နောက် တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာ ၁ ပတ်လောက်ကြာမြင့်လာပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ လိုင်လွမ့်အောင်ဂျာမှာ စစ်ကောင်စီတပ်စခန်း ၃ နေရာလောက်ရှိတဲ့ထဲက ဟဲလုံတပ်စခန်းကို KIA က သိမ်းပိုက်လိုက်တာဖြစ်ပြီး အဲဒီ ဟဲလုံတပ်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဟဲလုံအထက်မှာရှိတဲ့…

    Read More »
  • 25 September

    ဆွမ်ပရာတိုက်ပွဲမှာ အထိနာခဲ့တဲ့စစ်ကောင်စီတပ် ခရီးသွားပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်

    မြစ်ကြီးနား- ဆွမ်ပရာဘွမ်လမ်းမ တန်ဖရဲကျေးရွာတစ်လျှောက် စစ်ကောင်စီတပ်တွေဟာ စစ်အင်အားဖြည့်တင်းပြီး ရွာအဝင်အထွက်မှာ တပ်စွဲနေရာယူထားတဲ့အပြင် လမ်းသွားလမ်းလာ ခရီးသွားပြည်သူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တန်ဖရဲ -ကျိန်ခရန် – ဝိုင်ရှီ – ဖုန်အင်ယန် စတဲ့လမ်းကြောင်းတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၂၄ ရက်က စပြီး အခုလို လူငယ်တွေကို ဖမ်းဆီးနေတယ်လို့ တန်ဖရဲကျေးရွာဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။…

    Read More »
  • 25 September

    မြစ်ကြီးနားက လေတပ်စခန်းတိုက်ခိုက်ခံရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့က စစ်ကောင်စီရဲ့ လေတပ်စခန်းကို မြောက်ပိုင်းတိုင်းမဟာမိတ်တပ်ဖွဲ့က ရှော့တိုက်ဒုံးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောက်ပိုင်းတိုင်းမဟာမိတ်တပ်ဖွဲ့ဆီက သိရပါတယ်။ စက်တင်ဘာလ ၂၄ ရက်နေ့ မနေ့က မနက်ပိုင်း ၈နာရီလောက်မှာ ၉၀ မမ ၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၄လုံး နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် F-7 အမျိုးအစားတိုက်လေယာဥ်၂စင်း ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ “F-7…

    Read More »
  • 22 September

    တန့်ဆည်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအကြားတိုက်ပွဲဖြစ်ပြီး နှစ်ဖက်အကျအဆုံးရှိ

    စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေအထိုင်ချတပ်စွဲထားတဲ့ ဒေါင်းမင်းဆီဆိုင်နဲ့ လဝကရုံးတွေကို ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်းသေဆုံးပြီး ကာကွယ်ရေးတပ်ဘက်က တစ်ယောက်ကျဆုံးတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၂ ရက်နေ့ မနက် ၁၂ နာရီကျော်လောက်မှာ ကာကွယ်ရေးတပ်ဘက်က စစ်ကောင်စီတပ်တွေရဲ့ ဂိတ်စခန်းတွေကိုသွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ နှစ်ဖက်တိုက်ပွဲ ၃ နာရီကြာပြင်းထန်ခဲ့တယ်လို့ Voice of Taze- VOT က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “ရွှေဒေါင်းမင်း (စက်သုံးဆီ ၊ ဆန်စက် )ထဲမှာ…

    Read More »
  • 21 September

    ရေလှဲ၊ ဆင်တပ်ရွာ မီးရှို့ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးထက်နည်းထိခိုက်သေဆုံး

    ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ရေလှဲရွာနဲ့ဆင်တပ်ရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့က ဒီနေ့ မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ၄ ဦးထက်မနည်းသေဆုံးမှုရှိခဲ့တယ်လို့ ရွှေကူ PDF အဖွဲ့က သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ…

    Read More »
  • 20 September

    ဆွမ်ပရာဘွမ် စစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်

    မြစ်ကြီးနား- ဆွမ်ပရာဘွမ် ကားလမ်းမပေါ်ရှိ ဒရူချောင်း ( Daru Hka) စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA/ KPF ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်အများအပြား သိမ်းဆည်းရမိသလို အရာခံဗိုလ်တစ်ဦးကိုလည်း ဖမ်းဆီးရမိထားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။…

    Read More »
  • 20 September

    ပန်းတင်တံတားဂိတ်ပစ်ခတ်ခံရပြီး  စစ်တပ်ဘက်က ၃ ယောက်ထက်မနည်း ထိခိုက်သေဆုံး

    ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်မှာရှိတဲ့  စစ်ကောင်စီတပ်ရဲ့ဂိတ်စခန်းပစ်ခံရပြီး စစ်တပ်ဘက်က  ၃ ယောက်ထက်မနည်း ထိခိုက်သေဆုံးတာ‌တွေရှိတယ်လို့ ဖားကန့်ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ အဲဒီပန်းတင်တံတားဂိတ်ကို ဖားကန့် KIA,PDF ပူးပေါင်းတပ်ဖွဲ့ဘက်က သွားရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့…

    Read More »
  • 20 September

    ရွာခန်းမဆောင်မှာတပ်စွဲနေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့များ ဒရုန်းနဲ့တိုက်ခိုက်ခံရ

    ကချင်ပြည်နယ် ကားမိုင်းမြို့ ကောင်ရာရပ်ကွက်မှာရှိတဲ့ ရွာခန်းမဆောင်မှာ လာရောက်တပ်စွဲနေထိုင်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF အဖွဲ့က ဒီနေ့ မနက် ၁၁ နာရီလောက်မှာ ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကားမိုင်းဒေသခံတွေဆီကနေ သိရပါတယ်။ အင်အား ၅၀ လောက်ရှိတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ စက်တင်ဘာလ ၁၅ ရက်နေ့ကတည်းကနေ ကောင်ရာရပ်ကွက်…

    Read More »
Back to top button