တိုက်ပွဲ

  • Aug- 2023 -
    30 August

    နမ့်ဖတ်ကာမှာ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် မိန်းကလေးငယ် ၁ ယောက်သေဆုံးပြီး ၂ ယောက်ထိခိုက်ဒဏ်ရာပြင်းထန်

    ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ စစ်တပ်လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မိန်းကလေးငယ် ၁ ယောက်သေဆုံးပြီး နောက်ထပ် အမျိုးသား ၁ ယောက်နဲ့အမျိုးသမီး ၁ ယောက် လည်း ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ် ၃၀ ဒီမနက် ၇ နာရီခွဲကစပြီး စစ်ကောင်စီတပ်တွေက နမ့်ဖတ်ကာ ခလရ ၁၂၃…

    Read More »
  • 29 August

    ဗန်းမော်လမ်း မြို့သစ်မှာတိုက်ခိုက်ခံရတဲ့ စစ်လက်နက်ရိက္ခာသယ်ယာဉ်တန်း နွမ်လန့်မှာရောက်ရှိ

    ဗန်းမော်ကနေ နမ်ဆန်ယန်ဘက်ကို စစ်အင်အားအပါအဝင် စစ်လက်နက်ရိက္ခာအပြည့် တင်ဆောင်လာတဲ့ စစ်ကောင်စီရဲ့ စစ်ရိက္ခာသယ်ယာဉ်တန်းက မြို့သစ်နဲ့ ဒါဆိုင်း ကျေးရွာကြားမှာ တိုက်ခိုက်ခံလိုက်ရပေမယ့် နွမ်လန့်(Numlang) တပ်စခန်းအထိ စစ်ကြောင်းထိုးရောက်ရှိသွားပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီ စစ်ယာဉ်တန်းဟာ စစ်အင်အားတင်ဆောင်ထားတဲ့ စစ်ကား ၆ စီးနဲ့ လက်နက်စစ်ရိက္ခာတင်ဆောင်ထားတဲ့ စစ်ကားအစီး ၂၀၊ စုစုပေါင်း စစ်ကားအစီး  ၂၆ စီးဖြစ်ပြီးတော့ ဩဂုတ်လ…

    Read More »
  • 29 August

    ဖားကန့်ဘက်ကိုတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရ

    ဖားကန့်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေက နမ့်တိန်ကျေးရွာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ KIA နဲ့ နီးစပ်သူတွေကပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ ဩဂုတ်လ ၂၇ ရက်နေ့ နန့်ယားကျေးရွာက အရပ်သားပြည်သူတွေကို လူသားဒိုင်းအသုံးပြုပြီး ထွက်ခွာသွားကြတဲ့ စစ်ကြောင်းဖြစ်ပြီး ဩဂုတ် ၂၈…

    Read More »
  • 29 August

    နမ့်အွမ်ရွာနားမှာ စစ်တပ်နဲ့ KIA တပ်တို့အကြား တိုက်ပွဲဖြစ်ပွား

    ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်အွမ်ရွာနားမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၉ တို့ တိုက်ပွဲဖြစ်ပွားနေတဲ့အပြင် စစ်တပ်ဘက်က နမ့်ဖတ်ကာနဲ့ ၁၀၅ မိုင်တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းတမ်းပစ်ခတ်နေတယ်လို့ နမ့်အွမ်ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ နမ့်အွမ်ကျေးရွာအနောက်ဘက်မှာရှိတဲ့ KIA တပ်ရင်း ၉ နေရာ ဘတ်ငွိုင်တောင်(Bakngoi bum) ကို ဩဂုတ်လ ၂၇ ရက်နေ့ကတည်းက ဆက်တိုက်ထိုးစစ်ဆင်နေတာကြောင့် မနေ့ညနေကနေ ဒီမနက် ၁၀ နာရီထိ နှစ်ဖက်တပ်စလုံး လက်နက်ကြီးတွေနဲ့ပစ်ခတ်နေကြပြီး…

    Read More »
  • 25 August

    နန့်ယားဒေသခံအပါအဝင် ခရီးသည်နဲ့ကားသမား ၃၀ ကျော်ကို စစ်တပ်ကလူသားဒိုင်း အနေနဲ့ဖမ်းဆီးသွား

    ဖားကန့်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက မနေ့ည နန့်ယားရွာက ဒေသခံတွေအပါအဝင် ရွာမှာတည်းခိုနေတဲ့ ခရီးသည်၊ကားသမား စုစုပေါင်း ၃၀ ကျော်ကို လူသားဒိုင်းအနေနဲ့ဖမ်းဆီးသွားတယ်လို့ နန့်ယားဒေသခံတွေဆီကနေ သိရပါတယ်။ “မနေ့ည ၈ နာရီလောက်ကနေ ၁၁ လောက်အထိရွာထဲမှာ လိုက်ဖမ်းနေတာ။…

    Read More »
  • 22 August

    နန့်ယားစစ်တပ်ကုန်းက ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ယောက် ထိခိုက်ဒဏ်ရာရရှိ

    ဖားကန့်သွားလမ်း နန့်ယားကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က တစ်ရက်လုံးလက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် နန့်ယားကျေးရွာရဲ့ လူနေအိမ်ရပ်ကွက်တစ်ချို့နေရာမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသမီးတစ်ယောက် လက်နက်ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာဘက်ကို ပစ်ခတ်တာတွေရှိသလို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေရှိနိုင်တဲ့ ၂ နေရာဘက်မှာ ဩဂုတ်လ ၂၂ ရက်နေ့ တစ်ရက်လုံး နန့်ယားစစ်တပ်ကုန်းကနေ အမြှောက်သီးတွေ ဆက်တိုက်ပစ်ခတ်ခဲ့ပါတယ်။ အခုလို အဆက်မပြတ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးက နန့်ယားရပ်ကွက် (၁)မှာရှိတဲ့ နေအိမ်တစ်လုံးအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အိမ်ဝရံတာအထဲမှာထိုင်နေတဲ့ အသက် ၃၅ နှစ်အရွယ် ဒေါ်ဇင်မာဦး ကျည်ထိမှန်ခဲ့တယ်လို့ နန့်ယားဒေသခံတစ်ယောက်က KNG ကို ပြောပါတယ်။ “သူတို့က တစ်ရက်လုံး ပစ်ကြတာဟုတ်တယ်။ ပစ်တာက KIA တပ်တွေရှိတဲ့ ဘက်ရယ်၊ နောက် တိုက်ပွဲဖြစ်တဲ့ နေရာဘက်ကို ပစ်ကြတယ်လို့ပြောတာပဲ။ ဒါပေမယ့် တိုက်ပွဲဖြစ်တဲ့နေရာက ဒီကနေ ဝေးတယ်။ သူတို့ပစ်လိုက်တဲ့ အမြှောက်သီးတစ်လုံးက ရပ်ကွက် ၁ မှာကျတယ်။ ပေါက်ကွဲတဲ့ ကျည်စက အမျိုးသမီးတစ်ယောက်မှာ ထိမှန်သွားတယ်”လို့ပြောပါတယ်။ လက်နက်ကြီး ကျည်စထိမှန်သွားတဲ့ ဒေါ်ဇင်မာဦးဆိုဟာ ချိုင်းအောက်တစ်နေရာနဲ့ ပေါင်တစ်ဖက် ခြမ်း ၂ နေရာမှာ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်နေ မနက်ပိုင်းကနေ ညနေ ၅ နာရီလောက်အထိ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် လုံးခြုံရေးအတွက်စိုးရိမ်ပြီး နန့်ယား စစ်တပ်နဲ့ နီးစပ်တဲ့ ရပ်ကွက် ၂ ခုက လက်မှာ နန့်ယားကျေးရွာရှိ သာဘာရေးကျောင်းတွေမှာ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ နန့်ယားစစ်တပ်ကုန်းက လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တာဟာ ဒီကနေ့ မနက် ကားမိုင်းစစ်တပ်ကနေ ဖားကန့်ဘက်ကို တက်လားတဲ့ စစ်အင်အား ၁၀၀ ကျော်လောက်ပါရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က ကားမိုင်းမြို့အထွက် မအူပင်အထက် ကျောက်ထုကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခံလိုက်ရတဲ့အတွက်ဖြစ်ပါတယ်။ ဒါ့ကြောင့် နန့်ယားစစ်တပ်ကုန်းကနေ KIA တပ်တွေရှိတဲ့ဘက်နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ဘက်ကို ရမ်းသမ်းပစ်ခတ်မှုလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖားကန့်လမ်းတစ်လျှောက် ၂ ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် နန့်ယားစစ်တပ်ဂိတ်နေရာနဲ့ ကားမိုင်းလမ်းခွဲနေရာတွေမှာ ခရီးသည် ကုန်ကားများကို စစ်ကောင်စီတပ်ဘက်က သွားလာရေးပိတ်ဆို့ထားတာလည်းဖြစ်ပါတယ်။ ကျောက်ထုကျေးရွာနားမှာ ပစ်ခတ်ခံရတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းမှာ ဩဂုတ်လ ၁၇ ရက်နေ့လောက်က မိုးကောင်းမြို့နယ်ကနေ စစ်ကား ၃ စီးနဲ့ တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဖြစ်ပါတယ်။

    Read More »
  • 22 August

    ကနီတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဘက်က စစ်ကောင်စီတပ်ရဲ့ တပ်စိတ်မှူးကို အရှင်ဖမ်းမိ

    စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စစ်ကောင်စီတပ် နဲ့ ကာကွယ်ရေးတပ်ပေါင်းစုတွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တပ်စိတ်မှူးတစ်ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီကနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။ ကနီမြို့နယ် အရှေ့တောင်ဘက်ခြမ်း နွားခြံကုန်းရွာမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေထဲက အင်အား ၂၀ကျော်လောက်ဟာ ဩဂုတ်လ ၂၀ရက်နေ့က ကျေးရွာအပြင်ဘက်ကို ကင်းထောက်ထွက်လာချိန်…

    Read More »
  • 22 August

    ကားမိုင်းအထွက် ကျောက်ထုရွာမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

    ကားမိုင်းကနေ ဖားကန့်လမ်းအတိုင်းတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ကားမိုင်းမြို့အထွက် ကျောက်ထုကျေးရွာ အနားမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်နဲ့  အပြန်အလှန် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီကနေ့ မနက် ၉  နာရီလောက်မှာ ကားမိုင်းမြိို့က နေ ဖားကန့်ဘက်ကို ထွက်လာအချိန်မှာပဲ ကျောက်ထုကျေးရွာအရောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA က စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။ “စစ်ကောင်စီစစ်သားတွေက ကားမိုင်းကနေ ထွက်လာတဲ့အချိန် လမ်းတစ်လျှောက်ကြောက်လို့ လက်နက်ငယ်တွေ ပစ်ပြီးတက်လာကြတာဟုတ်တယ်။ မအူပင်လည်း ကျော်သွားပြီး ကျောက်ထုနားရောက်တော့ ကျနော်တို့ဘက်က စောင့်နေတာ အဲ့မှာပစ်ကြတာဟုတ်တယ်။ အခု ၁၁ နာရီခွဲလောက်အထိ လက်နက်သံတွေက ဆက်တိုက်ကြားနေတာဖြစ်တယ်”ပြောပါတယ်။ နှစ်ဖက်တပ် အပြန်အလှန်ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်ကနေ ထိခိုက်သေဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ကားမိုင်းဘက်ကို သယ်ဆောင်သွားတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါပေမယ့် ၂ ဖက်တပ် ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ KNG အနေနဲ့ အတည်ပြုနိုင်တာမရှိသေးပါဘူး။ လက်ရှိ စစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့ကြားမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဖားကန့်လမ်းတစ်လျှောက်မှာရှိကြတဲ့ ဆိုင်းဖရာ၊ ဂတ်နွယ်၊တံတားညီနောင်နဲ့ ခွမ်စိုင်ဇွပ်ဒေသခံပြည်သူတွေက ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့ သတင်းအရင်းအမြစ်ကပြောပါတယ်။ ဒါပေမယ့် အဲ့ဒီ ကျေးရွာတွေမရောက်မှီ နန့်ယားစစ်တပ်ဂိတ်မှာ စစ်ကောင်စီတပ်က အသွားအလာ အားလုံးပိတ်ဆို့ထားတဲ့အတွက် ထွက်လို့မရပဲ ကျေးရွာထဲမှာသာ ပုန်းရှောင်နေကြတယ်လို့ သိရပါတယ်။ အဲဒီစစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၁၇ ရက်နေ့ မိုးကောင်းမြို့နယ်ဘက်ကနေ ဖားကန့်ဘက်ကို စစ်ကား ၃ စီးနဲ့တက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး ဒီနေ့မနက် ကားမိုင်းကနေ ပြန်လည်ထွက်ခွာလာတဲ့အချိန် တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ဆိုင်းဖရာ၊ ဂတ်နွယ်၊ တံတားညီနောင်နဲ့ ခွမ်စိုင်ဇွပ် စတဲ့ကျေးရွာတွေမှာ တပ်ချဖို့တက်လာတဲ့အဖွဲ့ဖြစ်တယ်လို့သိရပြီး စစ်ကြောင်းတက်လာတဲ့ တစ်လျှောက်မှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတဲ့ ဒေသခံပြည်သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

    Read More »
  • 21 August

    ကလေးမြို့နယ် သာစည်ရွာကို စစ်တပ်က ၆ ရက်ဆက်တိုက်မီးရှို့

    စစ်ကိုင်းတိုင်း ကလေးမြို့နယ် သာစည်ရွာကို စစ်ကောင်စီတပ်က တပ်စွဲထားပြီး မီးရှို့ဖျက်ဆီးနေတာ ၆ ရက်ဆက်တိုက်ရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အင်အား ၃၀၀ နီးပါးလောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက သာစည်ရွာကိုတပ်စွဲပြီး  ၂၁ ရက်နေ့…

    Read More »
  • 21 August

    ထီးချိုင့်နယ် တိုက်ပွဲမှာ စစ်တပ်ဘက်ကအထိနာပြီး လေယာဥ်နဲ့ဗုံးကျဲ

    စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ဇီးကုန်းကျေးရွာဘက်မှာ ဩဂုတ်လ ၂၀ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော်  KIA၊ ထီးချိုင့်PDF ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက် ၃ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတစ်ချိူ့ကိုလည်း ကာကွယ်ရေးတပ်ဘက်ကသိမ်းဆည်းရမိခဲ့တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ကနေ သိရပါတယ်။ သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ဇီးကုန်းကနေ ကွင်းကြီးဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား…

    Read More »
Back to top button