တိုက်ပွဲ
-
Jul- 2023 -22 July
ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲထပ်မံဖြစ်လာမှာကို စိုးရိမ်တဲ့ ဒေသခံများ ကြိုတင်တိမ်းရှောင်နေဆဲ
တနိုင်းလီဒိုလမ်း ဝါရာဇွပ်တိုက်နယ် ရှဒူးဇွပ်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ကြား တိုက်ပွဲထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်းနေတဲ့အတွက် ကျေးရွာနေပြည်သူများတစ်ချို့က ကျေးရွာအတွင်းကနေ ကြိုတင် ရွှေ့ပြောင်းတိမ်းရှောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တာ ၂ ပတ်လောက်ကြာမြင့်သွားပြီ ဖြစ်ပေမယ့် KIA နဲ့…
Read More » -
22 July
စစ်ရေးတင်းမာနေတဲ့ မိုးစစ်ရွာနားတစ်ဝိုက်ဒေသခံများ အမြန်ဆုံးတိမ်းရှောင်ကြဖို့ မြို့လှ PDF သတိပေး
ရွှေကူမြို့နယ် ကျောက်ကြီးရွာကနေ ဆင်တပ်ရွာဘက်ကို စစ်ကြောင်းထိုးလာချိန် မိုင်းဆွဲခံလိုက်ရတဲ့ စစ်ကောင်စီတပ်က လက်ရှိမိုးစစ်ရွာထဲဝင်ရောက်နေပြီး ရွာသားတစ်ချို့ကို ဖမ်းဆီးထားတဲ့အပြင် မိုးစစ်ရွာအနီးတစ်ဝိုက်စစ်ကြောင်းထိုးဖို့ ထပ်ပြီးပြင်ဆင်နေတဲ့အတွက် ဒေသခံများ အမြန်ဆုံးရှောင်တိမ်းကြဖို့ မြို့လှကာကွယ်ရေးတပ်က အရေးပေါ်သတိပေးပြောဆိုလာပါတယ်။ “ခုချိန်ကျနော်တို့ဘက်က တစ်ချက်သွားပစ်ရင် ဖမ်းခံထားရတဲ့ပြည်သူတစ်ဦးကို သတ်ပြမယ်ဆိုတဲ့အနေထားဖြစ်နေတယ်။ ရွာသားတွေကို…
Read More » -
21 July
အောင်းကုန်းကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိဟုဆို
စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကျောင်းသားတပ်၊အင်းတော်PDF တို့ကြား မနေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်တဲ့ အောင်းကုန်းကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ တပ်မ ၇၇နှင့် တပ်မ ၈၈ပူးပေါင်း အင်အား ၇၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ရွာသာရွာဘက်ကနေ အင်းတော်မြို့တွင်းဘက်ကိုတပ်ဆုတ်ခွာလာချိန် ကျောင်းသားတပ်နဲ့အင်းတော် PDF ပူးပေါင်းတပ်ဖွဲ့က အောင်းကုန်းကျေးရွာ ကြိုးကြာလွင်ပြင်ကွင်းအနီးမှာ ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ၂ နာရီကျော်ကြာခဲ့တယ်လို့ သိရပါတယ်။ “သေဆုံးထိခိုက်ကတော့အတိအကျတော့မသိရဘူးပေါ့နော်တာပေမယ့် စစ်သား…
Read More » -
21 July
ဖားကန့် မြို့အဝင်က စစ်ကောင်စီစစ်ဆေးရေးဂိတ် KIA နှင့် PDF ကဝင်ရောက်တိုက်ခိုက်
ကချင်ပြည်နယ် ဖားကန့်မြို့အဝင်မှာရှိတဲ့ ပန်းတင်တံတားဂိတ် ဒီနေ့ မနက်ပိုင်း ၁ နာရီလောက်မှာ တိုက်ခိုက်ခံရတယ်လို့ ပန်းတင်တံတားဂိတ်နားနေထိုင်သူတွေက ပြောပါတယ်။ ”မနက်ကအိပ်ကောင်းနေတဲ့ချိန်အထိ တွေ ဒိန်း..ဒိန်း..ဒုန်း..ဒုန်းတော့ကြားလိုက်တယ်ဗျ။ လက်နက်ကြီးလည်း တစ်ချက် နှစ်ချက်ကြားတယ်။သေနတ်ငယ်သံတွေတော့ ဆက်တိုက်ပဲ တချို့က ပြာယာတွေခတ်သွားကြတာ ဘာဖြစ်တာလဲပေါ့။ ”လို့ ဖားကန့် အေးမြသာယာရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။ အဲဒီဂိတ်ဟာ ဖားကန့်မြို့ အဝင်စစ်ဆေးရေးဂိတ်(ဒေသအခေါ်…
Read More » -
21 July
ရွှေကူမှာ စစ်ကောင်စီစစ်ကြောင်းကို မြို့လှကာကွယ်ရေးတပ်ကတိုက်ခိုက် စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံး
ရွှေကူမြို့နယ် ကျောက်ကြီးရွာကနေ ဆင်တပ်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးပြီး ၁၅ ဦးလောက်ဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့ မြို့လှကာကွယ်ရေးတပ်ကနေ သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ မနေ့က မနက်ပိုင်း ၄ နာရီဝန်းကျင်မှာ ကျောက်ကြီးရွာကနေ ရွှေပဒေသာရွာကို အရင်ဝင်ရောက်လာခဲ့ပြီး ရွှေပဒေသာရွာမှာ ချက်ပြုတ်စားသောက်ပြီးနောက် ညနေ ၅နာရီဝန်းကျင်မှာ ဆင်တပ်ရာဘက်ကို ဆက်ပြီးစစ်ကြောင်းထိုးလာချိန် မြို့လှကာကွယ်ရေးတပ်က ဗိုလ်မိုးကြိုး ဦးစီးတဲ့အဖွဲ့ကနေ ဆင်တပ်ရွာမရောက်ခင် လမ်းခုလတ်တစ်နေရာမှာ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “သူတို့က ရိက္ခာတင်သင်္ဘောတက်လာမယ့် လမ်းကြောင်းတစ်လျှောက် လမ်းကြောင်းရှင်းချင်တဲ့သဘော နယ်မြေရှင်လင်းရေးပုံစံနဲ့စစ်ကြောင်းထိုးလာတာ မိုင်း ၂ ကြိမ်ဆွဲခံလိုက်ရတော့ မနေ့သူတို့တော်တော်လေး အထိနာသွားတယ်” လို့ မြို့လှကာကွယ်ရေးတပ်က တာဝန်ရှိသူကပြောပါတယ်။ တိုက်ခိုက်ခံလိုက်ရတဲ့စစ်ကောင်စီတပ် စစ်ကြောင်းတွေကတော့ တပ်မ ၈၈ လက်အောက်ခံ…
Read More » -
20 July
ရွှေကူမြို့ဘက်ကိုတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရ
ကချင်ပြည်နယ် ရွှေကူမြို့နယ် တောပုန်းကျေးရွာကနေ မြို့ဘက်ကိုတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရတယ်လို့ ရွှေကူကာကွယ်ရေးတပ်ကနေ သိရပါတယ်။ ဒီကနေ့ ဇူလိုင် ၂၀ ရက်နေ့ မနက် ၉နာရီလောက်မှာ ရွှေကူမြို့အောက်ဘက် တောပုန်းကျေးရွာကနေ ရွှေကူမြို့တွင်းဘက်ကိုတက်လာတဲ့ အင်အား ၁၀၀ လောက်ရှိတဲ့စစ်ကြောင်းကို တောပုန်းရွာကနေ မြောက်ရွာကြားကလမ်းခုလတ်တစ်နေရာမှာ ရွှေကူPDF က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူ PDF နဲ့…
Read More » -
19 July
နမ့်ဖတ်ကာမှာ စစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာပြင်းထန်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာနားမှာ စစ်ကောင်စီတပ်နဲ့KIA တပ်တို့အကြား တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်ကလက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာမှ အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၄ ထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေပြောပါတယ်။ ဇူလိုင် ၁၈ မနေ့ကညနေပိုင်း ၃ နာရီလောက်ကနေ…
Read More » -
18 July
KIO ဌာနချူပ်ကို ထိုးစစ်ဆင်နိုင်ဖို့ စစ်တပ်က အစွမ်းကုန်ကြိုးပမ်းနေ
KIO ဌာနချူပ်ဘက်ကို ထိုးစစ်ဆင်နိုင်ဖို့ စစ်ကောင်စီတပ်က ရှမ်းမြောက်လမ်းကြောင်းဘက်ကနေလည်း စစ်အင်အားတွေ ပို့ဆောင်နိုင်အောင် ကြိုးပမ်းနေတဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာပြီး တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတယ်လို့ ရှမ်းမြောက်ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ကချင်ပြည်ဘက်ကို စစ်ကြောင်းထိုးနိုင်အောင် လားရှိုး-မူဆယ် ပြည်ထောင်စု အဝေးပြေးကားလမ်းမကြီးနဲ့ တောလမ်းတွေအသုံးပြုပြီး နမ့်ခမ်းမြို့နယ်ဘက်ကို အဓိကထားစစ်ရေး လှုပ်ရှားနေတာဖြစ်တယ်လို့ ကွတ်ခိုင်ဒေသတွင် လှုပ်ရှားနေတဲ့ KIO…
Read More » -
18 July
ရွှေကူရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ရဲဝန်ထမ်းမိသားစုများ စစ်တပ်ထဲပြောင်းရွေ့နေကြ
ကချင်ပြည်နယ် ရွှေကူမြို့ပေါ်က မြို့မရဲစခန်းဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် ရဲဝန်ထမ်းမိသားစုတွေအားလုံး ညဘက်တွေမှာ ရွှေကူစစ်တပ်ထဲကိုပြောင်းရွှေ့အိပ်နေကြတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ရွှေကူမြို့ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ ရွှေကူနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ဇူလိုင်လ ၁၁ ရက်နေ့ က ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပြီး ရဲဘက်ကထိခိုက်သေဆုံးသူများခဲ့တာကြောင့် ဇူလိုင်လ ၁၁ ရက်နောက်ပိုင်း ရဲဝန်ထမ်းတွေအားလုံးရဲစခန်းမှာမအိပ်ရဲကြတော့တာဟုတ်တယ်လို့ တပ်နဲ့နီးစပ်တဲ့ ရွှေကူမြို့ခံအမျိုးသမီး တစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “သူတို့က စခန်းထဲမှာကိုမအိပ်ကြတော့တာ…
Read More » -
15 July
KIO ဗဟိုဌာနချုပ်အတွက် အရေးပါတဲ့ နမ်ဆန်ယန်မှာ တပ်စခန်းအခြေချဖို့ စစ်ကောင်စီ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ
ကချင်လွတ်လပ်ရေးတပ်မတော် KIO ဗဟိုဌာနချုပ်နယ်မြေ လုံခြုံရေးအတွက် အရေးပါတဲ့ နမ်ဆန်ယန်မှာ စစ်ကောင်စီတပ်က စစ်စခန်း ၃ ခုလောက် အထိုင်ချဖို့ စစ်ကြောင်းထိုးနေရင်း တိုက်ပွဲဖြစ်ပွားနေတာ ရက်ပေါင်း ၁၀ ရက်ကျော် ရှိလာပါပြီ။ စစ်တပ်က နေရာယူဖို့ ကြိုစားနေတဲ့ နေရာတွေကတော့ ဒွမ်ဘန်ဘွမ်…
Read More »









