တိုက်ပွဲ

  • Jul- 2023 -
    25 July

    နမ်ဆန်ယန်လမ်းမပေါ်မှာ တစ်ရက်ထဲတိုက်ပွဲ ၃ ကြိမ်ဖြစ်ပွား

    မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ ကျေးရွာ ၃ ခုလောက်မှာ ဇူလိုင်လ ၂၅ ရက်နေ့ တစ်ရက်ထဲ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ကြား ထိတွေ့တိုက်ခိုက် ၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင်…

    Read More »
  • 25 July

    TNLA ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေ

    မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာမှာရှိနေတဲ့ တအောင်းတပ်မတော် TNLA တပ်ဖွဲ့ကို စစ်ကောင်စီတပ်ဖွဲ့က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မူဆယ်နဲ့ ကွတ်ခိုင်ကြား နမ့်အွမ်ကျေးရွာအထက် ဂေါင်ငူကောင်( တောင်ကုန်း) မှာ တပ်ချနေတဲ့ တအောင်တပ်မတော် TNLA တပ်ဖွဲ့နဲ့  စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဟာ ယနေ့မနက် ၁၀ နာရီခွဲမှ ၁၂ နာရီခန့်အထိ လေယာဉ်တစ်စီးနဲ ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ နမ်အွမ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။  “အခုနမ့်အွမ်ဘက်မှာက TNLA တပ်ဖွဲ့တွေ ၃…

    Read More »
  • 24 July
    Photo- ဟုမ္မလင်းမြို့ဆိုင်းဘုတ်

    ဟုမ္မလင်းမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ကျေးရွာ ၂ရွာ ထွက်ပြေးတိမ်းရှောင်နေရ

    စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေတဲ့အတွက် ကျေးရွာ ၂ရွာကပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။  ဟုမ္မလင်းမြို့နယ် လွှစင်ကျေးရွာမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်စခန်းကို ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်က သွားရောက်တိုက်ခိုက်ရာက‌နေ နှစ်ဖက်ထိ‌တွေ့ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဟုမ္မလင်းမြို့နေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ ”တိုက်ပွဲက မနက်…

    Read More »
  • 22 July

    ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲထပ်မံဖြစ်လာမှာကို စိုးရိမ်တဲ့ ဒေသခံများ ကြိုတင်တိမ်းရှောင်နေဆဲ

    တနိုင်းလီဒိုလမ်း ဝါရာဇွပ်တိုက်နယ် ရှဒူးဇွပ်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ကြား တိုက်ပွဲထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်းနေတဲ့အတွက် ကျေးရွာနေပြည်သူများတစ်ချို့က ကျေးရွာအတွင်းကနေ ကြိုတင် ရွှေ့ပြောင်းတိမ်းရှောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တာ ၂ ပတ်လောက်ကြာမြင့်သွားပြီ ဖြစ်ပေမယ့် KIA နဲ့…

    Read More »
  • 22 July

    စစ်ရေးတင်းမာနေတဲ့ မိုးစစ်ရွာနားတစ်ဝိုက်ဒေသခံများ အမြန်ဆုံးတိမ်းရှောင်ကြဖို့ မြို့လှ PDF သတိပေး

    ရွှေကူမြို့နယ် ကျောက်ကြီးရွာကနေ ဆင်တပ်ရွာဘက်ကို စစ်ကြောင်းထိုးလာချိန် မိုင်းဆွဲခံလိုက်ရတဲ့ စစ်ကောင်စီတပ်က လက်ရှိမိုးစစ်ရွာထဲဝင်ရောက်နေပြီး ရွာသားတစ်ချို့ကို ဖမ်းဆီးထားတဲ့အပြင် မိုးစစ်ရွာအနီးတစ်ဝိုက်စစ်ကြောင်းထိုးဖို့ ထပ်ပြီးပြင်ဆင်နေတဲ့အတွက် ဒေသခံများ အမြန်ဆုံးရှောင်တိမ်းကြဖို့ မြို့လှကာကွယ်ရေးတပ်က အရေးပေါ်သတိပေးပြောဆိုလာပါတယ်။ “ခုချိန်ကျနော်တို့ဘက်က တစ်ချက်သွားပစ်ရင် ဖမ်းခံထားရတဲ့ပြည်သူတစ်ဦးကို သတ်ပြမယ်ဆိုတဲ့အနေထားဖြစ်နေတယ်။ ရွာသားတွေကို…

    Read More »
  • 21 July
    photo - ရှေ့တန်းတစ်နေရာက ဗန်းမောက်ကာကွယ်ရေးတပ်

    အောင်းကုန်းကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိဟုဆို

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကျောင်းသားတပ်၊အင်းတော်PDF တို့ကြား မနေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့  ကာကွယ်ရေးတပ်နဲ့နီးစပ်တဲ့ အောင်းကုန်းကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ တပ်မ ၇၇နှင့် တပ်မ ၈၈ပူးပေါင်း အင်အား ၇၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ရွာသာရွာဘက်ကနေ အင်းတော်မြို့တွင်းဘက်ကိုတပ်ဆုတ်ခွာလာချိန် ကျောင်းသားတပ်နဲ့အင်းတော် PDF ပူးပေါင်းတပ်ဖွဲ့က အောင်းကုန်းကျေးရွာ ကြိုးကြာလွင်ပြင်ကွင်းအနီးမှာ ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ  ၂ နာရီကျော်ကြာခဲ့တယ်လို့ သိရပါတယ်။ “သေဆုံးထိခိုက်ကတော့အတိအကျတော့မသိရဘူးပေါ့နော်တာပေမယ့် စစ်သား…

    Read More »
  • 21 July
    photo- ဖားကန့်မြို့အဝင်တစ်နေရာ

    ဖားကန့် မြို့အဝင်က စစ်ကောင်စီစစ်ဆေးရေးဂိတ် KIA နှင့် PDF ကဝင်ရောက်တိုက်ခိုက်

    ကချင်ပြည်နယ် ဖားကန့်မြို့အဝင်မှာရှိတဲ့ ပန်းတင်တံတားဂိတ် ဒီနေ့ မနက်ပိုင်း ၁ နာရီလောက်မှာ တိုက်ခိုက်ခံရတယ်လို့ ပန်းတင်တံတားဂိတ်နားနေထိုင်သူတွေက ပြောပါတယ်။ ”မနက်ကအိပ်ကောင်းနေတဲ့ချိန်အထိ တွေ ဒိန်း..ဒိန်း..ဒုန်း..ဒုန်းတော့ကြားလိုက်တယ်ဗျ။ လက်နက်ကြီးလည်း တစ်ချက် နှစ်ချက်ကြားတယ်။သေနတ်ငယ်သံတွေတော့ ဆက်တိုက်ပဲ တချို့က ပြာယာတွေခတ်သွားကြတာ ဘာဖြစ်တာလဲပေါ့။ ”လို့ ဖားကန့် အေးမြသာယာရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။ အဲဒီဂိတ်ဟာ ဖားကန့်မြို့ အဝင်စစ်ဆေးရေးဂိတ်(ဒေသအခေါ်…

    Read More »
  • 21 July
    photo- ရှေ့တန်းတစ်နေရာက ဗန်းမောက်ကာကွယ်ရေးတပ်ဖွဲ့

    ရွှေကူမှာ စစ်ကောင်စီစစ်ကြောင်းကို မြို့လှကာကွယ်ရေးတပ်ကတိုက်ခိုက် စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံး

    ရွှေကူမြို့နယ် ကျောက်ကြီးရွာကနေ ဆင်တပ်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးပြီး ၁၅ ဦးလောက်ဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့ မြို့လှကာကွယ်ရေးတပ်ကနေ သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ မနေ့က မနက်ပိုင်း ၄ နာရီဝန်းကျင်မှာ ကျောက်ကြီးရွာကနေ ရွှေပဒေသာရွာကို အရင်ဝင်ရောက်လာခဲ့ပြီး ရွှေပဒေသာရွာမှာ ချက်ပြုတ်စားသောက်ပြီးနောက် ညနေ ၅နာရီဝန်းကျင်မှာ ဆင်တပ်ရာဘက်ကို ဆက်ပြီးစစ်ကြောင်းထိုးလာချိန် မြို့လှကာကွယ်ရေးတပ်က ဗိုလ်မိုးကြိုး ဦးစီးတဲ့အဖွဲ့ကနေ ဆင်တပ်ရွာမရောက်ခင် လမ်းခုလတ်တစ်နေရာမှာ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “သူတို့က ရိက္ခာတင်သင်္ဘောတက်လာမယ့် လမ်းကြောင်းတစ်လျှောက် လမ်းကြောင်းရှင်းချင်တဲ့သဘော နယ်မြေရှင်လင်းရေးပုံစံနဲ့စစ်ကြောင်းထိုးလာတာ မိုင်း ၂ ကြိမ်ဆွဲခံလိုက်ရတော့ မနေ့သူတို့တော်တော်လေး အထိနာသွားတယ်” လို့ မြို့လှကာကွယ်ရေးတပ်က တာဝန်ရှိသူကပြောပါတယ်။ တိုက်ခိုက်ခံလိုက်ရတဲ့စစ်ကောင်စီတပ် စစ်ကြောင်းတွေကတော့ တပ်မ ၈၈ လက်အောက်ခံ…

    Read More »
  • 20 July
    photo- မိုးညှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒရုန်းစမ်းသပ်နေပုံ( Crd- မိုးညှင်း PDF)

    ရွှေကူမြို့ဘက်ကိုတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရ

    ကချင်ပြည်နယ် ရွှေကူမြို့နယ် တောပုန်းကျေးရွာကနေ မြို့ဘက်ကိုတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရတယ်လို့ ရွှေကူကာကွယ်ရေးတပ်ကနေ သိရပါတယ်။ ဒီကနေ့ ဇူလိုင် ၂၀ ရက်နေ့ မနက် ၉နာရီလောက်မှာ ရွှေကူမြို့အောက်ဘက် တောပုန်းကျေးရွာကနေ ရွှေကူမြို့တွင်းဘက်ကိုတက်လာတဲ့ အင်အား ၁၀၀ လောက်ရှိတဲ့စစ်ကြောင်းကို တောပုန်းရွာကနေ မြောက်ရွာကြားကလမ်းခုလတ်တစ်နေရာမှာ ရွှေကူPDF က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူ PDF နဲ့…

    Read More »
  • 19 July
    photo; လက်နက်ကြီးကျည်ထိမှန်ပြီးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ နမ့်ဖတ်ကာဒေသခံများ

    နမ့်ဖတ်ကာမှာ စစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာပြင်းထန်

    ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာနားမှာ စစ်ကောင်စီတပ်နဲ့KIA တပ်တို့အကြား တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်ကလက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာမှ အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၄ ထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေပြောပါတယ်။ ဇူလိုင် ၁၈ မနေ့ကညနေပိုင်း ၃ နာရီလောက်ကနေ…

    Read More »
Back to top button