တိုက်ပွဲ
-
Oct- 2022 -5 October
ကသာတွင် စစ်ကောင်စီစစ်ကြောင်း ကို ပြည်သူ့ကာကွယ်ရေးတပ်မှ မိုင်းဆွဲ တိုက်ခိုက်
ကသာမြို့နယ် မင်္ဂလာသုခကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၁နာရီဝန်းကျင်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရကြောင်း သိရသည်။ စစ်အင်အား ၂၀၀ ပါစစ်ကောင်စီ စစ်ကြောင်းကို မင်္ဂလာသုခကျေးရွာနှင့် သာစည်ကျေးရွာကြားတွင် ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေး…
Read More » -
5 October
နမ္မတူမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ရှောင်များ နေရပ်မပြန်နိုင်သေး
ရှမ်းမြောက် KIA တပ်မဟာ ၄ တပ်ရင်း ၈ နယ်မြေ နမ္မတူမြို့နယ် ဆင်လီကောင်ရာ ကျေးရွာအနီး စက်တင်ဘာလ ၅ ရက် ယနေ့နံနက် ၁၁ နာရီခန့်မှ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ “တိုက်ပွဲက ဆက်တိုက်ပဲ အခုမနက်လည်း တိုက်ပွဲဖြစ်နေဆဲပဲ။…
Read More » -
4 October
ပင်လည်ဘူးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃ ဦးကျဆုံးကာ ဒေသခံကာကွယ်ရေးတပ်ဘက်က ၅ဦးဒဏ်ရာရရှိခဲ့
စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် မြောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ ယမန်နေ့ကတိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က ၃ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ အင်အား ၁၈၀ ကျော် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်တပ်ဖွဲ့များကြား ယမန်နေ့ မနက်ပိုင်း ၆…
Read More » -
Sep- 2022 -22 September
မင်းကင်းနယ်ရှိ စစ်တပ်ဂိတ်စခန်းတစ်ခုတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ၊ လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရရှိ
စစ်ကိုင်းတိုင်းဒေသ မင်းကင်းမြို့နယ် တောင်ယာတောကျေးရွာရှိ စစ်ကောင်စီတပ်၏ ရေယာဉ်စစ်ဆေးရေးဂိတ်စခန်းကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် ၅ ဦးထက်မနည်းသေဆုံး လက်နက်ခဲယမ်းတစ်ချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ စက်တင်ဘာလ ၂၁ရက်နေ့ မွန်းလွှဲ ၃နာရီဝန်းကျင်တွင် ပြည်သူများအပေါ်မတရား ရိုက်နက်…
Read More » -
21 September
ငွေသာကျေးရွာ မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်
ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းသည် ယမန်နေ့ နံနက်ပိုင်းအထိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဥ် လက်နက်ကြီးများဖြင့်…
Read More » -
21 September
စစ်ကောင်စီတပ် နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ မိုးတားကြီးကျေးရွာအနီး တိုက်ပွဲပြင်းထန်ခဲ့
ကသာမြို့နယ် မိုးတားကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား ယမန်နေ့ ညနေ ၄နာရီဝန်းကျင်တွင် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမူမျာခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။ စစ်အင်အား ၈၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် ကသာနယ် အထက်ဝဲကြီးကျေးရွာမှ မိုးတားကြီးကျေးရွာဘက်သို့ ခြေလျှင်စစ်ကြောင်းထိုးဝင်ရောက်လာချိန် မိုးတားကြီးရွာအနီး…
Read More » -
16 September
ခြင်းလုံးခတ်နေသည့် စစ်ကောင်စီအဖွဲ့ ဗုံးခွဲတိုက်ခိုက်ခံရကာ ၇ဦးသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့ပေါ် ကျန်စစ်ရပ်ကွက် အထက်တန်းကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များ ခြင်းလုံးခတ်နေစဥ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး ၇ဦးသေဆုံးခဲ့သည်ဟု အဆိုပါတိုက်ခိုက်မူအတွင်းပါဝင်ခဲ့သည့် Zero ပြောက်ကျားတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကဆိုသည်။ ယမန်နေ့ ညနေပိုင်း၅နာရီဝန်းကျင် Zero ပြောက်ကျားတပ်ဖွဲ့ နှင့် True Fighter ဒေသခံကာကွယ်ရေးတပ်များပူးပေါင်းကာ…
Read More » -
15 September
အခြေအနေ မတည်ငြိမ်သေးသည့်အတွက် မှော်ပုံ ဒေသခံများ နေရပ်မပြန်ကြသေးရန် KIA သတိပေး
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာ (Maden Yang) ဒေသခံများကို နေရပ်ပြန်လာခြင်း မပြုသေးရန် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ ဘက်က သတိပေးထားသည်ဟု သိရသည်။ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စစ်ကောင်စီတပ်မှ စစ်ကား ၆ စီးဖြင့် မှော်ပုံကျေးရွာသို့…
Read More » -
15 September
ကသာ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၇ ဦးထက်မနည်း သေဆုံး
ကသာမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တို့ကြား ၂ ရက်ဆက်တိုက်ပွဲ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၇ ဦးထက်မနည်းသေဆုံးပြီး ဒေသကာကွယ်ရေးတပ်မှလည်း ၁ဦး ကျဆုံးခဲ့ကြောင်း သိရသည်။ “ကျနော်တို့ကြိုသတင်းရလို့ စောင့်တိုက်တာကနေ တိုက်ပွဲက ၂ ရက်ဆက်တိုက်လိုဖြစ်သွားတာ။ ထိခိုက်သေဆုံးမှု ၂ဖက်စလုံးရှိတယ်“ ဟု ကသာပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက…
Read More » -
14 September
စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ကံဇီးရွာတွင် တပ်စွဲထားသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့များကို Farmer Revolution Force CHU နှင့် အခြားသောဒေသခံကာကွယ်ရေးတပ်များစုပေါင်းကာ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂ဦး သေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ကံဇီးကျေးရွာသည် ပျူစောထီးကျေးရွာဖြစ်သောကြောင့် ယနေ့ နံနက်…
Read More »








