လူ့အခွင့်အရေးချိုးဖောက်မှု
-
Aug- 2023 -24 August
ဟိုပင်မှာ ပြည်သူ ၂ ယောက် သတ်ဖြတ်ခံရတဲ့အမှု KIA က ငွေကြေးသိန်းသုံးရာပေးပြီး အပြီးသတ်
မိုးညှင်းမြို့နယ် ဟိုပင်မြို့ရဲ့အရှေ့ဘက်ခြမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၁ နယ်မြေမှာ သတ်ဖြတ်ခံ လိုက်ရတဲ့ KIA တပ်သားနဲ့ ဇနီးဖြစ်သူ အဓမ္မပြုကျင့်သတ်ဖြတ်ခံလိုက်တဲ့အမှုကို KIA ဘက်နေ ငွေကြေးပေးပြီး အပြီးသတ်ဆောင်ရွက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ KIA ဘက်ကနေ သတ်ဖြတ်ခံလိုက်ရတဲ့ မိသားစုဝင်တွေကို နစ်နာကြေးငွေ သိန်း ၃၀၀ ပေးဆောင်ပြီး ဩဂုတ်လဆန်းပိုင်းမှာပဲ…
Read More » -
22 August
ကားမိုင်းကျေးရွာဒေသခံ ၅ ဦးကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွား
ဖားကန့်မြို့နယ် ကားမိုင်းမြို့က ဒေသခံအမျိုးသား ၅ ဦးကို စစ်ကောင်စီစစ်ကြောင်းက ဒီနေ့ မနက်အစောပိုင်း ၂ နာရီလောက်မှာ လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံနေအိမ်အထိ ဝင်ရောက်ဖမ်းဆီးသွားပြီး…
Read More » -
21 August
ဗန်းမော်မှာ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းကလွှဲပြီး အရပ်သားပြည်သူသွားလာခွင့်ပိတ်ပင်ခံထားရ
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်တပ်က မြို့တွင်းမြို့ပြင်လုံခြုံရေးတင်းကြပ်ထားတဲ့အပြင် မြို့တွင်း ရပ်ကွက်သွားလမ်းတွေမကျန် စစ်တပ်လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေကလွှဲပြီး အရပ်သားပြည်သူတွေ သွားလာခွင့် ပိတ်ပင်ခံထားရတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဒီလိုလုပ်ဆောင်လာတာဟာ စစ်လက်နက်ရိက္ခာတင် သင်္ဘော ၉ စီး ဆိုက်ကပ်လာတဲ့ ဩဂုတ်လ ၁၉ ရက်နေ့ကတည်းက ဖြစ်တယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက အခုလို…
Read More » -
18 August
ဆယ်ဇင်းမှာ SNA တပ်ပစ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ပြီး အရပ်သားပြည်သူ ၇ ဦး ဒဏ်ရာရရှိ
ဖားကန့်မြို့နယ်၊ ဆယ်ဇင်းတိုက်နယ်အပိုင်း နန့်ပုတ်ကျေးရွာဈေးတန်းဘက်ကို ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့က လက်နက်ကြီး ပတ်ခတ်လိုက်တဲ့အတွက် အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ “အိမ်ထဲကို တစ်လုံးကျတယ်၊ ဈေးတန်းထဲကို တစ်လုံးကျတယ်၊လက်နက်ကြီးနဲ့ပစ်တာပါဗျ“ဟု နန့်ပုတ်ကျေးရွာသားတစ်ဦးကပြောပါတယ်။ လက်ရှိမှာ လက်နက်ကြီးထိမှန်ပြီး…
Read More » -
15 August
ပင်လည်ဘူးမှာ ရွှေတူးနေတဲ့ အမျိုးသား ၆ ယောက်သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်မှာ စစ်ကောင်စီတပ်က ရွှေတူးနေတဲ့ အမျိုးသား ၆ ယောက်ကို သတ်ဖြတ်သွားတယ်လို့ ပင်လည်ဘူးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ မနေ့က ညနေပိုင်း၄နာရီကျော်လောက်မှာ ပင်လည်ဘူးမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ဒေသအခေါ် ရွှေညောင်ပင် မှာရှိတဲ့ရွှေမှော်ဘက်ကို စစ်ကြောင်းထိုးရင်းရွှေတူးနေတဲ့ အမျိုးသား…
Read More » -
11 August
တလိုင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု ၈ လသားအရွယ်ကလေးငယ်နဲ့မိခင်ဖြစ်သူ အပါအဝင် ၃ ဦးသေဆုံး
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တလိုင်းရွာမှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရ တဲ့အတွက် ၈လသား အရွယ်ကလေးငယ်နဲ့မိခင်ဖြစ်သူအပါအဝင် ၃ ဦးသေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Informational Network အဖွဲ့ထံမှသိရပါတယ်။ ဒီကနေ့ မနက်ပိုင်း ၄နာရီလောက်မှာ တံတားဦးလေဆိပ်ကနေတက်လာတဲ့ ဂျက်ဖိုက် တာတစ်စီးဟာ တလိုင်းရွာက…
Read More » -
8 August
ကျော်ဆေးခန်းပိုင်ရှင် ဒေါက်တာသိန်းမြင့်ဝေကို ပုဒ်မ ၅၀၅- က နဲ့အမှုဖွင့် အရေးယူ
ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှာရှိတဲ့ ကျော်ဆေးခန်းပိုင်ရှင် ဒေါက်တာသန်းမြင့်ဝေကို စစ်တပ်က ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅– က နဲ့ အမှုဖွင့်အရေးယူလိုက်ပြီလို့ ဖားကန့်ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဒေါက်တာသန်းမြင့်ဝေကို CDM လှုပ်ရှားမှုမှာ ပါဝင်လှုံ့ဆော်တာတွေအပြင် ဆန္ဒပြပွဲမှာထိခိုက်သူတွေကို ဆေးကုပေးတယ်ဆိုတဲ့ စွပ်ဆွဲချက်နဲ့ ဩဂုတ်လ ၂ ရက်နေ့ ဆေးခန်းနေအိမ်ကနေ အိမ်စီးကား ၅ စီးနဲ့စစ်အင်အားအလုံးအရင်းသုံးပြီး…
Read More » -
4 August
ရှမ်းမြောက်မှာ ပြီးခဲ့တဲ့တစ်လတာအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အရပ်သား ၆ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာပြင်းထန်
ရှမ်းမြောက်ဒေသ ကွတ်ခိုင်-နမ့်ဖတ်ကာ-မူဆယ် စတဲ့ ပြည်တောင်စုကားလမ်းတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ TNLA တို့အကြား ပြီးခဲ့တဲ့တစ်လတာတိုက်ပွဲမှာ အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကနေစပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကြားတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် တစ်ဆက်တည်းမှာဘဲ ဇူလိုင် ၂၃ ရက်နေ့မှစပြီး စစ်တပ်နဲ့ TNLA တို့ ဆက်လက်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ တိုက်ပွဲအတွင်း နမ့်ဖတ်ကာ ခ.လ.ရ ၁၂၃ စစ်ပတ်မှ လက်နက်ကြီးဆက်တိုက်…
Read More » -
4 August
ကသာမှာ ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံး
စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ၁၀နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ မနေ့မနက်ပိုင်း ၉နာရီဝန်းကျင်မှာ ကလုံရွာမှာ စစ်ကောင်စီတပ်တွေက ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်း အင်းရွာတိုက်နယ်အုပ်စုဘက်ကို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာ ဖြစ်ပြီးတော့ အင်းရွာအုပ်စုဦးစောကျွန်းရွာက ကလေးငယ်သေဆုံးခဲ့ရတာလို့ ကသာမြို့နယ်ကကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။ “ကလုံမှာရွာကအဖွဲ့တွေက သူတို့ရဲ့အရှေ့ဘက်ကမ်း ကလုံနဲ့မျက်နှာချင်းဆိုင်ရွာ…
Read More » -
4 August
ဒီပဲယင်းက မရကန်ရွာ ၃ ကြိမ်မြောက်မီးရှို့ခံရ
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မရကန်ရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက ၃ကြိမ်မြောက်မီးရှို့ဖျက်ဆီးခဲ့တဲ့ အတွက် နေအိမ်၂၇လုံးမီးထဲပါသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ၂ရက်နေ့ မနက်ပိုင်းကတည်းက အင်အား၁၅၀ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဒီပဲယင်းအရှေ့ခြမ်းကို ဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီးတော့ ညနေပိုင်း ၄နာရီလောက်ပိုင်းမရကန်ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People’s Defense Comrade ကပြန်ကြားရေးတာဝန်ခံကိုထူးခန့်က ပြောပါတယ်။ “မနက်အစောပိုင်းက…
Read More »









