,
မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ဘုရာကျောင်းတစ်ခုကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၅ရက်ည ၁၀ နာရီခန့်က ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ (more…)
လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ်ကျေးရွာတွင်အခြေစိုက်သော အာဏာသိမ်းစစ်တပ် ခလရ (၂၉၇) က တိုက်ပွဲမဖြစ်သော်လည်း ညအချိန်လက်နက်ကြီးများ ပစ်ခတ်နေမှုကြောင့် ကျေးရွာအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း သိရသည်။ ဧပြီလ ၅ရက်နေ့ ည ၈နာရီခွဲအချိန်တွင် ရှဒူးဇွပ်စစ်တပ်ကုန်းမှ လက်နက်ကြီး ၆ကြိမ် ထက်မနည်း ပစ်ခတ်မူကြောင့် ဘန်ကောက်ကျေးရွာ နှင့် နမ်ဆိုင်ကျေးရွာတွင် လက်နက်ကြီးတစ်လုံးစီ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ "မနေ့ည ၈နာရီနဲ့ ၉နာရီကြားမှာ ဟုတ်တယ်။ ဒီရှဒူးဇွပ်စစ်တပ်ကုန်းက
မိုးကောင်းမြို့တွင် ယနေ့ ည ၉ နာရီကျော်အချိန်တွင် အာဏာသိမ်းစစ်တပ်က သေနတ်ပစ်သဖြင့် ပြည်သူ ၂ဦး ကျည်ထိမှန် ဒဏ်ရာရရှိသွားကြောင်းသိရသည်။ (more…)
မိုးကောင်းမြို့တွင် အာဏာသိမ်းစစ်ကောင်စီမှပေးအပ်သော ပညာရေးမွမ်းမံသင်တန်း တက်ရောက်သူများကို ယနေ့ နံနက် လူငယ်များသံပုံးတီးမောင်းထုတ်နေစဉ် ရဲနှင့် စစ်သားများရောက်လာပြီး လူငယ် ၄ ဦးကို ဖမ်းဆီးသွားသည်ဟု သိရသည်။ (more…)
ဗန်းမော်မြို့ ခွန်သာရပ်ကွက်ရှိ လူထုခံတပ်တစ်ခုကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၄ရက်နေ့ နံနက် ၃နာရီခန့် ဝင်ရောက်အကြမ်းဖက်ဖြိုခွင်းရာမှာ ပြည်သူတစ်ဦး ပစ်သတ်ခံရပြီး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရသည်ဟု သိရသည်။ သေဆုံးသူမှာ ကိုမင်းနိုင်ဦး (ခ)ဖိုးသား ဆိုသူဖြစ်ပြီး သူ၏ ရင်ဘတ်နှင့် ခြေထောက်တွင် ကျည်အစစ်ထိကာ သေဆုံးသွားခြင်းဖြစ်ပြီး၊ သူ၏ ရုပ်အလောင်းကို စစ်တပ်ကပဲ သိမ်းယူသွားသည်ဟု သိရသည်။ "၃နာရီလောက်မှာ ရဲနဲ့စစ်သား လူအင်အား ၁၀၀လောက်က ပြည်သူတွေခံတပ်လုပ်ထားတဲ့အတားအဆီးတွေကို လာဖျက်ဆီးတယ်။
မြစ်ကြီးနားမြို့ မတ်လ ၃၀ ရက်နေ့ သပိတ်စစ်ကြောင်းကို ရဲနှင့်စစ်သားများက အရပ်ဝတ်ဖြင့် အကြမ်းဖက်ပစ်ခတ်ခဲ့သဖြင့် ဆန္ဒပြ ပြည်သူ ၁ ဦး ကျဆုံးခဲ့ပြီး ၁ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ ယနေ့ နံနက် ၁၁ နာရီခန့် ရမ်ပူရပ်ကွက်တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများက ခံတပ်ဆောက်ကာ ဆန္ဒဖော်ထုတ်ခဲ့ရာ စစ်သားနှင့် ရဲများက ကျည်အစစ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သောကြောင့် ပြည်သူတစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။ [caption id="attachment_8896"
မတ်လ ၂၇ ရက်နေ့ (၇၆) နှစ်မြောက်တပ်မတော်နေ့ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် စစ်အာဏာဆန့်ကျင်သည့် လူထုဆန္ဒထုတ်ဖော်သပိတ်စစ်ကြောင်းအား ရဲနှင့်တပ်မှ ပစ်ခတ်သဖြင့် ဆန္ဒထုတ်ဖော်သည့်ပြည်သူ သူရဲကောင်း(၅)ဦး ကျဆုံးခဲ့သည်။ (more…)
အစိုးရတပ်မတော်သား ၂ ဦး ပစ်သတ်လိုက်သည့် ကွန်ပျူတာကျောင်းသားတစ်ဦး အမှုနှင့် ပတ်သက်ပြီး တရားလို တရားခံ နှစ်ဖက် သက်သေများကို ဇူလိုင် ၁၁ ရက်နေ့ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းတွင် ပထမဆုံးအကြိမ် ခေါ်ယူစစ်ဆေးမှု ပြုလုပ်ခဲ့သည်။ (more…)
လွန်ခဲ့သည့် နှစ်နှစ်ကျော်က ကချင်ပြည်နယ် ဖားကန့်မြို့မှ ကိုးတန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးမှုကို တိုင်ကြားသော ဖခင် ဦးဘရန်ရှောင် အမှုရှုံးနိမ့်ကာ ဖေဖော်ဝါရီလ ၁၃ ရက်က ထောင်ဒဏ် ၆ လ သို့မဟုတ် ဒဏ်ငွေ ၅ သောင်း ချမှတ်လိုက်သည်ဟု ဦးဘရန်ရှောင်က ပြောသည်။ (more…)
မြန်မာသတင်းထောက်များနှင့် လူ့အခွင့်အရေးအတွက် ခုခံကာကွယ်ပြောဆိုနေသူများကို တရားစွဲဆိုခြင်းနှင့် ခြိမ်းခြောက်မှုများ ရပ်တန့်ရန် Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဇန်နဝါရီလ ၃ ရက်က ကြေငြာချက် ထုတ်ပြန်လိုက်သည်။ (more…)