စစ်ပြေးဒုက္ခသည်များ
-
Aug- 2023 -14 August
ဒီပဲယင်းက စစ်ဘေးရှောင် ၅၀၀အတွက် အကူအညီများလိုအပ်နေ
ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုအတွက် စားနပ်ရိက္ခာ၊ဆေးဝါး၊မိုးကာ နဲ့ အဖက်ဘက်က အကူညီတွေလိုအပ်နေပြီးတော့ ပညာသင်ခွင့်ဆုံးရှုံးနေရတဲ့ ကလေးငယ်တွေလည်းရှိတယ်လို့ ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့ဆီက သိရပါတယ်။ အဲ့ဒီစစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော်ဟာ စစ်ဘေးရှောင်တဲစခန်းသီးသန့်လုပ် ထားတာမျိုးမဟုတ်မရှိတဲ့အတွက်နီးစပ်ရာဘုန်းကြီးကျောင်း၊စာသင်ကျောင်းအဟောင်းနဲ့ယာယီတဲတွေထိုးပြီး စုဖွဲ့နေထိုင် ကြတယ်လို့ ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “အားလုံးနီးပါးမိသားစု၁၀၀နီးပါးလောက် စခန်းသီးသန့်ပုံစံနေတာမျိုးတွေ့ရတယ် စားဝတ်နေရေးအတွက် ဒေသမှာရှိတဲ့ ပဲနုတ်တာ၊ပေါင်းနုတ်တာ၊ကောက်စိုက်၊ပျိုးနုတ်…
Read More » -
9 August
ရွှေကူမှာ ရွာပေါင်း ၈ ရွာက ပြည်သူရာချီစစ်ရှောင်နေရ
ကချင်ပြည်နယ် ရွှေကူမြို့အထက်ဘက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ် စစ်ကြောင်း ၂ ကြောင်းဝင်ရောက်ထိုးဝင်လာတဲ့အတွက် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ် လို့သိရပါတယ်။ လက်ရှိမှာ နောင်မိုရွာထဲကို မနေ့က ရေကြောင်းနဲ့ဝင်လာတဲ့ အင်အား ၇၀ ကျော်စစ်ကြောင်း နဲ့ ဒီနေ့မနက် ဝင်းမာရွာကိုကုန်းကြောင်းနဲ့ ဝင်လာတဲ့ အင်အား ၁၀၀ လောက်ရှိတဲ့စစ်ကြောင်းတွေကြောင့် ဧရာဝတီမြစ်တစ်ဖက်က ဇင်းဘုံ၊ ရေလှဲ၊ ဆင်တပ်၊ နောင်မို၊ သဘော်အင်းစတဲ့ကျေးရွာတွေ တိမ်းရှောင်နေရပြီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာတော့…
Read More » -
7 August
ကသိုဏ်းတောင်စစ်တပ်စခန်းတိုက်ခိုက်ခံရပြီးနောက် နမ့်မော်ရွာက အရပ်သားပြည်သူရာချီ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေ
ဖားကန့်မြို့နယ်မှာရှိတဲ့ နမ့်မော်နဲ့ ကသိုဏ်းတောင်စစ်တပ်စခန်းကုန်းကို ဒီနေ့မနက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာလာနေတဲ့အတွက် နမ့်မော်အနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့ အရပ်သားပြည်သူ ၄၀၀ ကျော်ဟာ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မှော်ရှန်ကျေးရွာဒေသခံ တွေဆီကနေ သိရပါတယ်။ အဲဒီ နမ့်မော်ဘက်က အရပ်သားပြည်သူတွေဟာ လက်ရှိဆိုင်းတောင်ကျေးရွာအုပ်စု၊မှော်ရှန်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ တိုက်ပွဲရှောင်လာကြတယ်လို့ မှော်ရှန်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုခုလို ပြောပါတယ်။ “စိမ်မြသုခကျောင်းမှာ နှစ်ဆယ်လောက်ရောက်ခဲ့တယ်၊မှော်ရှန်ကျောင်းမှာတော့…
Read More » -
Jul- 2023 -25 July
စစ်ကိုင်းတိုင်းဟာ လူသားချင်းစာနာထောက်ပံ့မှုအကူညီ လုံးဝမရရှိသေးဘူးဟုဆို
မြန်မာနိုင်ငံမှာ လူသားစာနာအကူအညီအလိုအပ်ဆုံးနဲ့အခက်ခဲဆုံးဒေသထဲမှာ စစ်ကိုင်းတိုင်းကအကူညီလိုအပ်ဆုံးဒေသဖြစ်ပေမယ့် ကူညီထောက်ပံ့မှုလုံးဝမရရှိသေးဘူးလို့ ပြီးခဲ့တဲ့ ဇူလိုင်၂၀ရက်နေ့က နိုင်ငံတကာမြန်မာ့ သတင်းအဖွဲ့ BNIက အွန်လိုင်းကနေ မိတ်ဆက်လိုက်တဲ့ သုတေသနစာတမ်းအရ သိရပါတယ်။ အဲ့ဒီစာတမ်းထဲမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၂၀၂၃ ခုနှစ်မေလ ၁၆ ရက်နေ့အထိစစ်ကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၁ဒဿမ ၅၆ သန်းကျော်ရှိပြီး အဲ့ဒီထဲမှာစစ်ကိုင်းတိုင်းက ခြောက်သိန်းခြောက်သောင်းကျော်နဲ့အများဆုံးဖြစ်တယ်လို့ BNI ရဲ့စာတမ်းမှာပါရှိပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူသားချင်းစာနာမူအကူအညီအလိုအပ်ဆုံးဒေသဟာစစ်ကိုင်းနဲ့မကွေးက အလိုအပ်ဆုံးဒေသဖြစ်တယ်လို့ နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့BNI ရဲ့စီမံခန့်ခွဲမူဒါရိုက်တာ ဒေါ်တင်တင်ညို က…
Read More » -
5 July
ကိုယ်ထူကိုယ်ထစနစ်နဲ့ နေရပ်ပြန်ခဲ့တဲ့ လိုင်ကာဇွပ်ဂျာဒေသခံများ အစားသောက်နဲ့နေရာထိုင်ခင်း ခက်ခဲနေ
မံစီမြို့နယ် မိုင်းခေါင်စစ်ရှောင်စန်းက လိုင်ကာဇွပ်ဂျာရွာဒေသံတွေဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ မိုင်းရှင်းလင်းရှင်းရေးလုပ်ပြီး နေရပ်ပြန်ခဲ့ကြပြီဖြစ်ပေမယ့် နေရာထိုင်ခင်းနဲ့ အစားအသောက် အခက်အခဲဆက်လက်ကြုံတွေ့နေရတယ်လို့ နေရပ်ပြန်စစ်ရှောင်များက ပြောပါတယ်။ ကိုယ်ထူကိုယ်ထစနစ်နဲ့ နေရပ်ပြန်နေထိုင်တာ ၂ လခန့်ကြာလာပြီဖြစ်ပေမယ့် ကူညီထောက်ပံ့ပေးမယ့် အဖွဲ့အစည်းမရှိတဲ့အပြင် နှစ်ကြာရှည်ပစ်ထားခဲ့တဲ့နေအိမ်တွေကိုလည်း ပြန်လည်ဆောက်လုပ်ဆောင်နိုင်ခြင်းမရှိသေးသေးတဲ့အတွက် နေရာထိုင်ခင်းနဲ့ စားဝတ်နေရေး ခက်ခဲနေတယ်လို့ နေရပ်ပြန်လိုင်ကာဇွပ်ဂျာကျေးရွာဒေသခံတစ်ဦး ခုလိုပြောပါတယ်။ “တချို့က မိုးကာတဲထိုးပြီးနေနေတယ်၊ တချို့ အိမ်တွေက နေလို့မရတော့တာကြောင့် ဆွေမျိုးတွေရဲ့ အိမ်တွေမှာ မှီခိုပြီး ပူးတွဲနေနေရတာတွေ၊ တချို့ကျတော့လည်း စပါးကျီ ၊ စပါးသိုက်တတွေထဲ ဖြစ်သလို ကြပ်ကြပ်တည်းတည်း နေပြီး ဖြတ်ကျော်နေကြပါတယ်”လို့…
Read More » -
3 July
နန့်သာကျေးရွာ လေးတံချောင်းတံတားမှာ စစ်တပ်က စစ်ဆေးမှုတင်းကြပ်နေပြီး သတ်ဖြတ်ခံရသူများရှိနေ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်ဒေသ နန့်သာကျေးရွာမှာရှိတဲ့ လေးတန်ချောင်းကူးတံတားပေါ်မှာ စစ်ကောင်စီတပ်က ဂိတ်ထိုင်ပြီး အစစ်အဆေး တင်းကြပ်နေတဲ့အပြင် အရပ်သားပြည်သူတွေကို သတ်ဖြတ်တာတွေရှိနေတယ်လို့ အင်းတော်ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ အင်အား ၁၀၀ ဝန်းကျင်က မတ်လကနေစပြီး လေးတန်ချောင်းတံတားပေါ်မှာ ဂိတ်အထိုင်ချပြီးတော့ ခရီးသွားပြည်သူတွေနဲ့ မော်တိတ်ဒေသခံတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတဲ့အပြင် သံသယရှိတဲ့သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတာတွေလုပ်နေတယ်လို့ မော်တိတ်ဒေသ အောင်းကုန်းကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “နန့်သာရွာထဲမှာသတ်ခံရတာ…
Read More » -
Jun- 2023 -21 June
နေရပ်ပြန် ရေကြည် စစ်ရှောင်ပြည်သူများအတွက် စာသင်ကျောင်းနှင့် ဆေးရုံ၊ ဆေးပေးခန်းမရှိသည့်အတွက် အခက်အခဲကြုံတွေ့နေရ
မြစ်ကြီးနားမြို့နယ် ရေကြည်(Hkasan) ကျေးရွာတွင် ပြန်လည်နေရာချထားသည့် စစ်ရှောင်များနှင့် နေရပ်ပြန်စစ်ရှောင်ပြည်သူများအတွက် စာသင်ကျောင်းနှင့် ဆေးရုံ၊ ဆေးခန်းများမရှိသောကြောင့် အဓိက အမျိုးသမီးများနှင့် ကလေးများ အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။ လက်ရှိ ရေကြည်ကျေးရွာတွင် မည်သည့်အစိုးရဘက်မှ စာသင်ကျောင်းများ ဖွင့်လှစ်ပေးခြင်းမရှိသေး သည့်အတွက်ကြောင့် …
Read More » -
20 June
စစ်ရှောင်ရက် ကြာမြင့်လာသည့် ဆားလင်းကြီး စစ်ရှောင်များ စားဝတ်နေရေးခက်ခဲလာ
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာအုပ်စုမှ ဒေသခံပြည်သူများ သုံးထောင်ကျော်က စစ်ရှောင်ကာလ ၁၀ ရက်ကျော်ခန့်ကြာမြင့်လာပြီဖြစ်သည့်အတွက် စားဝတ်နေရေးပိုမို ခက်ခဲလာကြောင်း အညာပစ်တိုင်း ထောင်လေးများအဖွဲ့ထံမှသိရသည်။ ဇွန်လ ၉ ရက်နေ့ ညောင်ပင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့သည့်နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့သည် ညောင်ပင်ကြီးကျေးရွာအုပ်စုကို…
Read More » -
20 June
ချီဖွေစစ်ရှောင်စခန်းတွင် ရာသီတုတ်ကွေး ဖျားနာသူများလာ၊ ကုန်စျေးနှုန်းအဆတန်မြင့်တက်မှုပြဿကြုံတွေ့နေရ
ချီဖွေမြို့ပေါ်ရှိ စစ်ရှောင်စခန်း ၂ နေရာတွင် မိုးတွင်းကာလ ဝင်ရောက်လာသည့်အတွက် ရာသီတုတ်ကွေး ဖျားနာသူ ပိုမိုများလာပြီး ဆေးဝါးကုသမှု အကူအညီိများလိုအပ်နေကြောင်းသိရသည်။ ယခု ဇွန်လဆန်းပိုင်း အတွင်းမှ စစ်ရှောင်စခန်း ၂ နေရာမှ စစ်ရှောင်များက ဝမ်းပျက်ဝမ်းလျှော၊ တုတ်ကွေး…
Read More » -
14 June
စစ်ရှောင် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့် ရှောက်မှုလိုအပ်နေ
ရွှေကူမြို့နယ် အရှေ့တောင်ဘက်ခြမ်းရှိ စစ်ရှောင် ကိုယ်ဝန်ဆောင် မိခင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ လိုအပ်နေကြောင်း သိရသည်။ စစ်ကောင်စီတပ်နှင့် KPDF တို့အကြား တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် ရွှေကူမြို့နယ် မံဝင်း၊ နောင်လတ်ကြီး၊ နန့်လန်၊ စီသာ၊ စီသောင်နှင့်အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၂ ရွာမှ စစ်ရှောင်များတွင် ကိုယ်ဝန်ဆောင်မိခင် ဦးရေ ၅၀ ခန့်ရှိသည့်အနက် အချို့မှာ တောတောင်များတွင် ခက်ခက်ခဲခဲဖြစ် မီးဖွားနေရသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ လိုအပ်နေကြောင်း…
Read More »









