စစ်ပြေးဒုက္ခသည်များ
-
Jun- 2023 -9 June
ကန့်ဘလူတွင် သုံးရက်အတွင်း စစ်ဘေးရှောင်၂ဦး မြွေပွေးကိုက်ခံရ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ဇွန်လ ၆ရက်နေ့မှ ၈ရက်နေ့အထိ သုံးရက်တာအတွင်း စစ်ဘေးရှောင် အမျိူးသား၂ဦး မြွေပွေးကိုက်ခံခဲ့ရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။ မြွေကိုက်ခံရသူများသည် ကိုးတောင်ဘို့တိုက်နယ်နှင့် ချပ်သင်းတိုက်နယ်က အသက် ၃၀ နှစ်အရွယ် ဒေသခံအမျိူးသားနှစ်ဦးဖြစ်ကြပြီး လက်ရှိမှာ မြွေဆိပ်ဖြေဆေး…
Read More » -
9 June
တကျော့ပြန် ကချင်တိုက်ပွဲ ၁၂ နှစ်ပြည့် စစ်ရှောင်အမျိုးသမီးများ၏ အသံများ
၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်ခဲ့သော ကချင်ဒေသတစ်ကျော့ပြန်တိုက်ပွဲသည် ယနေ့တွင် ၁၂ နှစ်ပြည့်ပြီဖြစ်သည်။ လက်ရှိအချိန်တွင် စစ်ရှောင်အများစုမှာ နေရပ်မပြန်သေးသလို နေရပ်ပြန်သောပြည်သူများသည်လည်း ပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့မှုအများအပြားလိုအပ်နေဆဲ ဖြစ်ကြောင်း သိရသည်။ ထိုသို့ စစ်ပွဲကြောင့်…
Read More » -
9 June
နေရပ်ပြန် မလိဆွတ်ယန်ကျေးရွာတွင် စာသင်ကျောင်းမဖွင့်နိုင်သဖြင့် မူလစစ်ရှောင်စခန်းသို့ ပြန်ရန် ဆုံးဖြတ်
မြစ်ကြီးနား – ဆင်ဘို လမ်းမပေါ်ရှိ မလိဆွတ်ယန်နေရပ်ပြန်ကျေးရွာတွင် စာသင်ကျောင်းမရှိသေးသောကြောင့် ကျောင်းသားရှိသော အိမ်ထောင်စုများသည် မူလစစ်ရှောင်စခန်းဖြစ်သည့် မြစ်ကြီးနား စီတာပူစစ်ရှောင်စခန်းတွင် ပြန်လည်နေထိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ မလိဆွတ်ဒေသခံပြည်သူများသည် ဆယ်စုနှစ်တစ်စုကြာ မြစ်ကြီးနားမြို့ စီတာပူ KBC စစ်ရှောင်စခန်းတွင် စစ်ဘေးရှောင် နေရာကနေ ယခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် နေရပ်ပြန်ခဲ့သည်။ သို့သော်…
Read More » -
6 June
နမ့်ဖက်ကာစစ်ရှောင်ပြည်သူများ ပြောင်းရွေ့နေထိုင်မည့် နေရာတွင် ရေအခက်အခဲရှိနေသည့်အတွက် အကူအညီ လိုအပ်နေ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ KBC စစ်ရှောင်စခန်းရှိ ပြည်သူများ ပြောင်းရွေ့နေထိုင်မည့် နေရာတွင် ရေအခက်အခဲရှိနေသည့်အတွက် အကူအညီလိုအပ်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။ KBC စစ်ရှောင်စခန်းမှ ပြည်သူများပြောင်းရွေ့နေထိုင်ရမည့် နမ့်ဖက်ကာ နယ်မြေ ၄ တွင် ရေအခက်ခဲများစွာရှိနေသေးကြောင်း…
Read More » -
5 June
ခင်ဦးတွင် စစ်ဘေးရှောင်ရင်း အဘွားအိုတစ်ဦး အမောဖောက်သေဆုံး
ခင်ဦးမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်ဝင်လာပြီး ကျေးရွာမီးရှို့မှုများကြောင့် စစ်ဘေးရှောင် ထွက်ပြေးရင်း အဘွားအိုတစ်ဦး အမောဖောက် သေဆုံးခဲ့ရသည်ဟု သိရသည်။ ဖြစ်စဉ်သည် ဇွန်လ ၄ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး အမောဖောက်သေဆုံးသွားသော အဖွားအိုမှာ မရမ်းအင်းကျေးရွာမှ အသက် ၆၆ နှစ်အရွယ် ဒေါ်ခင်မြဝင်းဆိုသူဖြစ်သည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိ သူတစ်ဦးကဆိုသည်။ “မနေ့ကမနက်ပိုင်းမှာဖြစ်သွားတာပါ…
Read More » -
May- 2023 -31 May
နေရပ်ပြန် ရွှေကူစစ်ရှောင်ကျေးရွာများတွင် စစ်တပ်ဝင်လာသဖြင့် ထပ်မံ ထွက်ပြေးနေရ
တိုက်ပွဲငြိမ်သက်သဖြင့် နေရပ်ပြန်သော ရွှေကူမြို့ အရှေ့တောင်ဘက်ခြမ်းရှိ ဒေသခံများသည် လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်းပြန်လည်ဝင်ရောက်လာမှုကြောင့် ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ စစ်ကောင်စီတပ် အင်အား ၈၀ ကျော်ပါသောစစ်ကြောင်းသည် မေလ ၂၉ ရက်နေ့ညပိုင်းက ရွှေကူမြို့နယ်၏ ငအိုးဘက်သို့ ဝင်ရောက်လာသောကြောင့် ပြန်လည်ထူထောင်ရေးလုပ်နေသည့် ရွှေကူမြို့ အရှေ့တောင်ဘက်ခြမ်းရှိ စစ်ဘေးရှောင်ရွာ…
Read More » -
29 May
ဒဘတ်ကျေးရွာတွင် စာသင်ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်
ဆယ်စုနှစ်တစ်ခုအကြာ စစ်ဘေးရှောင်ခဲ့ကြရသည့် ဝိုင်းမော်မြို့နယ် ဒဘတ်ကျေးရွာမှ နေရပ်ပြန် ပြည်သူများ ကျေးရွာတွင် မူလတန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ဒေသခံများမှ သိရသည်။ မေလ ၂၇ ရက်နေ့မှစပြီး စာသင်ကျောင်း ပြန်လည်ဖွင့်လှစ်ရန်အတွက် ပျက်စီးနေသည့် ကျောင်းဆောင်များအား ပြန်လည်ပြုပြင်နေပြီဟု ဒဘတ်ကျေးရွာ…
Read More » -
29 May
ကျွန်းလှနယ်တွင် စစ်ကြောင်းထိုးနေသဖြင့် ဒေသခံ တစ်သောင်းကျော် ထွက်းပြေးတိမ်းရှောင်နေရ
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်ရှိ ကုက္ကိုကုန်း နှင့် လွှတ်တိုက်ကျေးရွာ နှစ်ရွာတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာမီးရှို့ဖျက်ဆီးမှုများရှိနေသောကြောင့် ကျေးရွာ ၁၀ ကျော်မှ ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ ထံမှသိရသည်။ ယနေ့နံနက်ပိုင်း ၇နာရီမှစတင်၍ ကုက္ကိုကုန်းကျေးရွာကိုမီးရှို့ခဲ့ပြီးနောက်…
Read More » -
24 May
စစ်ကိုင်းမြို့နယ်ရှိ စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်အတွက် စားနပ်ရိက္ခာနှင့်သောက်သုံးရေ အရေးပေါ်လိုအပ်နေ
စစ်ကိုင်းမြို့နယ်ရှိ စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်အတွက် စားနပ်ရိက္ခာနှင့် သောက်သုံးရေ အရေးပေါ်လိုအပ်နေသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့မှ စတင်ကာ စစ်ကိုင်းတိုင်း ပဒူကျေးရွာအနီးတွင် စစ်ကောင်စီ တပ်မ ၃၃ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့များနှင့်…
Read More » -
24 May
စစ်ရှောင် ကလေးငယ်များ စာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းဆောင်ပြုပြင်ရန် ကူညီထောက်ပံ့မှုများ လိုအပ်နေ
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ရှောင်ကလေးငယ်များ စာသင်ကြားနိုင်ရေးအတွက် စာသင်ဆောင်ပြုပြင်ရန် ကူညီထောက်ပံ့မှု အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ ရေရှင်ကျေးရွာမှ ပြည်သူများ ထွက်ပြေးခိုလှုံနေသော စစ်ရှောင်စခန်းတွင် စာသင်ကျောင်း ၄ ကျောင်းဖြင့် အလယ်တန်းအထိ ဖွင့်လှစ်ထားကာ ကလေးငယ် ၂၀၀…
Read More »









