မြေယာနှင့် သဘာဝပတ်ဝန်းကျင်

  • Feb- 2024 -
    9 February

    နမ်ဆဘွမ်ကျေးရွာမှာ တရားမဝင်ရွှေတူးဖော်မှုတွေကြောင့် လယ်ယာစိုက်ခင်းများထိခိုက်ပျက်စီး

    ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်ထဲက နမ်ဆဘွမ်ကျေးရွာထဲမှာစက်ယန္တရားကြီးတွေအသုံးပြုပြီး တရားမဝင်ရွှေတူးဖော်မှုတွေပိုမိုများပြားလာနေတာကြောင့် ဒေသခံတွေရဲ့ လယ်ယာ၊စိုက်ခင်းတွေထိခိုက်ပျက်စီးလာတဲ့အပြင် ချောင်းတွေလည်း ပျက်စီးလာနေတယ်လို့သိရပါတယ်။

    Read More »
  • 7 February

    TNLA ကအတင်းအဓမ္မ ဘက်ဟိုးနဲ့တူးထားတဲ့ နေအိမ်ခြံဝင်းအမြန်ဆုံးဖြေရှင်းပေးဖို့ ဒေသခံများတောင်းဆို

    “အဲ့ကိစ္စ ကျနော်တို့က လူကြီးတွေကို တင်ပြတော့ သူတို့နဲ့ခေါ်ပြီး ရှင်းလင်းခိုင်းတယ်။ သူတို့တောင်းတဲ့ သိန်း ၅ ထောင်တော့ ကျနော်တို့ မြေကွက်နဲ့ ပြန်ရိုက်ကြည့်မယ်လေ၊ ဘယ်လောက်တန်ဖိုးရှိတယ်ပေါ့။ ဒါမှမဟုတ် သူတို့ကို အခုကျနော်တို့ မြေကွက်ရှာထားပေးတယ်။ မြေကွက်ပေးမယ်၊အိမ်အပါ အဲ့ဒါသူတို့ကိုခေါ်ပြီးပြောမှာပေါ့။ အဲ့အိမ်ပါတဲ့မြေကွက်ယူမယ်ဆိုလည်း ရတယ်။ ဒါမှမဟုတ် မြေကွက်မရချင်ဘူး။ ဒီမြေကွက်တန်ရာတန်ကြေး ကျနော်တို့တော့ ပေးရမှာပဲလေ ဒီနှစ်ခုပဲရှိတယ်။”

    Read More »
  • 1 February

    မြစ်ဆုံ တန်ဖရဲချောင်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြား လုပ်ငန်းရှင်တစ်ချို့ရွှေတူးဖို့ပြင်ဆင်နေ

    “တန်ဖရဲချောင်းရှိလို့ တန်ဖရဲရွာဖြစ်လာတယ်။ တန်ဖရဲချောင်းနဲ့မြစ် ဆုံရာမှာ အခုရွှေတူးဖို့လုပ်နေတယ်။ ရွာသားတချို့စုပေါင်းပြီး ဒီသမိုင်းဝင်နေရာမှာ ရွှေမတူးဖို့ ကန့်ကွက်ပြောဆိုခဲ့တယ်။ ဒါပေမဲ့ လက်မခံဘူး။ လုပ်ငန်းရှင်တွေဘက်က ရွာကိုယ်စားလှယ်တစ်ယောက်ရှာပြီး ရွာသားတချို့ရဲ့လက်မှတ်လိုက်ယူပြီး KIA ဆီ တင်ပြတယ်။ ဟိုဘက်ကလည်း ရွာသားတွေလက်ခံရင်တော့ တူးကြတော့ဆိုပြီး…

    Read More »
  • Jan- 2024 -
    23 January

    မြစ်ဆုံအနီးတစ်ဝိုက်မှာ ရွှေမတူးကြဖို့ ဒေသခံတွေ ကန့်ကွက်

    မြစ်ဆုံအနီးကျေးရွာတွေမှာ ရွှေတူးဖို့မြေကွက်ဝယ်သူတွေများလာတာကြောင့် ဒေသခံတွေစိုးရိမ်ပြီးတားမြစ်ချက်ဆိုင်းဘုတ်တွေကို မြစ်နားတစ်လျှောက်နဲ့ ကျေးရွာတွေထဲ လိုက်လံကပ်တဲ့လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း မြစ်ဆုံဒေသခံတွေဆီကနေ သိရပါတယ်။

    Read More »
  • Nov- 2023 -
    4 November

    ရွှေကူနယ် စီးသောင်ကျေးရွာအနီးမှာ လုပ်ငန်းရှင်တစ်ချို့ သတ္ထုခိုးတူးနေ

    ကချင်ပြည်နယ် ရွှေကူမြို့နယ် စီးသောင်ကျေးရွာအထက်ဘက် (ဒေသအခေါ် )ရွှေတောင်ဆိုတဲ့ တောင်ကုန်းပေါ်မှာလုပ်ငန်းရှင်လူတစ်စုက သတ္ထုခိုးတူးတာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းလောက်ကနေ စီသောင်ကျေးရွာနဲ့ ၄ မိုင်ကျော်ဝေးတဲ့ ရွှေတောင်ဆိုတဲ့ တောင်ကုန်းပေါ်မှာ အမည်မသိလူတစ်စုက ဒေသခံတွေကိုညှိနှိုင်းအသိပေးတာမျိုးမရှိပဲ သတ္ထုတူးဖော်နေတာဖြစ်ပြီး လက်ရှိမှာတော့စက်ယန္တရားကြီးတွေအသုံးပြုပြီး ကြီးကြီးမားမားလုပ်ဆောင်နေတယ်လို့စီသောင်ကျေးရွာနေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ရွှေတောင် တောင်ကုန်းပေါ်မှာလုပ်နေတာ ဘတ်ဖိုးတွေမြေသယ်ကားကြီးတွေနဲ့ကိုလုပ်စားနေတာ ဘယ်ကခွင့်ပြုချက်နဲ့လုပ်နေလဲတော့မသိဘူး။ ရွာကိုလည်းအသိမပေးဘူး ရပ်ရွာအတွက်လည်း ဘာအကြိုးမှမပြုဘူးတူးနေတာ”လို့ အသက် ၅၀ ကျော်အရွယ်ရှိတဲ့…

    Read More »
  • Sep- 2023 -
    20 September

    စစ်တပ်က မြေရှားလုပ်ကွက်တွေကို ကြိုတင်အကြောင်းကြားပြီး စစ်ဆေးတဲ့အတွက် ထိရောက်မှာ မဟုတ်ဘူးလို့ ဒေသခံများ ပြောဆို

    ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တွေကို စစ်ကောင်စီတပ်က ၁၀ ရက်ကျော် ကြိုတင်အကြောင်းကြားပြီးမှ ဝင်ရောက်စစ်ဆေးနေတဲ့အတွက် ကွင်းဆင်းစစ်ဆေးမှုမှာ ထိရောက်မှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကစပြီး မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တွေကို လာရောက်ကွင်းဆင်း စစ်ဆေးမယ့်အကြောင်း လုပ်ငန်းရှင်တွေကို ကြိုတင်အကြောင်းကြားထားပြီးနောက် စက်တင်ဘာလ ၁၀ ရက်နေ့ ရောက်လာပြီး ပန်ဝါဒေသက မြေရှားသတ္တုတွင်းတွေကို…

    Read More »
  • Aug- 2023 -
    11 August

    ဒွမ်ဘန်ရွာနဲ့မန်ပန်ရွာနားတစ်လျှောက် ရွှေတူးနေသူတွေအမြန်ဆုံးထွက်ခွာပေးဖို့ ဒေသခံတွေတောင်းဆို

    တနိုင်းသွား လီဒိုလမ်းမကျေးရွာတစ်လျှောက် လဝါးကျေးရွာအုပ်စု ဒွမ်ဘန်ရွာနဲ့မန်ပန်ရွာ ခမာချောင်းနားမှာ ရွှေတူတူးဖော်နေသူတွေအနေနဲ့ ဒီလ ၂၀ ရက်နေ့ အပြီးထွက်ခွာပေးကြဖို့ ဒေသခံတွေက တောင်းဆိုနေတယ်လို့ သိရပါတယ်။ ဒေသခံတွေအနေနဲ့ ဒီရွှေတူးဖော်နေတာတွေကို အမြန်ဆုံးရပ်တန့်ပြီး ထွက်ခွာပေးကြဖို့ ရပ်ကျေးတာဝန်ရှိသူတွေဦးဆောင်ပြီး  KIA ဘက်ကို နုတ်နဲ့သော်လည်းကောင်း စာအကြိမ်ကြိမ်တင်ပြီး တောင်းဆိုလာရာကနေ အဲဒီရွှေတူးဖော် နေသူတွေကို  KIA ဘက်က ဒီလ ၂၀ ရက်နေ့ နောက်ဆုံးထွက်ခွာပေးကြဖို့ သတိပေးထားပြီးဖြစ်ကြောင်း ဒေသခံတွေဆီ အသိပေးလာတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါပေမယ့် ဒေသခံတွေအနေနဲ့တော့ သတ်မှတ်ထားတဲ့ ၂၀ ရက်နေ့မတိုင်ခင်ဘဲ ရွှေတူးဖော်တာရပ်ပြီး အမြန်ဆုံးထွက်ခွာပေးကြဖို့ ဒီလ လဆန်း ၇ ရက်နေ့မှာဘဲ ဒွမ်ဘန်နဲ့မန်ပန်ရွာက ရပ်မိရပ်ဖနှစ်ဦးကနေ ထပ်မံသတိပေးထားတယ်လို့ဒွမ်ဘန်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ခုကသူတို့ရဲ့ စက်ပစ္စည်းတွေသိမ်းဖို့ အခွင့်ပေးထားတာဟုတ်တယ် အဲဒါကို ထွက်ဖို့လည်းပြင်ဆင်တာလည်း မရှိဘူး တူးဘဲဆက်တူးနေကြတာ ဒီတိုင်း ၂၀ ရက်နေ့ထိဆက်တူးရင် နေရာတော်တော်ပြောင်သွားတော့မှာ ဒေသခံတွေအတွက် ပိုနစ်နာလာမယ် အဲကြောင့် ကျနော်တို့ဘက်ကတော့ အမြန်ထွက်ပေးကြဖို့ပြောချင်ပါတယ်” လို့ပြောပါတယ်။ ဒွမ်ဘန်ရွာနဲ့မန်ပန်ရွာနားတစ်လျှောက် အရင်က လက်နဲ့တူးတဲ့ရွှေကျင်းတွေသာ ရှိခဲ့ပေမယ့်လို့ ပြီးခဲ့တဲ့နှစ်ကစပြီးတော့ ရွှေဆိုင်းကြီး အလုံး ၅၀ လောက်နဲ့ ရွာစပ်နားထိ တူးဖော်လာတာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။ ဒါ့အပြင် လက်ရှိ ရွှေတူးဖော်နေတဲ့နေရာဟာ ခမာချောင်းကနေတစ်ဆင့် ဒွမ်ဘန်ရွာ အိမ်ခြေ ၆၅၀ ကျော်နဲ့ မန်ပန်ရွာအိမ်ခြေ ၃၅၀  က ဒေသခံတွေရဲ့ လယ်ဧက တစ်ထောင်ကျော်အတွက် ခမာချောင်းကနေ သွယ်ယူတဲ့ ရေလွှဲဆည်မြောင်းဘေးတစ်လျှောက်မှာတူးဖော်နေကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ခုလိုရွှေတူးဖော်မှုတွေကြောင့် ဒေသခံတွေရဲ့ စာကျက်မြေမှာ ထိန်းကျောင်းတဲ့ ကျွှဲ၊နွား တွေအတွက်လည်း စားကျက်မြေပျောက်ဆုံးလာပြီး ကျွှဲ၊နွားတွေကဟာလည်း ရွှေတူးဖော်နေတဲ့ ကျင်းတွေမှာပြုတ်ကျသေဆုံးတာတွေဖြစ်လာနေတယ်လို့ ပြောပါတယ်။ “စားကျက်မြေထားတဲ့နေရာမှာလည်း…

    Read More »
  • 2 August

    မြစ်ဆုံဒေသမှာ လုပ်ငန်းရှင်တစ်ချို့ တားမြစ်နေရာသတ်မှတ်ပြီး နယ်မြေတိုးချဲ့လာတာကြောင့် ဒေသခံများ လုပ်ကိုင်စားသောက်ဖို့ ခက်ခဲလာ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထက်မှာရှိတဲ့ မြစ်ဆုံဒေသမှာ အာဏာရှိသူတွေက တားမြစ်နယ်မြေတွေသတ်မှတ်ပြီး နယ်မြေတိုးချဲ့သိမ်းယူမှုတွေပြုလုပ်နေတဲ့အတွက် ဒေသခံပြည်သူတွေ လုပ်ကိုင်စားသောက်ရေးမှာ အခက်အဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ် စစ်ကောင်စီအာဏာသိမ်းလိုက်တဲ့နောက်ကစပြီး မြစ်ဆုံဒေသကို ပြန်လည်မွမ်းမံပြင် ဆင်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်ငန်းရှင် ဦးယွပ်ဇော်ခေါင် နေရာယူပြီး စက်ယန္တရားကြီးတွေနဲ့ စတင်ရွှေတူးဖော်လာရာကနေ လက်ရှိချိန်မှာတော့ မြစ်ဆုံဒေသမှာ ပြည်သူတွေရဲ့…

    Read More »
  • Jun- 2023 -
    15 June
    အင်းတော်

    မိုးညှင်းနယ် ပင်လုံးကျေးရွာအနီး တရားမဝင် ရွှေတူးနေသည့် ဘတ်ဖိုး ၁၄ စီး ဖမ်းဆီးခံရ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာ နှင့် မော်ဟန်ကျေးရွာအနီးတွင် တရားမဝင် ရွှေတူးနေသည့် ဘတ်ဖိုး ၁၄ စီး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ နန့်စီးအောင်ဘက်မှ ဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ဇွန်လ ၁၃ ရက်နေ့ မော်ဟန်ကျေးရွာအနီးဝန်းကျင်နဲ့ ပင်လုံကျေးရွာနောက်ကြောတွင် တရားမဝင်…

    Read More »
  • 14 June

    ဖတ်မာချောင်းအနီး ရွှေတူးဖော်နေမှုများအား ဒေသခံများသွားရောက်ဖျက်ဆီး

    ပူတာအိုမြို့နယ် ဖတ်မာချောင်းအနီး ရွှေတူးဖော်မှုများကိုရပ်တန့်ပေးရန်  ဒေသခံများတောင်းဆိုနေသည့်ကြား ဆက်လက်လုပ်ကိုင်နေသော ရွှေလုပ်ကွက်များကို သွားရောက်ဖျက်ဆီးခဲ့ကြောင်း ဒေသခံများမှ သိရသည်။ မြစ်ကြီးနား– ပူတာအို ကားလမ်းဘေး ဖတ်မာကျေးရွာ၊ ဖတ်မာချောင်းတွင် ရွှေတူးဖော်ခွင့်သဘောတူညီမှု သတ်မှတ်ကာလကျော်လွန်လာသော်လည်း လုပ်ငန်းရှင်များသည် ရွှေတူးဖော်မှုရပ်နားပေးခြင်းမရှိသည့်အတွက် ဒေသခံ ၇၀ ဝန်းကျင်ဖြင့် ဇွန်လ ၁၂ ရက်နေ့တွင် ရွှေလုပ်ကွက်များအား သွားရောက်ဖျက်ဆီးပေးလိုက်ကြောင်း…

    Read More »
Back to top button