ကသာ
-
Aug- 2023 -23 Augustသတင်း
ကသာအမှတ် ၁ ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရ ရဲ ၁ ယောက်လက်ပြတ် ၃ ယောက်ကျည်ထိမှန်
စစ်ကိုင်းတိုင်း ကသာမြို့ အမှတ် ၁ ရဲစခန်းဝင်း ဒရုန်းနဲ့ပစ်ခတ်ခံရပြီး ရဲ ၁ ယောက်လက်ပြတ်ပြီး နောက်ထပ် ၃ ယောက်ကျည်ထိမှန်ထားတယ်လို့ ကသာကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၂၃ ရက် ဒီမနေ့မနက် ၆နာရီခွဲလောက်က ရဲစခန်းဝင်းမှာရှိတဲ့ ရဲဝန်ထမ်းလိုင်းခန်းနားမှာ ဒရုန်းနဲ့ ဗုံး၂ လုံးပစ်ချခံရတာဖြစ်တယ်လို့ ကသာမြို့ခံတစ်ယောက်က KNG ကိုပြောပါတယ်။ “မနက်အစောကြီး ဗုံး ၂ လုံးကွဲသံကြားရတယ်၊ တစခန်းလုံး ဆူညံပွက်လောရိုက်နေတာ၊ ရဲသုံးယောက် ထိသွားတယ်တဲ့ အရေးပေါ်ကားနဲ့…
Read More » -
17 Augustသတင်း
ကသာမြို့ပြင်စစ်တပ်ဂိတ် ပစ်ခတ်ခံရပြီး စစ်ကောင်စီဘက်က ၃ ဦးထိခိုက်ဒဏ်ရာရ၊ ပြည်သူ ၂ ဦးသေနတ်ထိမှန်
စစ်ကိုင်းတိုင်း ကသာမြို့ပြင်မှာရှိတဲ့စစ်တပ်ဂိတ် ဒီနေ့မနက် ၇ နာရီလောက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၃ ဦးထိခိုက်ဒဏ်ရာရပြီး ဂိတ်နားကဖြတ်လာတဲ့ ပြည်သူ ၂ ဦးသေနတ်ထိမှန်ထားတယ်လို့ ကသာ ဒေသခံတွေက ပြောပါတယ်။ ဩဂုတ်လ ၁၇ ရက်နေ့ မနက်ပိုင်း ပစ်ခံရတဲ့ အဲဒီဂိတ်ဟာ စစ်အင်အား ၂၀ လောက်တပ်စွဲနေထိုင်တဲ့ဂိတ်ဖြစ်ပြီး လမ်းသွားလမ်းလာပြည်သူများကို နည်းအမျိုးမျိုးနဲ့အခွန်ကောက်ခံနေတဲ့ ဂိတ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဂိတ်ကို ကသာ PDF ဘက်က ဒရုန်းနဲ့သွားပစ်တာ သူတို့ဘက်ကလည်း ပြန်ပစ်တော့ အဲမှာ ပန်းသွားချိုးပြီး ပြန်လာတဲ့ ဒေသခံအမျိုးသား ၂ ယောက်ကျည်ထိသွားတာ ဟုတ်တယ်”လို့ပြောပါတယ်။ ကျည်ဆံထိမှန်သူ အမျိုးသား ၂ ဦးမှာ ကသာမြို့ ရပ်ကွက် ၉၊ အပိုင်း ၄ မှာနေထိုင်သူများဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်နဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားနှစ်ဦးဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်အမျိုးသားမှာ ဦးခေါင်းကျည်ဆံထိမှန် ထားတဲ့အတွက် အသက်အန္တရယ်စိုးရိမ်ရပြီး မန်းလေးဆေးရုံကို…
Read More » -
15 Augustသတင်း
အင်းတော်မြို့တွင်း စစ်ဆေးရေးဂိတ်မှာ အမျိုးသမီးနှစ်ဦး ထပ်မံဖမ်းဆီးခံရ
စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ စစ်ကိုင်းဒေသကြီး အင်းတော်မြို့ထဲက စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ အမျိူးသမီး ၂ ဦးထပ်မံ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီးငယ် ၂ ဦးဟာ ကသာဘက်ကို မွေးနေ့ပွဲသွားပြီးအပြန် အင်းတော်အထွက်သံလမ်းနားမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “အသက် ၂၀ ကျော်အရွယ်ကောင်မလေးတွေပဲဟုတ်တယ်သူတို့က ကသာကို မွေးနေ့ပွဲသွားတာကသာကနေအပြန်အင်းတော်မြို့ထဲက ပညာရေးမှူးရုံးရှေ့မှာဖမ်းခံလိုက်ရတာ”လို့ သူကပြောပါတယ်။…
Read More » -
14 Augustသတင်း
စစ်ကောင်စီအရာရှိတစ်ချို့နဲ့ လက်နက်ခဲယမ်းတွေတင်လာတဲ့ယာဥ်တန်း အင်းတော်နယ်မှာတိုက်ခိုက်ခံရ၊ ကားတစ်စီးပျက်စီး
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ကနေ အင်းတော်မြို့ ဘက်ကိုတက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကားနှစ်စီး အင်းတော်နယ်အဝင်မှာ တိုက်ခိုက်ခံလိုက်ရတာဖြစ်ပြီး ကားတစ်စီးပျက်စီးသွားသလိုစစ်ကောင်စီတပ်ဘက်က အထိအခိုက်လည်းများတယ်လို့ အင်းတော်ကာကွယ်ရေးတပ်တွေကနေ သိရပါတယ်။ အဲဒီစစ်ကား ၂ စီးမှာ စစ်ကောင်စီတပ်အရာရှိအချို့နှင့် လက်နက် ခဲယမ်းတွေတင်လာတာဖြစ်ပြီး မနေ့ည ၁၀…
Read More » -
4 Augustသတင်း
ကသာမှာ ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံး
စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ၁၀နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ မနေ့မနက်ပိုင်း ၉နာရီဝန်းကျင်မှာ ကလုံရွာမှာ စစ်ကောင်စီတပ်တွေက ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်း အင်းရွာတိုက်နယ်အုပ်စုဘက်ကို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာ ဖြစ်ပြီးတော့ အင်းရွာအုပ်စုဦးစောကျွန်းရွာက ကလေးငယ်သေဆုံးခဲ့ရတာလို့ ကသာမြို့နယ်ကကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။ “ကလုံမှာရွာကအဖွဲ့တွေက သူတို့ရဲ့အရှေ့ဘက်ကမ်း ကလုံနဲ့မျက်နှာချင်းဆိုင်ရွာ…
Read More » -
Jun- 2023 -19 Juneတိုက်ပွဲ
မိုးတားတိုက်နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF တို့ကြား စစ်ရေးတင်းမာမှုရှိနေ
ကသာခရိုင် မိုးတားတိုက်နယ်တွင် ကသာမြို့ဘက်မှ တက်လာသည့် စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်တပ် စစ်ရေးတင်းမာမှုရှိနေပြီး တိုက်ပွဲဖြစ်ပွားလာနိုင်ခြေရှိသည်ဟု သိရသည်။ ဇွန်လ ၁၇ ရက်နေ့ စစ်အင်အား ၆၀ ဝန်းကျင်ရှိသော ခမရ ၄၁၅ တပ်ဖွဲ့သည်…
Read More » -
2 Juneသတင်း
ကသာရှိ ကျေးရွာတစ်ရွာ မီးရှို့ဖျက်ဆီးခံပြီး နေအိမ် ၁၀၀ ကျော် မီးလောင်
ကသာမြို့နယ် ညောင်ခြေထောက်ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ဝင်ရောက်မီးရှို့ခဲ့သောကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။ ယမန်နေ့ မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ဘက်မှ ညောင်ခြေထောက် ကျေးရွာသို့ ဝင်ရောက်လာပြီး ထောက်ပို့ရွာဟုဆိုကာ…
Read More » -
1 Juneသတင်း
စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိသည့် အမျိုးသမီးတစ်ဦး လက်နှစ်ဖက်ဖြတ်လိုက်ရ
ထီးချိုင့်-ကသာအစပ်တွင် ဧရာဝတီမြစ်ကြောင်း သံခွန်မော်တော်ယာဉ်မှ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်ပြီး ဒေသခံ အမျိုးသမီးတစ်ဦး လက်နှစ်ဖက် ဖြတ်လိုက်ရကြောင်း သိရသည်။ စစ်အင်အား ၂၀၀ ဝန်းကျင်ရှိသော စစ်ကောင်စီ စစ်ကြောင်းသည် မေလ ၃၁ ရက်နေ့ ထီးချိုင့်မြို့နယ် နှင့် ကသာမြို့နယ်အစပ်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ရောက်ရှိလာပြီး ကမ်းဘက်သို့ လက်နက်ကြီးပစ်ခတ်နေသောကြောင့် အမျိုးသမီးတစ်ဦး…
Read More » -
May- 2023 -24 Mayတိုက်ပွဲ
မိုးတားတိုက်နယ်တွင် စစ်ကောင်စီ စစ်ကြောင်း ၅ ကြိမ် တိုက်ခိုက်ခံရပြီး အထိနာခဲ့
ကသာခရိုင်၊ မိုးတားတိုက်နယ်တွင် စစ်ကောင်စီတပ် ခမရ ၄၁၅ စစ်ကြောင်းသည် တပတ်အတွင်း ၅ ကြိမ်အထိ တိုက်ခိုက်ခံရသောကြောင့် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ကြောင်းသည် မေလ ၁၁ ရက်နေ့ တစ်ကြိမ်၊ ၁၈ ရက်နေ့ ၂ကြိမ်၊…
Read More » -
Apr- 2023 -25 Aprilသတင်း
ပေါက်ကွဲသွားသည့် လျှပ်စစ်ထွမ်စဖော်မာ ဝယ်ယူရန် ပြည်သူများထံမှ စစ်ကောင်စီ ငွေကြေးကောက်ခံနေ
စစ်ကိုင်းတိုင်းဒေသ ကသာမြို့ ရပ်ကွက် (၁)တွင် လျှပ်စစ်ထွမ်စဖော်မာတစ်ခု အပူလွန်ကဲမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ပြီးနောက် အစားထိုးရန် ကုန်ကျမည့် ငွေကြေး သိန်း ၇၀ အတွက် စစ်ကောင်စီအဖွဲ့သည် ဒေသခံပြည်သူများကို မထည့်မနေရ လိုက်လံကောက်ခံနေကြောင်း ဒေသခံများထံမှသိရသည်။ လက်ရှိတွင် အိမ်ထောင်စုတစ်ခုမှာ…
Read More »









