ကွတ်ခိုင်
-
Nov- 2023 -30 Novemberသတင်း
နမ့်ဖတ်ကာကျေးရွာမှာ လုံခြုံရေးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူနေအိမ်ထဲက တန်ဖိုးရှိပစ္စည်းများ ယူဆောင်နေ
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ လုံခြုံရေးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူနေအိမ်တွေထဲ ဝင်ရောက်မွေနှောက်ပြီး တန်ဖိုးရှိပစ္စည်းများနဲ့ ရွှေ၊ငွေတွေကို ယူဆောင်တာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေပြောပါတယ်။ နမ့်ခမ်းနဲ့ မူဆယ်တစ်ဝိုက် တိုက်ပွဲပြင်းထန်နေတဲ့အပြင် နမ့်ဖတ်ကာဘက်မှာလည်း စစ်တပ်ကလုံခြုံရေးတင်းကြပ်ထားပြီး နေ့တိုင်းဆိုသလိုကျေးရွာတစ်ဝိုက် လုံခြုံရေးယူရင်း ပြည်သူနေအိမ်တွေဆီ…
Read More » -
30 Novemberသတင်း
ကွတ်ခိုင်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် မိသားစုဝင် ၃ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာပြင်းထန်
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ခိုနောင်ကျေးရွာအုပ်စု တုံဆင်ကျေးရွာမှာရှိတဲ့ နေအိမ်တစ်အိမ်မှာလက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် မိသားစုဝင် ၆ ဦးထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ တုံဆင်ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာ ၂၈ ရက်နေ့ ည ၁၁ နာရီကျော်လောက်မှာ မိသားစုအားလုံးအိပ်ပျော်နေချိန် ကွတ်ခိုင်တပ်မ ၄၀၅ ကနေပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် မိသားစုဝင်…
Read More » -
29 Novemberသတင်း
ကွတ်ခိုင်မှာ စစ်တပ်သတင်းပေးဆိုသူ ပစ်သတ်ခံရ
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာမှာ စစ်တပ်သတင်းပေးဆိုသူတစ်ဦး ပစ်သတ်ခံရကြောင်း ခိုမုန်းဒေသခံတွေဆီကနေ သိရပါတယ်။ ပစ်သတ်ခံရသူဟာ ခိုနမ့်ဖတ်ကာ ခလရ ၁၂၃ နဲ့ နမ့်ခိုင်စစ်တပ်စခန်းတွေကို ပုံမှန်သတင်းပေးနေတဲ့ ဓါတ်ဆီဆိုင်ပိုင်ရှင်အမျိုးသား တစ်ဦး နိုဝင်ဘာ ၂၇ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲခန့်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်သတ်သွားတာဖြစ်…
Read More » -
15 Novemberသတင်း
ကွတ်ခိုင် ဒတ်နှိုင်းစစ်ကောင်စီတပ်စခန်းတိုက်ခိုက် သိမ်းပိုက်ခံရမှုမှာ စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲဒေသ ဒတ်နှိုင်း(Daknai) စစ်ကောင်စီ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က အင်အား ၃၀ ဦးခန့် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ ဒတ်နှိုင်းကျေးရွာအဝင်မှာ အခြေစိုက်ထားတဲ့ နမ့်ဖတ်ကာတပ်ခွဲ ခလရ (၁၂၃)တပ်ရင်းကို KIA တပ်ရင်း ၉ တပ်ဖွဲ့တွေက နိုဝင်ဘာလ ၁၂…
Read More » -
Oct- 2023 -30 Octoberသတင်း
သိန္နီတံတားကို ညီနောင်မဟာမိတ်အဖွဲ့တွေမိုင်းခွဲဖျက်ဆီးပြီးနောက် ကွတ်ခိုင် နဲ့ နမ့်ဖတ်ကာကြားက နမ့်ခိုင်တံတားကိုလည်း တိုက်ခိုက်နေလို့သိရ
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး–မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ သိန္နီတံတားကို ညီနောင် မဟာမိတ် ၃ ဖွဲ့က ဒီကနေ့ အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းမှာပဲ မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။ အခုလို သိန္နီတံတားမိုင်းခွဲဖျက်ဆီးခံရတာဟာ ရှမ်းပြည်နယ်အရှေ့ဘက်ခြမ်းနဲ့ ရှမ်းပြည်နယ်တောင်ဘက်ခြမ်း…
Read More » -
5 Octoberသတင်း
စစ်ကောင်စီတပ်ဟာ ခိုမုန်းရွာသားတွေကို စစ်ရိက္ခာပို့ခိုင်းနေ
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာအထက် မှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်တွေဟာ ခိုမုန်းရွာသားတွေကို အသုံချပြီး ပစ္စည်းရိက္ခာများ၊ သောက်ရေများ ပို့ဆောင်ခိုင်းနေတာကြောင့် ရွာသားတွေ လုံခြုံရေးအတွက်စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ခိုမုန်းတောင်ကုန်းတစ်ကြော စစ်ကောင်စီစစ်ကြောင်းတွေ နေရာယူနေပြီ။ အခုသူတို့က အဲ့ဒီနေရာမှာ…
Read More » -
Sep- 2023 -27 Septemberဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်း
နမ်ဖတ်ကာ တပ်စခန်းအနီးမှာ စစ်ကောင်စီတပ်က မိုင်းထောင်ထားလို့ ပြည်သူများ သွားလာရေးမှာ အခက်တွေ့
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအထိုင်ချ စစ်ကောင်စီတပ်က စခန်းဘေးပတ်ဝန်းကျင် ဒေသခံတွေ သွားလာလှုပ်ရှားတဲ့နေရာတွေမှာ မိုင်းထောင်ထားတဲ့အတွက် လုပ်ကိုင်စားသောက်ရေးနဲ့ သွားလာလှုပ်ရှားရေးမှာ အခက်တွေ့နေတယ်လို့ သိရပါတယ်။ နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းဟာ ရွာသားတွေနဲ့ကပ်ရပ်စခန်းကြီးတစ်ခုဖြစ်ပြီး တပ်စခန်းပတ်ဝန်းကျင် မိုင်းထောင်ထားတဲ့အတွက် ရွာသားတွေ လယ်ယာ၊ ခြံ အခင်း သို့ သွားလာရေးမှာ အသက်အန္တရာယ်စိုးရိမ်ရပြီး…
Read More » -
Aug- 2023 -17 Augustသတင်း
ရှမ်းမြောက်မှာ စစ်တပ်နဲ့ KIA တို့ တိုက်ပွဲပြင်းထန်နေ
ရှမ်းမြောက် ကွတ်ခိုင် နဲ့ နမ့်ဖတ်ကာကြား နမ့်ခိုင်တံတားအနီး စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေ တပ်မတော် KIA ဘက်က ကြားဖြတ်တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ် ၁၇ ရက်နေ့ ဒီနေ့ မွန်းလွဲပိုင်း ၁ နာရီခွဲလောက်မှာ ကွတ်ခိုင်ဘက်ကနေမူဆယ်ဘက်ကို ဦးတည်ချီတက်လာတဲ့စစ်ကောင်စီစစ်ကြောင်း အင်အား ၂၀၀ ခန့် ကို နမ့်ဖတ်ကာမရောက်ခင် နမ့်ခိုင်တံတားနားမှာ KIA ဘက်မှ ကြားဖြတ်တိုက်ခိုက်လိုက်ပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေပြောပါတယ်။ “အခု နမ့်ခိုင်ဂိတ်နား စစ်တပ်စစ်ကြောင်းနဲ့ KIA တိုက်ပွဲဖြစ်ပွားနေတယ်။ ခုလည်း ပစ်နေကြတုန်း။ မနက်ကတည်းက ကွတ်ခိုင်ဘက်ကနေ စစ်အင်အားတွေ ကားနဲ့ရော ခြေလျင်နဲ့ရောတက်လာတယ်ကြားတယ်။ အခုအဲ့ဒီစစ်ကြောင်းကို KIA ဘက်က ပစ်ခတ်တာလို့ကြားတယ်။ လက်နက်ကြီးတွေလည်းပစ်နေတယ်။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။ နမ့်ခိုင်တံတား စစ်တပ်ဂိတ်နား စစ်ကောင်စီစစ်ကြောင်း ပစ်ခတ်တိုက်ခိုက်ခံနေရပြီး နမ့်ဖတ်ကာ ခလရ ၁၂၃ ကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူနေတယ်လို့ ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာမနေ့မှ လားရှိုးဘက်ကနေ စစ်ကောင်စီ စစ်ကား ၅၀ လောက်နဲ့ချီတက်လာတာဖြစ်ပြီး အင်အားထက်ဝက်လောက်က ၀ပြည်ဘက်လမ်းသို့ ဦးတည်သွားပြီး ကျန်အင်အားတစ်ဝက်က ကွတ်ခိုင်မူဆယ်ဘက်သို့ ဦးတည်ချီတက်လာတာ ဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ “မနေ့ကတည်းက လားရှိုးဘက်ကနေ စစ်အင်အားတွေ ပြန်ချီတက်လာတယ်ကြားတယ်။ အဲ့ထဲက တချို့က လောက်ကိုင်ဘက် ၀ပြည်လမ်းဘက်ကို သွားလိုက်တယ်ပြောတယ်။ အဲ့ဒီ အင်အား ၂၀၀ လောက်က ဒီဘက်ကွတ်ခိုင်မူဆယ်ဘက်ကို ချီတက်လာတာဟုတ်တယ်။ စစ်တပ်ကတော့ အဆက်မပြတ်အင်အားတွေ ပို့နေတုန်းအခြေအနေပေါ့” ဟု ၎င်းကဆက်ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ စစ်အင်အား ၂၀၀ လောက်နဲ့ခြေလျင်စစ်ကြောင်းနဲ့ စစ်ယာဉ်တန်းအပါအဝင် ကုန်ကား ၁၂ ဘီးကားတွေမှာလည်းတစ်ချို့လိုက်ပါစီးနင်း ပြီး ချီတက်နေတယ်လို့…
Read More » -
4 Augustသတင်း
ရှမ်းမြောက်မှာ ပြီးခဲ့တဲ့တစ်လတာအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အရပ်သား ၆ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာပြင်းထန်
ရှမ်းမြောက်ဒေသ ကွတ်ခိုင်-နမ့်ဖတ်ကာ-မူဆယ် စတဲ့ ပြည်တောင်စုကားလမ်းတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ TNLA တို့အကြား ပြီးခဲ့တဲ့တစ်လတာတိုက်ပွဲမှာ အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကနေစပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကြားတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် တစ်ဆက်တည်းမှာဘဲ ဇူလိုင် ၂၃ ရက်နေ့မှစပြီး စစ်တပ်နဲ့ TNLA တို့ ဆက်လက်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ တိုက်ပွဲအတွင်း နမ့်ဖတ်ကာ ခ.လ.ရ ၁၂၃ စစ်ပတ်မှ လက်နက်ကြီးဆက်တိုက်…
Read More » -
1 Augustသတင်း
စစ်တပ်က သတ်ဖြတ်မီးရှို့လိုက်တဲ့ ကချင်လူငယ် ၂ ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ
ရှမ်းမြောက် မူဆယ်နဲ့ ကွတ်ခိုင်ကြား တီးမား(Dima) ကျေးရွာက ကချင်လူငယ် ၂ ဦး ကို စစ်တပ်ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းကို မီးရှုံ့အလောင်းဖျောက်ထားခဲ့ပေမယ့် ဒေသခံတွေ မနေ့က တွေ့ရှိခဲ့ပြီဖြစ်တယ်လို့ တီးမားဒေသခံတွေကပြောပါတယ်။ တီးမား(Dima) ကျေးရွာ KBC ကချင်အသင်းတော်တွင်း တက်ကြွပါဝင်လှုပ်ရှားနေတဲ့ အဲ့ဒီလူငယ် ၂ ဦးကို စစ်တပ် ဇူလိုင်လ ၂၅ ရက်နေ့ မတရားဖမ်းဆီးသွားပြီးနောက်တစ်ပတ်အကြာမှာ ဇူလိုင် ၃၁ ရက်နေ့မှာ သတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်ထားတဲ့ နေရာကို ရှာတွေ့ခဲ့တာဖြစ်တယ်လို့ တီးမားဒေသခံတစ်ဦးက ခုလိုပြောပါတယ်။…
Read More »