စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား
,
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းနှစ်ခုဖြင့် ဝင်ရောက်စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ခဲ့သဖြင့် ဒေသခံ ၂ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ စောင် နှင့် အဝတ်အထည်များ လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ၁၈ ရက်နေ့ ကတည်းက စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်တောင်ဘက်ခြမ်း နှင့် မြောက်ဘက်ခြမ်းကို စစ်ကြောင်း နှစ်ခုခွဲကာ ဝင်ရောက်နေတာဖြစ်ပြီး ရွာပေါင်း ၁၀ ရွာထက်မနည်း နေအိမ် ၅၀၀ ကျော်ကို မီးရှို့ခဲ့သည်ဟု ဒေသခံများဆိုသည်။ “စစ်ဘေးရှောင်တွေအတွက်အဓိကက ဒီဘက်မှာတော်တော်အေးနေပြီ။ ညပိုင်းတွေဆိုရင် ဆောင်းတွင်းဆိုတော့ မြောက်လေကလည်းတော်တော်တိုက်တယ်။ ညပိုင်းဆိုအိပ်စရာနားစရာအတွက် နေရာထိုင်ခင်းဆောင်တွေလိုအပ်နေတယ်။ ယာယီနေထိုင်ဖို့ပေါ့ အခုက
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ပျဥ်ထောင်ကျေးရွာတွင် ပျူစောထီး၊ စစ်ကောင်စီ ပူးပေါင်းတပ် နှင့် နယ်မြေခံ ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးခန့် သေဆုံးကာ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့က ပျဥ်ထောင်ကျေးရွာတွင် ရောက်ရှိနေသော ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့များကို နယ်မြေခံကာကွယ်ရေးတပ်များမှ ဒရုန်းဖြင့်ပစ်ခတ်ခဲ့ပြီးနောက် တဲစုကျေးရွာ ဦးတည်လာတဲ့ အင်အား ၄၀ ပါ စစ်ကြောင်းနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရောင်နီပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ပျဥ်ထောင်ရွာက ပျူတွေ လုံခြုံရေးယူနေတဲ့အချိန် မြို့နယ် ပကဖက ဒရုန်းနဲ့ပစ်တယ် အောင်တော့မအောင်မြင်ခဲ့ဘူး။ အဲ့မှာအင်အား ၄၀
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးနယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦးပစ်သတ်ခံရပြီး ဒေသခံပြည်သူ ၃၀ ကျော်ကိုလည်း ဓားစာခံအဖြင့်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ဇူလိုင် ၁၇ ရက်နေ့တွင် ရေဦးမြို့မှ ခင်ဦးမြို့နယ်အတွင်းသို့ စစ်အင်အား ၁၀၀ ကျော်ခန့်အပါ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် အင်တိုင်းလေးတောင်ရွာအနီးရှိ အုတ်စပ်ကျေးရွာအတွင်း ဝင်ရောက်လာခဲ့သည့်နောက်ပိုင်း အရပ်သားပြည်သူများကို ဖမ်းဆီးမှုများ စတင်ပြုလုပ်ခဲ့သည်ဟု ခင်းဦးမြို့နယ် PDF မှတာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။ "အုတ်စပ်ရွာက ပြည်သူ ခြောက်ဦးကိုအရင်ဦးဆုံးဖမ်းတယ်။ ဖမ်းပြီးတော့
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ကံသစ်ကျေးရွာအနီးတွင် ဒုရဲမှူးစိုးထွဋ်ခေါင်အပါအဝင် ပျူစောထီးတို့အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် ဒုရဲမှူးအပါ ပျူစောထီး ၁၄ ဦး အထိသေဆုံးခဲ့ပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ စစ်ကူအဖြစ် တက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ကံသစ်ကျေးရွာမှ ၉တန်းကျောင်းသားတစ်ဦးကို သတ်ပစ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ဇွန်လ ၂၂ ရက် ယမန်နေ့တွင် ခင်ဦးမြို့မှ ရေဦးမြို့သို့သွားသည့် ရေဦးရဲစခန်း ဒုရဲမှူးစိုးထွဋ်ခေါင်ပါဝင်သော ကားလမ်းကြောင်းကို N.L.G.R.Fအဖွဲ့၊ ရောင်နီပြောက်ကျားတပ်ဖွဲ့၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် အခြား
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ကြို့ကန်ကျေးရွာကို စစ်ကောက်စီတပ်က ဇွန်လ ၁၄ရက်နေ့ ဒုတိယ အကြိမ်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံပြည်သူများ ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှသိရသည်။ ခင်ဦးမြို့တွင်း ရွှေဘိုလေ့ကျင့်ရေးတပ်မှ စစ်အင်အား ၁၀၀ နီးပါးခန့်ရှိသည့် စစ်ကား ၄စီး ယာဉ်တန်းသည် ယမန်နေ့ ညနေပိုင်း ၆နာရီဝန်းကျင်မှစတင်ကာ ကြို့ကန်ရွာအတွင်းသို့ဝင်ရောက်လာပြီး လူနေအိမ်များကိုများကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သို့ပြောသည်။ "သူတို့က စုစုပေါင်းကားလေးစီးနဲ့လာတယ်။ ရွှေဘို-မြစ်ကြီးနားလမ်းကနေ လက်နက်ကြီးတွေနဲ့လှမ်းထုပြီးတော့ဝင်လာတယ်။ ကားလမ်းနဘေးမှာရှိတဲ့
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကံသစ်ကျေးရွာတွင် စစ်ကောင်စီတပ် မီးတင်ရှို့နေပြီး အနီးဝန်ကျင်ရှိ ကျေးရွာ ခုနှစ်ရွာမှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ဇွန်လ ၆ ရက်နေ့ နောက်ပိုင်း ခင်ဦး ညောင်ကြီးစုရွာနှင့် အင်တိုင်းရွာဘက်တွင် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ယနေ့ မွန်းလွဲ ၂ နာရီခန့်မှ စတင်ကာ ကံသစ်ရွာကို မီးရှို့နေသောကြောင့် အနီးနား ကျေးရွာများသည်လည်း ထွက်ပြေးနေရကြောင်း ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သို့ ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် သာဂရကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှီု့ဖျက်ဆီးခဲ့ပြီးနောက် ပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ဇွန်လ ၃ရက်နေ့ ညပိုင်းက အင်အား ၁၅၀ ကျော်ခန့်ဖြင့်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် သာဂရကျေးရွာအတွင်းသို့ တပ်စွဲနေထိုင်နေပြီး ယနေ့နံနက် ၇ နာရီခန့်မှ စတင်ကာကျေးရွာအတွင်းရှိလူနေအိမ် များကိုစတင်မီးရှို့ဖျက်ဆီးနေပြီး လတ်တလော သာဂရကျေးရွာအပါအဝင် ကျေးရွာရွာ ၅ ရွာမှ ပြည်သူ သုံးထောင် ကျော်သည် စစ်ကောင်စီတပ်၏
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူ ၄၀၀၀ နီးပါးအတွက် ယာယီတဲများ တည်ဆောက်ပေးရန် လိုအပ်နေကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရသည်။ မေလ ၂၉ ရက်နေ့က ရေဦးမြို့မှ စစ်ကားသုံးစီးနှင့် ပျဉ်ထောင်ကျေးရွာ မှ ပျူစောထီးအင်အား ၈၀ ခန့်ဝင်ရောက်လာပြီး သရက်ကုန်းကျေးရွာအတွင်းရှိ လူနေအိမ် ၇၅ လုံးနှင့် ဗလီဘုရားကျောင်းဆောင်တစ်လုံးတို့ကိုမီးတင်ရှို့ခဲ့သည့်အတွက် ခင်ဦးနယ်တွင် မီးဘေးသင့် လူဦးရေး ၄၀၀ နီးပါးမီးဘေးသင့်ခဲ့ပြီး ယခင်က ကျန်ရှိနေသေးသည့် မီးဘေးသင့်ပြည်သူ ၃၀၀၀
ခင်ဦးမြို့နယ် ကံသစ်ကျေးရွာတွင် စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ရာ သက်ကြီးရွယ်အိုတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်းသိရသည်။ မတ် ၂၅ ရက်နေ့တွင် ည ၈ နာရီဝန်းကျင် ကံသစ်ကျေးရွာဘက်သို့ စစ်ကားလေးစီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းကို ကံသစ်ကျေးရွာမရောက်မှီလမ်းခုလတ်နေရာတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အထိနာခဲ့သောကြောင့် ကံသစ်ကျေးရွာဘက်တွင် လက်နက်ကြီးယမ်းသမ်းပစ်ခတ်သည့်အတွက် အသက် ၇၀ ကျော်အရွယ် အဖိုးအိုတစ်ဦးလက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ကြောင်း ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ "သူတို့ကမနက်ကတည်းကနေစစ်ကြောင်းထိုးဝင်လာတာဗျ အဲ့စစ်ကြောင်းကို ကံသစ်ရွာမရောက်ခင်မှာ အဖွဲ့တစ်ဖွဲ့
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ တပ်သား ၁၉ ဦးသေဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း Khin U spupport Organization -KSO မှ သိရသည်။ စစ်ကောင်စီ တပ်သား အင်အား ၃၀ ခန့်သည် ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် ရွာသစ်ကုန်း လမ်းဘက်မှ ထွက်လာပြီး ရေဦး -ရွှေဘို လမ်းဆုံနေရာတွင် စစ်ဆေးရေးပြုလုပ်ရန်