စစ်ကိုင်းတိုင်းဒေသကြီး
-
Oct- 2024 -24 Octoberသတင်း
အင်းတော်မြို့နယ် စစ်ဘေးရှောင်တွေ ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေ
စစ်ကိုင်းဒေသကြီး၊ အင်းတော်မြို့အနီးဝန်းကျင် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ အင်းတော် PDF၊ ABSDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာ အင်းတော်မြို့ပေါ်အထိရောက်လာတာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လကတည်းက စစ်ဘေးရှောင်နေရတဲ့ အင်းတော်မြို့ခံပြည်သူ၊ မြို့နဲ့ နီးတဲ့ကျေးရွာတွေထဲက စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေတယ်လို့ အင်းတော်မြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “အခုကနှစ်လကျော်ပြီစစ်ရှောင်နေတာ တစ်လလောက်အထိကတော့မသိသာဘူး ခက်ခဲမှန်း ကြာလာတော့ တစ်နေ့တစ်နေ့ ဘာစားလို့ဘာသောက်ရမှန်းမသိဖြစ်နေကြတာ။ ရွာတွေကလည်းဒီလောက်အကြာပြီးမကျွေးနိုင်ဘူးလေ တစ်ချို့ လူငါးယောက်လောက်ကိုနို့ဆီဗူးနှစ်ဗူးသုံးဗူးလျော့စားနေရတယ်။ တချို့ဆန်ပြုတ်သောက်ရတဲ့ဘဝရောက်နေကြပြီဗျ။ ကျန်တာမထောက်ပံတောင်ဆန်လေးတော့တတ်နိုင်တဲ့လူဝင်ပြီးကူညီကြပါရှင့်”လို့ အသက် ၄၀ ကျော်အရွယ်အင်းတော်မြို့ခံစစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။ လတ်တလော စစ်ရှောင်နေတဲ့ စစ်ဘေးရှောင်နေတဲ့ ကျေးရွာတွေဟာ နားနောင်၊ ကျော်ရွာ၊ နားသဲ၊နဘား၊ နန့်ကင်စတဲ့ရွာပေါင်း ၂၀ ကျော်ဝန်းကျင် ပြည်သူ သောင်းဂဏန်း မော်တိတ်ဒေသ အောင်းကုန်း၊နန့်သာ၊ အင်ပင်စတဲ့ကျေးရွာတွေဘက်ကိုတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေဟာ ခက်ခက်ခဲခဲနဲ့စစ်ရှောင်နေကြပြီး စက်တင်ဘာလစလို့ ရာသီတုပ်ကွေးဖျားနာသူတွေများလာတာကြောင့် ဆေးဝါးအကူအညီတွေလည်း အရေးပေါလိုအပ်နေတယ်လို့ အင်းတော်မြို့ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “အားလုံးနီးပါးကမော်တိတ်ဒေသထဲ ရှောင်နေကြတာပဲ ဒီချိန်မော်တိတ်ဒေသကအေးနေပြီရာသီကူးရောင်းဆိုတော့ ဖျားတဲ့လူဖျား နှာစေးချောင်းဆိုးကတော့ကလေးလူကြီးအားလုံးဖြစ်နေကြတာ ဆေးကပါရာတောင်မရနိုင်ဘူး ဒီကသမားတော်တွေပေးတဲ့သစ်ဥသစ်ဖုတွေပြုတ်သောက်နေရတာပါ့”လို့ ပြောပါတယ်။ အင်းတော်မြို့နယ်ထဲဆေးဝါးသယ်ယူမယ်ဆိုခွင့်ကို အင်းတော်မြို့အဝင် စစ်ကောင်စီဂိတ်တွေ ခွင့်ပြုချက်ပြရမှသာ သယ်ခွင့်ရနေတာဖြစ်လို့ အင်းတော်နယ်ထဲဆေးဝါးသယ်ယူဖို့ခက်ခဲနေပြီး ဝယ်ယူဖို့လည်းခက်နေတယ်လို့ သိရပါတယ်။ အင်းတော်မြို့ကို စစ်ကောင်စီတပ်ကထိန်းထားဆဲဖြစ်တဲ့အတွက် မြို့ခံတွေနဲ့ ကျေးရွာနေပြည်သူတွေ ရွာထဲ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေဝင်ရောက်သယ်ယူဖို့ ခက်ခဲနေတာကြောင့် အကူအညီများစွာလိုအပ်နေတာလို့ ဆိုပါတယ်။ အင်းတော်မြို့ ရဲစခန်းကို ပြီးခဲ့တဲ့သြဂုတ်လက တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်သိမ်းထားပြီး လက်ရှိ အင်းတော်မြို့တွင်းအထိုင်တပ်စစ်တပ်ကုန်းတစ်ခုနဲ့မြို့နီး ဂျပန်လှိုင်ဂူသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ အင်းတော်မြို့နယ်ဟာ ကချင်နဲ့စစ်ကိုင်းအစပ်မှာရှိပြီး မြစ်ကြီးနား– မန္တလေးပြည်ထောင်စုလမ်းမပေါ်ရှိကာ စစ်ရေးအရ အချက်ချာကျတဲ့မြို့နယ်ဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Dec- 2022 -26 Decemberသတင်း
တန့်ဆည်နယ်တွင် ကျေးရွာ ၄ခုမှ နေအိမ် ၇ထောင်နီးပါးခန့် မီးရှို့ဖျက်ဆီးခံရ
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်တွင် ၄ ရက်အတွင်း ကျေးရွာပေါင်း ၆ ခုကို စစ်ကောင်စီအဖွဲ့က မီးရှို့ဖျက်ဆီးသွားပြီး လူနေအိမ် ၇ ထောင်နီးပါးခန့် မီးလောင်းပျက်စီးသွားသည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများအပါအဝင် အင်အား ၂၀၀ ကျော်ခန့်က ဒီဇင်ဘာလ…
Read More » -
3 Decemberတိုက်ပွဲ
အင်းတော်ရဲစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် နတ်မဟုတ်ကြီး သားအမိ ၄ ဦး ထိမှန်ပြီး သုံးဦး အခြေနေစိုးရိမ်ရ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် တောင်ဘက်ရှိ နတ်မဟုတ်ကြီးကျေးရွာဘက်ကို အင်းတော် ရဲစခန်းမှ စစ်သားများက လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ သားအမိ ၄ ဦး လက်နက်ကြီးထိမှန်ခဲ့ပြီး ၃ ဦး အခြေအနေ စိုးရိမ်နေရကြောင်း သိရသည်။ ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့ မွန်းလွဲ ၁…
Read More » -
Nov- 2022 -2 Novemberသတင်း
လေကြောင်းအကူနဲ့ ရေကြောင်းအားသာလာတဲ့ စစ်ကောင်စီတပ်
မြေပြင်မှာထိန်းချုပ်မူအားနည်းလာတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဧပြီလနှောင်းပိုင်းကစပြီး စစ်ကိုင်းတိုင်းဒေသအထက်ပိုင်း ကချင်ပြည်နယ်ဘက်ကို စစ်အင်အား၊ လက်နက်၊ ရိက္ခာ၊ လောင်စာဆီ၊ လေယာဉ်ဆီတွေကို ဧရာဝတီမြစ်ကြောင်းကို အဓိကအသုံးပြုလာတာ တွေ့ရပါတယ်။ “ဒီထိတက်လာဖို့ဆိုရင် စစ်ကိုင်းကဖြတ်ရမှာလေ အဲလမ်းတစ်လျှောက်သူတို့ဖြတ်လို့မလွယ်ဘူး ခနနတိုက်ခံနေရတော့ ရေကြောင်းကိုပိုအားသာလာကြတယ်။ ရေကြောင်းက သူတို့ကိုထိရောက်တဲ့တိုက်ခိုက်မူ မလုပ်နိုင်ဘူးဆိုတာ သိနေလို့…
Read More » -
2 Novemberတိုက်ပွဲ
မင်းကင်းနယ်တွင် စစ်ကောင်စီတပ်စခန်းတစ်ခုတိုက်ခိုက်ခံရပြီး ၅ ဦးအထက်သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် သေမသောက်ရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့တို့ ပူးပေါင်းနေထိုင်သည့် တပ်စခန်းတစ်ခုကို ဒေသကာကွယ်ရေးတပ်များစုပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း ၅ နာရီဝန်းကျင်…
Read More » -
Oct- 2022 -31 Octoberတိုက်ပွဲ
ကန့်ဘလူတွင် ၁၀ ရက်တွင်း စစ်ကောင်စီတပ် ၃၀ ဦးခန့်သေဆုံးပြီး ကာကွယ်ရေးတပ်ဘက်မှ ၄ ဦးဖမ်းဆီးခံရ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် အရှေ့တောင်ဘက်ခြမ်းရှိကျေးရွာများတွင် လှုပ်ရှားသွားလာနေသော စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်များ တိုက်ခိုက်မှုကြောင့် ၃၀ ဦးခန့် သေဆုံးခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဘက်က ၄ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ကန့်ဘလူဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့၆၀၀၆ စစ်ကြောင်းနှင့် ပျူစောထီး ၂၀၀ ဝန်းကျင်ဖြင့် ကန့်ဘလူမြို့နယ်အရှေ့တောင်ဘက်ခြမ်းကို သွားလာနေစဉ် ယနေ့အထိ ၁၀ ရက်တာအတွင်း…
Read More » -
12 Octoberသတင်း
ချောင်းဦးမြို့နယ် မယ်သဲကြိုးကွင်းကျေးရွာမှ နေအိမ် ၄၀ ကျော်မီးရှို့ခံရ
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်ရှိ မယ်သဲကြိုးကွင်းကျေးရွာတွင် ပြည်သူပိုင် နေအိမ်များ ၄၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများ ပြောသည်။ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်း ၇ နာရီဝန်းကျင်ခန့်တွင် အင်အား ၃၀ ကျော် စစ်ကောင်စီတပ်များကို လူသားဒိုင်းသဖွယ်ရှေ့မှသွားစေပြီး ၎င်းတို့နောက်တွင် အင်အား ၄၀ ခန့် ကပ်လိုက်လာကာ…
Read More » -
12 Octoberသတင်း
မုံရွာမြို့ စက်မူဇုန် အဝိုင်းပတ်အနီး စစ်ကောင်စီ ကား၃စီး မိုင်းဆွဲတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ စစ်မှုဇုန် အဝိုင်းပတ် ပန်းတံခွန် ကိုယ်ပိုင်ကျောင်းအနီးတွင် စစ်ကောင်စီ ကား ၃စီး မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးနိုင်သည်ဟု သိရသည်။ အောက်တိုဘာလ ၁၁ရက် ယမန်နေ့ နံနက်ပိုင်း ၇နာရီဝန်းကျင် …
Read More » -
11 Octoberသတင်း
ကန့်ဘလူ စစ်ဘေးရှောင်ပြည်သူများ မြွေအန္တရာယ်ကြုံတွေ့နေရပြီး ဆေးဝါးများလိုအပ်နေ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းတွင် စစ်ဘေးရှောင်သည့် ပြည်သူများ မြွေအန္တရာယ် ကြုံတွေ့နေရသဖြင့် မြွေဆိပ်ဖြေဆေးများအရေးပေါ်ကူညီပေးရန် လိုအပ်နေသည်ဟု စစ်ဘေးရှောင်ပြည်သူများထံမှသိရသည်။ စစ်ရှောင်များတွင် မြွေဆိပ်ဖြေဆေးများ မကျန်ရှိတော့သည့်အတွက် နောက်ထပ် မြွေကိုက်ခံရမှုများ ထပ်မံကြုံတွေ့ပါက အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေအထိ ဖြစ်လာနိုင်သည်ဟု စစ်ရှောင်ကူညီပေးနေသည့်…
Read More » -
6 Octoberသတင်း
ကန့်ဘလူမြို့နယ် ဇော်ချောင်း ရွာလုံးကျွတ်မီးရှို့ခံရ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဇော်ချောင်းကျေးရွာ တစ်ခုလုံး ယနေ့ နေ့လည်ခန့်တွင် မီးရှို့ခံလိုက်ရကြောင်း သိရသည်။ တပ်မ ၉၉ လက်အောက်ခံ ခမရ ၃၆၃ စစ်ကြောင်းမှ အင်အား ၇၀ ဝန်းကျင်ရှိကာ ယမန်နေ့ည လွင်ကြီးကျေးရွာတွင် ညအိပ်ပြီး ယနေ့ ဇော်ချောင်းကျေးရွာကို စစ်ကြောင်းပြန်ဝင်ကာ မီးရှို့နေခြင်းဖြစ်သည်ဟု…
Read More »