မုံရွာမြို့ စက်မူဇုန် အဝိုင်းပတ်အနီး စစ်ကောင်စီ ကား၃စီး မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ စစ်မှုဇုန် အဝိုင်းပတ် ပန်းတံခွန် ကိုယ်ပိုင်ကျောင်းအနီးတွင် စစ်ကောင်စီ ကား ၃စီး မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးနိုင်သည်ဟု သိရသည်။

အောက်တိုဘာလ ၁၁ရက် ယမန်နေ့ နံနက်ပိုင်း ၇နာရီဝန်းကျင်  စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ပါရှိသည့် စစ်ကား ၃စီးသည် မုံရွာမြို့နယ် မအူကျေးရွာမှ လူနေအိမ်များကို ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် အပြန်လမ်းတွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု FRE CHU တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

မနေ့က မနက်ပိုင်း ၇နာရီလောက်မှာ မအူကျေးရွာကို ကား ၃စီးနဲ့ ဧည့်စာရင်းတွေ ဝင်စစ်သွားကြတယ်။ ကျနော်တို့က သူတို့ရဲ့ အပြန်လမ်းကို စောင့်ကြည့်ရင်း နေ့လည် ၁၂ နာရီလောက်မှာ ရှေ့ဆုံးက အစီးကို အရင်ဆွဲလိုက်တာဟုတ်တယ်။ အဲ့နားသွားလာတဲ့ သူတွေပြောချက်အရဆို အနည်းဆုံး ၁၅ ယောက်လောက်က လမ်းပေါ်မှာ တုံးလုံးပက်လက်တွေဖြစ်နေတာတဲ့။ တစ်ချို့က လမ်ပြတ်တာတွေလည်းပါတယ်လို့ ပြန်ကြားရတယ်ဟုပြောဆိုသည်။

ပထမဆုံး ရှေ့ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နောက်ကလိုက်ပါလာသည့် ကား ၂စီးမှ စစ်ကောင်စီတပ်သားများ လက်နက်ငယ်များဖြင့် ဆက်တိုက် ရမ်းသမ်းပစ်ခတ်မှုများလည်း ရှိခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်ဆင်ရေးကို Farmer Revolution Force (မုံရွာခရိုင်တပ်ရင်း ၈,,၁၀)နှင့် Bravel Heart Army မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု သိရသည်။

Show More
Back to top button