တိုက်ပွဲသတင်း

အင်းတော်ရဲစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် နတ်မဟုတ်ကြီး သားအမိ ၄ ဦး ထိမှန်ပြီး သုံးဦး အခြေနေစိုးရိမ်ရ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် တောင်ဘက်ရှိ နတ်မဟုတ်ကြီးကျေးရွာဘက်ကို အင်းတော် ရဲစခန်းမှ စစ်သားများက လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ သားအမိ  ဦး လက်နက်ကြီးထိမှန်ခဲ့ပြီး  ဦး အခြေအနေ စိုးရိမ်နေရကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် အင်းတော်ရဲစခန်းမှ စစ်ကောင်စီတပ်များသည် နတ်မဟုတ်ကြီး ဘက်သို့ လက်နက်ကြီး ၄ လုံးအထိ ပစ်ခတ်ခဲ့ရာ နတ်မဟုတ်ကြီး လယ်တောဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် လယ်ခင်းရှိ သားအမိလေးဦး လက်နက်ကြီးထိမှန်ခဲ့ခြင်းဖြစ်ကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။

လက်နက်ကြီးတွေက နတ်မဟုတ်ကြီးရွာထိပ်က လယ်တောထဲကျတာ အဲ့မှာကောက်လှိုင်းစည်းနေတဲ့ သားအမိတွေ လက်နက်ကြီးစမှန်ကုန်တာ အမေကတော့သိပ်မစိုးရိမ်ရဘူး။ ကလေး လေးယောက်ကတော့ ဒဏ်ရာတွေစိုးရိမ်ရတယ်တဲ့။ ကလေးတွေက နားထင်တွေ ခေါင်းတွေ မှန်တယ်တဲ့” ဟု အင်းတော် PDF မှတာဝန်ရှိသူကပြောသည်။

လက်နက်ကြီး ထိမှန်သူလေးဦးတွင် ၄ နှစ်အရွယ်မိန်းကလေး တစ်ဦး၊ အသက် ၁၆ နှစ် နှင့် အသက် ၁၄ နှစ်အရွယ်ယောက်ျားလေး ၂ဦးနဲ့ မိခင်ဖြစ်သူ အသက် ၄၀ အရွယ်တို့ဖြစ်ပြီး လုံခြုံရေးအရ အမည်နာမများကို ဖော်ပြမထားခြင်း ဖြစ်သည်။

သားအမိလေးဦးကို လတ်တလော ဆေးကုသမှုပေးနေကြောင်းလည်း သိရသည်။

အင်းတော်ရဲစခန်းနှင့် နတ်မဟုတ်ကြီးကျေးရွာသည် ၂ မိုင်ကျော်အကွာအဝေးသာရှိပြီး စစ်ကောင်စီက ယခုကဲ့သို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုမျိုး မကြာခဏလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button