ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန် ဖမ်းဆီးခံထားရသည့် ကချင်ပြည်နယ်မှ ဝန်ကြီး ၄ပါးနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား မတ်လ ၃ ရက်နေ့ မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်းသိရသည်။ (more…)
စစ်အာဏာသိမ်း ဆန့်ကျင်သည့် သပိတ်တွင် ဦးဆောင်ခဲ့သည်ဟုဆိုကာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ည ဖမ်းဆီးခံထားရသည့် ပူတာအိုမှလူငယ်(၅)ဦးအား လာမည့် မတ်လ ၅ ရက်နေ့တွင် ပထမဆုံး ရုံးထုတ်မည်ဟု သိရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှပြောသည်။ (more…)
မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ လော်ဝေါ်နှစ်ခြင်းကျမ်းစာသင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်တို့ တွေ့ဆုံမည်အစီစဉ်ကို လော်ဝေါ်လူငယ်များက သွားရောက်ကန့်ကွက်သောကြောင့် အစီစဉ် ပျက်ပြယ်သွားခဲ့သည်ဟု သိရသည်။ (more…)
ကချင်ပြည်နယ်၊ ပူတာမြို့တွင် စစ်အာဏာရှင်စနစ်မလိုလားကြောင်း ဆန္ဒပြဖော်ထုတ်သော ဝန်ထမ်များကို ဖမ်းဆီးမှုများလုပ်လာသောကြောင့် စိုးရိမ်မှုများရှိနေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ (more…)
မြစ်ကြီးနား မန်ခရိန်ရပ်ကွက် (စက်မှုဇုံ) ပင်မလျှပ်စစ်ဌာနရုံးရှေ့ ဆန္ဒဖော်သော လူထုကို ရဲတပ်ဖွဲ့နှင့် စစ်သားများက ပစ်ခတ်ကာ ဖြိုခွင်းခဲ့သည်။ (more…)
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သောဆန္ဒပြပွဲတွင်ပါဝင်ဆန္ဒပြခဲ့သည့် ပူတာအို အ.ထ.က(၁) ကျောင်းမှ ကျောင်းဆရာ(၂)ဦးအား ရဲများက ရှာဖွေနေကြောင်း ပူတာအိုဒေသခံများထံမှ သိရသည်။ (more…)
တပ်မတော်က နိုင်ငံတော်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ (၁)ရက်နေ့မှစကာ တိုင်းရင်းသားနိုင်ငံရေးပါတီများအား 'နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ' တွင်ပါဝင်ရန် ကမ်းလှမ်းမူများရှိနေကြောင်း တိုင်းရင်းသားပါတီများထံမှ သိရသည်။ (more…)
စစ်အစိုးရမှ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်သော ကချင်ပြည်နယ်လူထုကို သေကြေထိခိုက်အောင်ပြုလုပ်လာမည်ဆိုပါက ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့်လည်း လူထုဘက်မှ ပါဝင်လာမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။ (more…)
(၆၀) နှစ်ပြည့် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ မိန့်ခွန်းတွင် မြန်မာစစ်တပ်၏ အာဏာသိမ်းမှုအကြောင်းတစ်စုံတစ်ရာ ဖော်ပြခြင်းမရှိသည့်အပြင် KIO အစိုးရဖွဲ့စည်းပုံနှင့် ဌာနဆိုင်ရာများအကြောင်းအရာကိုသာ ပိုမိုဖော်ပြခဲ့သည်။ (more…)
ကချင်ပြည်နယ်မှ ၂၀၂၀ ပါတီစုံရွေကောက်ပွဲတွင် ရွေးကောက်ခံအနိုင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အချို့ကျမ်းသစ္စာကျိန်ဆိုခြင်းအား ယနေ့ နေပြည်တောင်တွင် ပြုလုပ်ပြီးဖြစ်ကြောင်း ပြည်သူ့လွှတ်တော်အချို့ထံမှ သိရသည်။ (more…)