ဆယ်ဇင်း
-
Nov- 2023 -16 Novemberသတင်း
ဆယ်ဇင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဂိတ်ထိုင်ပြီး သွားလာခွင့်ပိတ်ထားတာကြောင့် ဒေသခံတွေအခက်တွေ့နေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်ထိုင်ပြီး အရပ်သားဖြတ်သန်းသွား လာခွင့်ကိုတားမြစ်ထားတာကြောင့် ဒေသခံပြည်သူတွေအခက်တွေ့နေတယ်လို့သိရပါတယ်။ စစ်ကောင်စီရဲနှင့် စစ်သားတွေဟာ ဆယ်ဇင်းကျေးရွာအနီးက ဘုရားငါးဆူရှေ့ ဖားကန့်– ဆယ်ဇင်း– ဟောင်ပါးကားလမ်းမပေါ်မှာ လွန်ခဲ့တဲ့ အပတ်ကတည်းကနေ အရပ်သားပြည်သူတွေဖြတ်သန်းသွားလာခွင့်ကို လုံးဝ တားမြစ်ထားတာကြောင့်…
Read More » -
Oct- 2023 -18 Octoberသတင်း
ဆယ်ဇင်းတာမခံမှာ စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် ကလေးငယ်တစ်ယောက် လက်နက်ကျည်ထိမှန်သေဆုံး
ဖားကန့် ဆယ်ဇင်း တာမခံကျေးရွာမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ယောက် လက်နက်ကြီးကျည်ထိမှန်ခဲ့ပြီး သေဆုံးသွားတယ်လို့ တာမခံဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၁၈ ရက် ဒီကနေ့ ညနေပိုင်း ၅…
Read More » -
Aug- 2023 -18 Augustသတင်း
ဆယ်ဇင်းမှာ SNA တပ်ပစ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ပြီး အရပ်သားပြည်သူ ၇ ဦး ဒဏ်ရာရရှိ
ဖားကန့်မြို့နယ်၊ ဆယ်ဇင်းတိုက်နယ်အပိုင်း နန့်ပုတ်ကျေးရွာဈေးတန်းဘက်ကို ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့က လက်နက်ကြီး ပတ်ခတ်လိုက်တဲ့အတွက် အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ “အိမ်ထဲကို တစ်လုံးကျတယ်၊ ဈေးတန်းထဲကို တစ်လုံးကျတယ်၊လက်နက်ကြီးနဲ့ပစ်တာပါဗျ“ဟု နန့်ပုတ်ကျေးရွာသားတစ်ဦးကပြောပါတယ်။ လက်ရှိမှာ လက်နက်ကြီးထိမှန်ပြီး…
Read More » -
11 Augustသတင်း
ပန်ရှီ စစ်ကောင်စီတပ်စခန်းကို KIA က ထပ်မံတိုက်ခိုက်သိမ်းပိုက်
ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရဲ့ အရှေ့တောင်ခြမ်းဘက်မှာရှိတဲ့ ပန်ရှီ (Pang Shi) စစ်ကောင်စီ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့က ထပ်မံသွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ အဲဒီတပ်စခန်းဟာ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်အင်အားအများအပြား တစ်စွဲနေထိုင်ထားတဲ့ တပ်စခန်းဖြစ်တဲ့အတွက် ဩဂုတ်လ ၁၀…
Read More » -
7 Augustသတင်း
ဆယ်ဇင်းကြိုးတံတားနားမှာရှိတဲ့ SNA တပ်စခန်းကို KIA ဘက်က ထပ်ပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့
ဖားကန့် ဆယ်ဇင်းကျေးရွာမှာရှိတဲ့ ကြိုးတံတားနားက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ဒီမနက် ၆နာရီဝန်းကျင်မှာ သွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။ ဒီနေ့မနက် နမ့်မော်နဲ့ကသိုဏ်းစစ်တပ်စခန်းဝင်ရောက်ချိန် တစ်ပြိုင်နက်ထဲမှာဘဲ ဆယ်ဇင်းရွာကြိုးတံတားနားမှာတပ်စွဲနေထိုင်တဲ့ SNA စခန်းကိုလည်း သွားရောက်တိုက်ခိုင်တာဖြစ်တယ်လို့ ပြောပါတယ်။ “ဒီမနက် စခန်း ၂ခုစလုံးကို သိမ်းနိုင်တဲ့အခြေနေဟုတ်တယ် ကသိုဏ်းရော ဆယ်ဇင်းက SNAစခန်းရော သိမ်းလိုက်တယ်ဆိုတာ မှန်ပါတယ်” လို့ပြောပါတယ်။ SNA တပ်စခန်းဝင်ရောက်တိုက်ခိုက်ရာမှာ အရာရှိ ၃ ဦးနဲ့သုံ့ပန်းတွေလည်း ဖမ်းဆီးရမိပြီးလက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိသွားတယ်လို့ ဒေသခံတွေ ဆယ်ဇင်းဘက်က ဒေသခံတွေပြောဆိုနေကြပေမယ့် ဒီအချက်လက်ကိုတော့ KNG အနေနဲ့သီးခြားအတည် ပြုနိုင်တာမရှိသေးပါဘူး။ KIA ဘက်က ဒီမနက်ထဲမှာဘဲ ဖားကန့်မှာရှိတဲ့ နမ့်မော်၊ကသိုဏ်းစစ်တပ်စခန်းအပြင် ဆယ်ဇင်း SNA စခန်းကိုဝင်ရောက်တိုက်ခိုက်တာဟာ ကသိုဏ်းတပ်စခန်းဘက်ကို စစ်ကူအနေနဲ့ဝင်ရောက်လာမယ့် စစ်ကောင်စီတပ်နဲ့SNA အဖွဲ့တွေကို တားဆီးတဲ့အနေနဲ့ သွားရောက်တိုက်ခိုက်တာ ဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ “အဓိကတော့ ဒီဘက်ကို စစ်ကူမလာနိုင်အောင် သွားတားတော့ဟုတ်တယ်။ဒါပေမယ့် လက်နက်ကိုင်ထားတဲ့တူတွေဆိုတဲ့ ကိုယ်ပစ်သူပစ်ပေါ့ သူတို့ဘက်က ထိခိုက်သေဆုံးသူများတယ်”လို့ပြောပါတယ်။ ဒီမနက် ကသိုဏ်တပ်စခန်းကိုသွားရောက်တိုက်ခိုက်တဲ့ KIA တပ်ရင်း ၆ နဲ့ဆယ်ဇင်း SNA စခန်းသွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ KIA တပ်ရင်း၂၆ ဟာ တပ်မဟာ ၉လက်အောက်ခံတပ်တွေဖြစ်ပါတယ်။ လက်ရှိ ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေက နမ်ဆန်ယန်ဘက်ကိုလည်း နေ့တိုင်းစစ်အင်အား ဖြည့်နေတဲ့အပြင် ဖားကန့်ဘက်မှာလည်း စစ်တပ်စခန်းထိခိုက်သေဆုံးတာတွေများလာတဲ့အတွက် စစ်တပ်ဘက်က လေကြောင်းအသုံးပြုလာနိုင်သောကြောင့် အရပ်သားပြည်သူများ သတိထားနေကြဖို့ကိုလည်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။
Read More » -
Jan- 2023 -26 Januaryတိုက်ပွဲ
ကားမိုင်း ဗျူဟာကုန်း နှင့် နန့်ဟိုင်တပ်စခန်း ၂ ခုအား KIA၊ PDF ပူးပေါင်းတပ်မှ သွားရောက်တိုက်ခိုက်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်း ဗျူဟာကုန်းနှင့် နန့်ဟိုင်တပ်စခန်း ၂ ခုအား KIA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ဇန်နဝါရီ ၂၆ ရက် ယနေ့နံနက် ၄ နာရီဝန်းကျင်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများမှ သိရသည်။ ကားမိုင်း…
Read More » -
5 Januaryသတင်း
ဆယ်ဇင်း စစ်ရှောင် ၂၀၀၀ နီးပါးအတွက် ဆေးဝါး အကူအညီလိုအပ်နေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ဆယ်ဇင်းဒေသခံ စစ်ရှောင်ပြည်သူ ၂၀၀၀ နီးပါးအတွက် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း သိရပါတယ်။ စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်လို့ ကျေးရွာမီးလောင်သွားတဲ့အတွက်ကြောင့် လက်ရှိ ဖားကန့်မြို့နယ်က မှော်ဘုံ (မဒဲ့ယန်)၊ မှော်စီဆာ၊ ဆိုင်းတောင်၊ ဟောင်ပါး၊ တာမခံ၊ နမ္မဖြစ်၊ လုံးခင်း စတဲ့ ကျေးရွာတွေမှာစစ်ရှောင်နေရတဲ့ ဆယ်ဇင်း ပြည်သူ…
Read More » -
Sep- 2022 -14 Septemberသတင်း
ဆယ်ဇင်းတွင် ဒုဗိုလ်မှူးကြီးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး မူးယစ်ဆေး ရှော့ဖြစ်ကာ သေဆုံး
ဖားကန့်မြို့နယ် ဆယ်ဇင်းတွင် စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး စိန်မင်းဒင် အပါအဝင် တပ်သား ၅ဦးသည် စက်တင်ဘာလ ၁၁ ရက်နေ့ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ရှော့ဖြစ်ကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဆယ်ဇင်းတွင် လက်ရှိတပ်စွဲနေထိုင်သည့် ခမရ ၁၁၆ တပ်မှ ဒု–ဗိုလ်မှူးကြီး စိန်မင်းဒင်၊ တပ်ကြပ် ၂ဦးနှင့် တပ်သား…
Read More » -
Aug- 2022 -25 Augustသတင်း
ဆယ်ဇင်းတွင် အရပ်သားပြည်သူ ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့ သတ်ဖြတ်
ဖားကန့်မြို့နယ် ဆယ်ဇင်းတွင် တပ်စွဲထားနေထိုင်သော စစ်ကောင်စီတပ်သည် ဩဂုတ်လ ၂၄ ရက်နေ့တွင် ကျေးရွာအတွင်း ပိတ်မိနေသော ဒေသခံ အမျိုးသား ၆ ဦးကို သတ်ဖြတ်ကာ ဥရုချောင်းထဲ ပစ်ချလိုက်သည်ဟု ထွက်ပြေး လွတ်မြောက်လာသူများထံ မှ သိရသည်။…
Read More » -
12 Augustစစ်ပြေးဒုက္ခသည်များ
ဆယ်ဇင်းတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွှေမှော်ကျေးရွာ ၂၀ မှ ပြည်သူများ ထွက်ပြေး တိမ်ရှောင်နေရ
ဖားကန့်မြို့နယ် ဆယ်ဇင်းတွင် စစ်ကောင်စီတပ်နှင့် SNA အဖွဲ့တို့ လက်နက်ကြီးများ အဆက်မပြတ် ရမ်းသမ်း ပစ်ခတ်နေ သောကြောင့် ဆယ်ဇင်း အနီးတဝိုက်ရှိ ရွှေမှော် ၂၀ ဝန်းကျင် မှ ပြည်သူ ၃၀၀ ကျော်ခန့် ဖားကန့်…
Read More »