ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် PDF အယောင်ဆောင်ကာ ဓါးပြတိုက်နေသူများကို ဖားကန့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် KPDF မှ ပူးပေါင်းကာ ဖမ်းဆီးထားကြောင်း သိရသည်။ စက်တင်ဘာ ၂၉ ရက်နေ့ ညနေ ၄နာရီဝန်းကျင် ဆိပ်မူကျေးရွာတွင်းရှိ KTV တွင် ရှောင်တခင်ဝင်ရောက်ကာ ဖမ်းဆီးလိုက်ကြောင်း သိရသည်။ "စုစုပေါင်း ၆ ယောက်ဖမ်းမိတာ စစ်ဆေးမြေးမြန်းတာတွေ ဆက်လုပ်မယ်"ဟု PDF နှင့် နီးစပ်သူက ပြောသည်။ အဆိုပါ PDF အယောင်ဆောင် ၆ ဦးနှင့်အတူ လက်နက်နှင့် ကျည်ဆံအချို့ကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။ ဖားကန့်ဒေသတွင် အာဏာသိမ်းပြီးနောက်ပိုင်း PDF အယောင်ဆောင်ကာ ငွေကြေးလိမ်လည်တောင်းမူဖြစ်စဉ် ဓါးပြတိုက်မူဖြစ်စဉ်များ မကြာခဏ ဖြစ်လေ့ရှိသည်။ ယင်းကဲ့သို့ PDF အယောင်ဆောင်ကာ လုပ်ဆောင်နေခြင်းများသည် PDF များအပေါ်
အောင်ဟိန်းမင်း ခေါင်းဆောင်သည့် KIA/PDFအဖွဲ့မှ ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက် မျောက်ဖြူကျေးရွာရှိ ဒေသခံလူငယ်အချို့ကို အတင်းအဓမ္မဖမ်းဆီးခေါ် ဆောင်သွားပြီး ငွေကြေးပစ္စည်းများအား လုယူသွားကြောင်းသိရသည်ဆိုပြီး သတင်းအမှား တစ်ခု ဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါသတင်းအမှားကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် ‘ဗလမင်းထင်’ ဆိုသည့် ဖေ့စ်ဘုတ်အကောင့်သည် “Manaw Myay” “Oo Sitt” “Kachin Land” အကောင့်များနှင့်အတူချိတ်ကာ ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။ ဖော်ပြထားသောအကြောင်းအရာတွင် “ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက် မျောက်ဖြူကျေးရွာရှိ ဒေသခံ လူငယ် ၁၆
ကချင်ပြည်နယ်၊ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်တွင် အောင်ဟိန်းမင်းခေါင်းဆောင်သည့် PDF အဖွဲ့မှ သေနတ်နှင့် လက်ပစ်ဗုံးကိုင်ဆောင်ကာ ပိုက်ဆံလုယက်ခဲ့သည်ဟု သတင်းအမှားဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါ သတင်းအမှားကို ‘ဗလမင်းထင်’ ဆိုသည့် ဖေ့စ်ဘုတ်အကောင့်နှင့်အတူ အခြားစစ်တပ်နှင့် ဆက်နွယ်သော အကောင့်များတွင် ချိတ်ဆက်ကာ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ဖော်ပြထားသော အသေးစိတ်အကြောင်းအရာမှာ “ကချင်ပြည်နယ် ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်၌ ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် အောင်ဟိန်းမင်း ခေါင်းဆောင်သည့် PDF အဖွဲ့မှ ပိုက်ဆံလုယက်၍
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာဘက်သို့ စစ်ရေးလှုပ်ရှားသွားလာသည့် စစ်ကောင်စီတပ်၏ စစ်ယာဉ်တန်းအဖွဲ့ ၂ကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက် ထိခိုက်မှုရှိကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ စက်တင်ဘာလ ၁၉ ရက် ယမန်နေ့ စပေါ့ကျေးရွာဘက်သို့ စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ပါရှိသည့် စစ်ကောင်စီတပ်သားများ အိမ်စီးကား ၂စီးအပါ စစ်ကား ၁၀ စီးခန့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးနောက် အပြန်တွင် ၂ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ဖားကန့် ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောသည်။ “စစ်ကား
ဖားကန့်မြို့နယ် နန့်ယားကျေးရွာ၏ စစ်ကောင်စီလက်အောက်ခံ လက်ရှိပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းထွန်းဦး ယနေ့နံနက် ၇နာရီခွဲဝန်းကျင် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ ဦးထွန်းထွန်းဦးသည် နန့်ယားစစ်တပ်ကုန်းမှ သူ၏ နေအိမ်သို့ ပြန်လာစဉ် အိမ်ခြံဝင်းအပေါက်ဝအရောက်တွင် ဆိုင်ကယ်ဖြင့် လူ ၂ဦး သေနတ်ပစ်သတ်သွားသည်ဟု နန့်ယားဒေသခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုသည်။ “သူက ညဆို တပ်ထဲ အိပ်ပြီး မနက်ဆို အိမ်ပြန်လာတာဟုတ်တယ်။ ဒီမနက်လည်း တပ်ကပြန်လာတယ် သူ့အိမ်အဝမှာ လူ ၂ယောက်က
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် ဆိုင်ကယ် ကယ်ရီပြေးဆွဲနေသည့် အမျိုးသားတစ်ဦး လည်ပင်းကြိုးတုတ်သတ်ဖြတ်ခံရပြီး သေဆုံးနေသည့်ရုပ်အလောင်းတွေ့ရှိရသည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။ ယနေ့ နံနက်ပိုင်း ၇နာရီဝန်းကျင် လုံးခင်းဂေါက်ကွင်းရှေ့ ပေါ်ဦးလမ်းကြားတစ်နေရာတွင် ကယ်ရီးသမားတစ်ဦး လည်ပင်းကြိုးတုတ်ပြီး သေဆုံးနေသည့်ရုပ်အလောင်းတွေ့ရှိရပြီး အဆိုပါ သေဆုံးသူ၏ ဆိုင်ကယ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်ပါ လုယူသွားကြောင်း လုံးခင်းကျေးရွာနေ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ “သတ်ခံရတာက ဘယ်အချိန်လောက်ဖြစ်မလဲမသိဘူး။ အလောင်းကိုတော့ မနက်မှ လမ်းဘေးမှာ လည်ပင်းကိုကြိုးနဲ့ တုတ်ပြီး သတ်ထားတာတွေ့ရတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရပ်ကွက် ၃ ရှိ ရွှေဆိုင်တစ်ခုတွင် စက်တင်ဘာလ ၁၅ရက်နေ့ ညနေပိုင်း ၄နာရီဝန်းကျင် ဓားပြတိုက်ခံရပြီး ငွေသားကျပ်သိန်း ၅၀၀ ကျော် လုယူသွားကြောင်း ဒေသခံများထံမှသိရသည်။ ဝေဖြိုးအောင် အမည်ရှိ ရွှေဆိုင်အတွင်းသို့ လူငယ် ၁၀ ဦးခန့်ဝင်ရောက်လာပြီး ‘အသံထွက်ရင် အသက်အန္တရာယ်ပြုမည်ဟု’ ခြိမ်းခြောက်ပြောဆိုကာ ရွှေသားမယူဘဲ ငွေသား သီးသန့် ဓားပြတိုက်ယူသွားသည်ဟု ရွှေဆိုင်နှင့်ရင်းသည့် အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ “အဲ့ဖြစ်တဲ့အချိန်မှာ
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာ (Maden Yang) ဒေသခံများကို နေရပ်ပြန်လာခြင်း မပြုသေးရန် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ ဘက်က သတိပေးထားသည်ဟု သိရသည်။ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စစ်ကောင်စီတပ်မှ စစ်ကား ၆ စီးဖြင့် မှော်ပုံကျေးရွာသို့ ဝင်ရောက်လာခဲ့ချိန် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မှော်ပုံဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရခြင်း ဖြစ်သည်။ ''မှော်ပုံကတော့ ရွာလုံးကျွတ်တိမ်းရှောင်နေရတုန်းဗျ။ စစ်သားတွေကမနေ့ကပဲလှည့်ပြန်သွားတာ။ ခုထိတော့ဘာသံမှ မကြားသေးဘူးငြိမ်နေတယ်။ ရွာသားတွေကိုတော့ KIA တပ်မဟာ ၉ ဘက်က မပြန်လာခိုင်းသေးတာ။ အခြေအနေ စောင့်ကြည့်နေတုန်းတဲ့ မငြိမ်သေးဘူး တိုက်ပွဲ ဖြစ်ရင်ဖြစ်လာနိုင်တဲ့ခြေနေမို့မပြန်လာကြသေးဖို့တားထားတယ် ဘယ်နေ့ထိဆိုတာလဲမသတ်မှတ်ထားဘူး''ဟု လုံးခင်းကျေးရွာသို့
ဖားကန့်မြို့နယ် ဆယ်ဇင်းတွင် စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး စိန်မင်းဒင် အပါအဝင် တပ်သား ၅ဦးသည် စက်တင်ဘာလ ၁၁ ရက်နေ့ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ရှော့ဖြစ်ကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဆယ်ဇင်းတွင် လက်ရှိတပ်စွဲနေထိုင်သည့် ခမရ ၁၁၆ တပ်မှ ဒု-ဗိုလ်မှူးကြီး စိန်မင်းဒင်၊ တပ်ကြပ် ၂ဦးနှင့် တပ်သား ၂ဦး စုစုပေါင်း ၅ဦး မူးယစ်ဆေးဝါးကြောင့် သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု ဆယ်ဇင်း ဒေသခံ အမျိုးသားတစ်ဦး KNG ကို ပြောသည်။ “သတင်းက မှန်ပါတယ်။ ဒု-ဗိုလ်မှူးကြီး စိန်မင်းဒင်နဲ့ သူအောက်က ၄ယောက် တစ်နေရာထဲမှာဘဲ သေဆုံးနေတယ်တဲ့။
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာကျေးရွာတွင် အိမ်ထောင်ရှိသည့် အမျိုးသမီးနှင့် တွဲနေသော မိန်းကလေးတစ်ဦးကို ခင်ပွန်းဖြစ်သူက မကျေနပ်၍ ဓားဖြင့် ခုတ်သတ်လိုက်ကြောင်း ဒေသခံများထံ မှ သိရသည်။ လူသတ်မှု ဖြစ်စဉ်မှာ စက်တင်ဘာ ၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မော်စီဆာကျေးရွာ စျေးကုန်းရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မခိုင်စုကြည် (ခ) ပါကျဲ အသက် (၂၈) နှစ်သည် အိမ်ထောင်သည် ဒေါ် အေးအေးအောင် အသက် (၄၂) ဖြစ်သူ နှင့် တွဲနေသည်မှာ အချိန်ကာလကြာပြီဖြစ်ပြီး မအေးအေးအောင်၏ အမျိုးသားဖြစ်သူ ကိုထွန်းနိုင်